အစ္စရေးဘုရင်အာခတ်မင်းကြီးကြောင့် ယုဒပြည်သားတို့သည် ထာဝရဘုရားအပေါ် သစ္စာမရှိ ဖောက်ပြန်မှားယွင်း၍ အထိန်းအကွပ်မဲ့ပြုမူကြ၏။ ထို့ကြောင့် ထာဝရဘုရားသည် ယုဒပြည်ကို နှိမ့်ချတော်မူ၏။
သုတ္တံကျမ်း။ 29:18 - မြန်မာ့စံမီသမ္မာကျမ်း ဗျာဒိတ်နိမိတ်မရှိလျှင် လူတို့သည် စည်းလွတ်ဝါးလွတ်ပြုမူတတ်ကြ၏။ ပညတ်တရားကိုစောင့်ထိန်းသောသူမူကား မင်္ဂလာရှိ၏။ Common Language Bible ဗျာဒိတ်တော်မရှိလျှင်၊ လူတို့သည် အကျိုးနည်း ဖြစ်ကြ၏။ တရားတော်ကို စောင့်သောသူမူကား မင်္ဂလာ ရှိ၏။ Garrad Bible ဗျာ ဒိတ် တော် မ ရှိ လျှင်၊ ပြည် သူ ပြည် သား တို့ ဖ ရို ဖ ရဲ ဖြစ် တတ် ကြ၏။ တ ရား ကို စောင့် ရှောက် သော သူ မူ ကား၊ မင်္ဂ လာ ရှိ၏။ Judson Bible ဗျာဒိတ်တော်မရှိလျှင်၊ လူတို့သည် အကျိုးနည်း ဖြစ်ကြ၏။ တရားတော်ကိုစောင့်သောသူမူကား မင်္ဂလာရှိ၏။ |
အစ္စရေးဘုရင်အာခတ်မင်းကြီးကြောင့် ယုဒပြည်သားတို့သည် ထာဝရဘုရားအပေါ် သစ္စာမရှိ ဖောက်ပြန်မှားယွင်း၍ အထိန်းအကွပ်မဲ့ပြုမူကြ၏။ ထို့ကြောင့် ထာဝရဘုရားသည် ယုဒပြည်ကို နှိမ့်ချတော်မူ၏။
တရားမျှတသောအမှုကိုစောင့်ထိန်း၍ ဖြောင့်မတ်သောအမှုကို အစဉ်အမြဲပြုကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။
ထာဝရဘုရား၏တရားတော်အတိုင်း အသက်ရှင်လျှောက်လှမ်း၍ စုံလင်သောတရားလမ်းကိုလိုက်သောသူတို့သည် မင်္ဂလာရှိကြ၏။
ကိုယ်တော်၏သက်သေခံချက်တို့ကို လိုက်နာကျင့်သုံး၍ ကိုယ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ရှာသောသူတို့သည် မင်္ဂလာရှိကြ၏။
၎င်းတို့အားဖြင့် ကိုယ်တော်၏အစေအပါးသည် သတိပေးခြင်းကိုခံရပါ၏။ ၎င်းတို့ကိုစောင့်ထိန်းခြင်းအကျိုးသည် ကြီးမားလှပါ၏။
အကျွန်ုပ်တို့၏အမှတ်လက္ခဏာများကို အကျွန်ုပ်တို့မမြင်ရပါ။ ပရောဖက်လည်းမရှိတော့ပါ။ မည်မျှအထိ ဤသို့ဖြစ်မည်ကိုသိသောသူလည်း အကျွန်ုပ်တို့ထဲတွင်မရှိပါ။
အာရုန်ကြောင့် ထိုသူတို့သည် ရန်သူတို့ကဲ့ရဲ့စရာဖြစ်အောင် အထိန်းအကွပ်မရှိပြုမူကြ၏။ ထိုသို့အထိန်းအကွပ်မရှိပြုမူနေကြသောလူတို့ကို မောရှေတွေ့မြင်သောအခါ
ပညတ်တော်ကိုစောင့်ထိန်းသောသူသည် မိမိ၏စိတ်ဝိညာဉ်ကိုစောင့်ထိန်းသောသူဖြစ်၏။ ကိုယ်တော်၏လမ်းတော်တို့ကို မထီမဲ့မြင်ပြုသောသူမူကား သေရလိမ့်မည်။
အစေအပါးကို စကားအားဖြင့်သာ ပဲ့ပြင်၍မရနိုင်။ သူသည် နားလည်သော်လည်း တုံ့ပြန်လိမ့်မည်မဟုတ်။
သို့ဖြစ်၍ သားသမီးတို့၊ ငါ့စကားကိုနားထောင်ကြလော့။ ငါ၏လမ်းများကိုစောင့်ထိန်းသောသူတို့သည် မင်္ဂလာရှိကြ၏။
ငါ့လူမျိုးတော်သည် အသိပညာမဲ့သောကြောင့် ပျက်စီးရလေပြီ။ သင်သည် အသိပညာကို ငြင်းပယ်သောကြောင့် သင့်ကို ယဇ်ပုရောဟိတ်အဖြစ်မှ ငါစွန့်ပယ်မည်။ သင်သည် ဘုရားသခင်၏ပညတ်တရားတော်ကို မေ့လျော့သောကြောင့် သင့်သားသမီးတို့ကို ငါမေ့လျော့မည်။
ကိုယ်တော်သည် လူထုပရိသတ်တို့ကိုမြင်လျှင် သူတို့သည် သိုးထိန်းမရှိသောသိုးများကဲ့သို့ ပစ်ထားခြင်းခံရ၍ စိတ်ပင်ပန်းနွမ်းနယ်နေကြသောကြောင့် သူတို့အပေါ်ကြင်နာစိတ်ရှိတော်မူ၏။
သို့ရာတွင် ကိုယ်တော်က“စင်စစ်ကား ဘုရားသခင်၏နှုတ်ကပတ်တရားကိုကြား၍ စောင့်ထိန်းသောသူသည် မင်္ဂလာရှိ၏”ဟု မိန့်တော်မူ၏။
ဤအရာများကို သင်တို့သိမှတ်၍ ထိုအတိုင်းကျင့်သုံးလျှင် သင်တို့သည် မင်္ဂလာရှိကြ၏။
သို့သော် လွတ်လပ်ခြင်းနှင့်ဆိုင်သောစုံလင်သည့်တရားတော်ကို သေချာစွာကြည့်ရှုလျက် စောင့်ထိန်းသောသူသည် ကြားနာ၍မေ့လျော့တတ်သူမဟုတ်ဘဲ လက်တွေ့လိုက်နာကျင့်သုံးသောသူဖြစ်၏။ ထိုသူသည် မိမိပြုသောအမှု၌ ကောင်းချီးမင်္ဂလာကိုခံစားရလိမ့်မည်။
မိမိတို့၏ဝတ်လုံများကိုလျှော်ဖွပ်၍ အသက်ပင်နှင့်သက်ဆိုင်ရသောအခွင့်ကိုရရှိကာ တံခါးများမှ မြို့ထဲသို့ဝင်ခွင့်ကိုရရှိသောသူတို့သည် မင်္ဂလာရှိကြ၏။
သူငယ်ရှမွေလသည် ဧလိထံပါး၌နေ၍ ထာဝရဘုရား၏အမှုတော်ကို ထမ်းဆောင်လျက်နေ၏။ ထိုနေ့ရက်များတွင် ထာဝရဘုရား၏နှုတ်ကပတ်တော် ရောက်လာခဲ၏။ ဗျာဒိတ်နိမိတ်လည်း နည်းပါးလှ၏။