သူကြီး 16:17 - မြန်မာ့စံမီသမ္မာကျမ်း17 ထို့ကြောင့် ရှံဆုန်က “ငါသည် အမိဝမ်းထဲမှစ၍ ဘုရားသခင်အဖို့ နာဇရိလူ ဖြစ်၏။ ငါ့ဆံပင်ကို သင်တုန်းဓားနှင့် မရိတ်ရ။ ငါ့ဆံပင်ကို ရိတ်ပစ်လျှင် ငါ့ခွန်အားယုတ်လျော့၍ သာမန်လူကဲ့သို့ ဖြစ်သွားမည်”ဟု စိတ်ထဲရှိသည့်အတိုင်း ပြောပြလေ၏။ အခန်းကိုကြည့်ပါ။Garrad Bible17 စိတ် တွင် ပါ ရှိ သ မျှ ကို ဖော် ပြ မိ သည် မှာ ငါ သည် အ မိ ဝမ်း တွင်း မှ စ၍ ဘု ရား သ ခင့် မျက် မှောက် တော် တွင် ပ ရ ဗိုဇ် ဂိုဏ်း သား အ ဖြစ် နေ ရ သည့် အ လျောက် ဦး ခေါင်း ပေါ် တွင် သင် တုန်း ဓား မ တင် ရ သေး။ ဆံ ပယ် ခြင်း ခံ ရ မူ ခွန် အား ကွယ် ပျောက်၍ လူ တိုင်း ကဲ့ သို့ ဖြစ် လျက် အား လျော့ လိမ့် မည် ဟု ပြော ဆို လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible17 ရှံဆုန်သည် မိမိစိတ်နှလုံး၌ ရှိသမျှအတိုင်းပြော၍၊ ငါ့ဆံပင်ကို တစ်ခါမျှ မရိတ်သေး။ အမိဝမ်းထဲမှစ၍ ဘုရားသခင်၏ နာဇရိလူဖြစ်၏။ ငါ့ဆံပင်ကိုရိတ်လျှင် ငါ၌ခွန်အားလျော့၍ အခြားသောသူကဲ့သို့ ငါဖြစ်လိမ့်မည်ဟု ပြောဆို၏။ အခန်းကိုကြည့်ပါ။ |
ရှံဆုန်က စိတ်ထဲရှိသည့်အတိုင်း အမှန်ကိုပြောပြကြောင်း ဒေလိလ သိလျှင် လူကိုစေလွှတ်၍ ဖိလိတ္တိမင်းတို့ကို ခေါ်စေကာ “နောက်တစ်ခေါက် လာခဲ့ကြပါဦး။ ရှံဆုန်က သူ့စိတ်ထဲရှိသည့်အတိုင်း အမှန်ကို အကျွန်ုပ်အား ပြောပြပြီ”ဟု မှာလိုက်သဖြင့် ဖိလိတ္တိမင်းတို့သည်လည်း ငွေစပါလျက် ဒေလိလထံသို့ လာကြပြန်၏။