ဆိုးမိုက်သောသူသည် မိမိ၏အမျက်ဒေါသကို ချက်ချင်းထင်ရှားစေတတ်၏။ ဆင်ခြင်ဉာဏ်ရှိသောသူမူကား အရှက်ခွဲခံရခြင်းကိုပင် ဥပေက္ခာပြု၏။
သုတ္တံကျမ်း။ 29:11 - မြန်မာ့စံမီသမ္မာကျမ်း မိုက်မဲသောသူသည် မိမိ၏စိတ်ခံစားချက်ရှိသမျှကို ထုတ်ဖော်တတ်၏။ ပညာရှိသောသူမူကား ၎င်းကို ပြန်၍ထိန်းထားတတ်၏။ Common Language Bible မိုက်သောသူသည် မိမိကြံစည်သမျှကို ဘော်ပြ တတ်၏။ပညာရှိသောသူမူကား၊ အဆင်မသင့်မှီ ထိမ်ဝှက် တတ်၏။ Garrad Bible မိုက် မဲ သော သူ သည်၊ အ မျက် ရှိ သ မျှ ကို ဖော် ပြ တတ်၏။ ပ ညာ ရှိ မူ ကား၊ ချုပ် တည်း ၍ ငြိမ်း စေ တတ်၏။ Judson Bible မိုက်သောသူသည် မိမိကြံစည်သမျှကို ဖော်ပြတတ်၏။ ပညာရှိသောသူမူကား၊ အဆင်မသင့်မီ ထိမ်ဝှက်တတ်၏။ |
ဆိုးမိုက်သောသူသည် မိမိ၏အမျက်ဒေါသကို ချက်ချင်းထင်ရှားစေတတ်၏။ ဆင်ခြင်ဉာဏ်ရှိသောသူမူကား အရှက်ခွဲခံရခြင်းကိုပင် ဥပေက္ခာပြု၏။
ဆင်ခြင်ဉာဏ်ရှိသောသူသည် အသိပညာကို ဖုံးကွယ်ထားတတ်၏။ မိုက်မဲသောသူတို့၏စိတ်နှလုံးမူကား မိုက်မဲမှုကိုကြေညာတတ်၏။
ဉာဏ်ပညာသည် အသိဉာဏ်ရှိသောသူ၏ စိတ်နှလုံးထဲ၌ ကိန်းဝပ်၍ မိုက်မဲသောသူတို့၏အလယ်၌ပင် ကိုယ့်ကိုယ်ကိုယ်ဖော်ပြတတ်၏။
ပညာသတိရှိသောသူသည် မိမိ၏ဒေါသကိုချုပ်တည်းတတ်၏။ သူ၏ဂုဏ်ကျက်သရေကား သူတစ်ပါးကျူးလွန်သောအပြစ်ကို ဖြေလွှတ်ခြင်းဖြစ်၏။
ဤကာလသည် ဆိုးညစ်သောကာလဖြစ်သောကြောင့် ပညာသတိရှိသူသည် နှုတ်ဆိတ်နေလိမ့်မည်။
သင့်အိမ်နီးချင်းကို မယုံနှင့်။ သင့်မိတ်ဆွေကိုလည်း မကိုးစားနှင့်။ သင့်ရင်ခွင်၌ အိပ်နေသောမိန်းမရှေ့တွင်လည်း စကားကို သတိထားပြောလော့။
ထို့ကြောင့် ရှံဆုန်က “ငါသည် အမိဝမ်းထဲမှစ၍ ဘုရားသခင်အဖို့ နာဇရိလူ ဖြစ်၏။ ငါ့ဆံပင်ကို သင်တုန်းဓားနှင့် မရိတ်ရ။ ငါ့ဆံပင်ကို ရိတ်ပစ်လျှင် ငါ့ခွန်အားယုတ်လျော့၍ သာမန်လူကဲ့သို့ ဖြစ်သွားမည်”ဟု စိတ်ထဲရှိသည့်အတိုင်း ပြောပြလေ၏။