အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




သုတ္တံကျမ်း။ 29:16 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ဆိုးယုတ်​သော​သူ​တို့​များပြား​လာ​သောအခါ အပြစ်​ကျူးလွန်​ခြင်း​သည်​လည်း များပြား​လာ​၏​။ သို့သော် သူ​တို့​၏​ပြိုလဲ​ခြင်း​ကို ဖြောင့်မတ်​သော​သူ​တို့​သည် တွေ့မြင်​ရ​ကြ​လိမ့်မည်​။

အခန်းကိုကြည့်ပါ။

Common Language Bible

မတရားသောသူတို့သည် များပြားသောအခါ၊ လွန်ကျူးခြင်းအပြစ်တိုးပွားတတ်၏။ သို့ရာတွင်၊ သူတို့ ပျက်စီးခြင်းကို ဖြောင့်မတ်သောသူတို့သည် မြင်ရကြ၏။

အခန်းကိုကြည့်ပါ။

Garrad Bible

လူ ဆိုး တို့ ထွန်း ကား ရာ ကာ လ၊ လွန် ကျူး မှု တိုး ပွား သော် လည်း၊ ၎င်း တို့ ပြို လဲ ခြင်း ကို၊ သူ တော် ကောင်း တို့ မြင် ရ ကြ လိမ့် မည်။

အခန်းကိုကြည့်ပါ။

Judson Bible

မ​တ​ရား​သော​သူ​တို့​သည် များ​ပြား​သော​အ​ခါ၊ လွန်​ကျူး​ခြင်း​အ​ပြစ် တိုး​ပွား​တတ်၏။ သို့​ရာ​တွင်၊ သူ​တို့​ပျက်​စီး​ခြင်း​ကို ဖြောင့်​မတ်​သော​သူ​တို့​သည် မြင်​ရ​ကြ၏။

အခန်းကိုကြည့်ပါ။



သုတ္တံကျမ်း။ 29:16
11 ပူးပေါင်းရင်းမြစ်များ  

သူ​၏​စိတ်နှလုံး​သည် တည်ငြိမ်​သည်​ဖြစ်၍ သူ​သည် မိမိ​၏​ရန်သူ​တို့​ကို အပေါ်စီး​မှ​ကြည့်မြင်​ရ​သည်​အထိ ကြောက်ရွံ့​ခြင်း​ရှိ​လိမ့်မည်​မ​ဟုတ်​။


ထာဝရဘုရား​ကို​စောင့်မျှော်​၍ ကိုယ်တော်​၏​လမ်း​ကို စောင့်ထိန်း​လော့​။ သို့ပြုလျှင် သင်​သည် ပြည်​တော်​ကို​အမွေဆက်ခံ​ရ​ရန် ကိုယ်တော်​သည် သင့်​ကို​ချီးမြှောက်​တော်မူ​လိမ့်မည်​။ ဆိုးယုတ်​သော​သူ​တို့​ဖယ်ရှား​ခြင်း​ခံရ​သည်​ကို သင်​မြင်​ရ​လိမ့်မည်​။


သို့သော် သူ​သည်​ကွယ်ပျောက်​သွား​၏​။ ကြည့်ရှု​လော့​။ သူ​မ​ရှိ​တော့​ပေ​။ သူ့​ကို ငါ​ရှာ​သော်လည်း မ​တွေ့​ရ​တော့​ပေ​။


ဖြောင့်မတ်​သော​သူ​သည် လက်စားချေ​ခြင်း​ကို​မြင်​ရ​သဖြင့် ဝမ်းမြောက်​လိမ့်မည်​။ သူ​သည် ဆိုးယုတ်​သော​သူ​၏​သွေး​၌ မိမိ​၏​ခြေ​ကို ဆေးကြော​လိမ့်မည်​။


သင်​သည် ဆိုးယုတ်​သော​သူ​တို့​အပေါ် ကျရောက်​သည့်​ပြစ်ဒဏ်​ကို သင့်​မျက်စိ​ဖြင့်​ကြည့်​၍ မြင်ရုံ​မျှသာ​ဖြစ်​လိမ့်မည်​။


အကျွန်ုပ်​၏​မျက်စိ​သည် အကျွန်ုပ်​ရန်သူ​တို့​၏​အဖြစ်​ကို​မြင်​ရ​ပါ​၏​။ အကျွန်ုပ်​၏​နား​သည်​လည်း အကျွန်ုပ်​ကို​ဆန့်ကျင်​လျက်​ထကြွ​သည့် ဆိုးညစ်​သော​အမှု​ကို​ပြု​သော​သူ​တို့​၏​အဖြစ်​ကို ကြား​ရ​ပါ​၏​။


အို ထာဝရဘုရား​၊ အကယ်စင်စစ် ကိုယ်တော်​၏​ရန်သူ​တို့​သည်​၊ အကယ်စင်စစ် ကိုယ်တော်​၏​ရန်သူ​တို့​သည် ပျက်စီး​ကြ​ရ​လိမ့်မည်​။ အပြစ်ဒုစရိုက်​ပြု​သော​သူ​အပေါင်း​တို့​သည်​လည်း ကွဲလွင့်​ကြ​ရ​လိမ့်မည်​။


ဖြောင့်မတ်​တော်မူ​သော​အရှင်​သည် ဆိုးယုတ်​သော​သူ​၏​အိမ်​ကို​မှတ်​၍ ထို​ဆိုးယုတ်​သော​သူ​တို့​ကို ပျက်စီး​ခြင်း​ထဲသို့ ပစ်ချ​တော်မူ​၏​။


ဖြောင့်မတ်​သော​သူ​တို့​တိုးပွား​သောအခါ လူ​တို့​သည် ဝမ်းမြောက်​ကြ​၏​။ ဆိုးယုတ်​သော​သူ​အုပ်စိုး​သောအခါ​၌​မူကား လူ​တို့​သည် ညည်းတွား​ကြ​၏​။


အို ထာဝရ​ဘုရား၊ မည်သူ​သည် ကိုယ်တော်​ကို​မ​ကြောက်ရွံ့၊ နာမ​တော်​ကို​လည်း မ​ချီးမွမ်း​ဘဲ နေ​လိမ့်မည်​နည်း။ အကြောင်းမူကား ကိုယ်တော်​တစ်ပါးတည်း​သာလျှင် သန့်ရှင်း​တော်မူ​၏။ ကိုယ်တော်​၏​ဖြောင့်မတ်​သော​စီရင်​ချက်​တို့​သည် ထင်ရှား​သည်​ဖြစ်၍ လူမျိုး​တကာ​တို့​သည် ကိုယ်တော်​၏​ရှေ့​တော်​သို့​လာ​၍ ရှိခိုး​ကြ​ပါ​လိမ့်မည်”​ဟု ဆို​ကြ​၏။


ကောင်းကင်​မှစ၍ သန့်ရှင်း​သူ​များ၊ တမန်တော်​များ​နှင့် ပရောဖက်​များ​တို့၊ ထို​မြို့​၏​အဖြစ်​ကြောင့် ပျော်ရွှင်​ကြ​လော့။ အကြောင်းမူကား ဘုရားသခင်​သည် သင်​တို့​ဘက်​၌​နေ​၍ ထို​မြို့​အပေါ် ပြစ်ဒဏ်​စီရင်​ခြင်း​ကို​သက်ရောက်​စေ​တော်မူ​ပြီ”​ဟု ဆို​သည်​ကို ငါ​ကြား​ရ​၏။