တိုင်းပြည်ကို အာသလိဘုရင်မ အုပ်စိုးစဉ် ယောရှသည် အထိန်းတော်နှင့်အတူ ဘုရားသခင်၏အိမ်တော်တွင် ခြောက်နှစ်ပတ်လုံး ပုန်းရှောင်နေခဲ့ရ၏။
သုတ္တံကျမ်း။ 28:28 - မြန်မာ့စံမီသမ္မာကျမ်း ဆိုးယုတ်သောသူတို့ခေါင်းထောင်လာသောအခါ လူတို့သည် ပုန်းရှောင်တတ်ကြ၏။ သူတို့ပျက်စီးသွားသောအခါ၌မူကား ဖြောင့်မတ်သောသူတို့သည် တိုးပွားကြလိမ့်မည်။ Common Language Bible မတရားသောသူတို့သည် ချီးမြှောက်ခြင်းသို့ ရောက်သောအခါ၊ လူတို့သည် ပုန်းရှောင်၍ နေရကြ၏။ ပျက်စီးခြင်းသို့ ရောက်သောအခါ၊ ဖြောင့်မတ်သောသူတို့ သည် ပွားများတတ်ကြ၏။ Garrad Bible လူ ဆိုး တို့ ထွန်း ကား ရာ ကာ လ၊ ပြည် သူ ပြည် သား တို့ ပုန်း ရှောင် ရ ကြ၏။ ပျက် စီး ရာ ကာ လ မူ ကား၊ ဖြောင့် မတ် သူ တို့ များ ပြား ကြ လိမ့် မည်။ Judson Bible မတရားသောသူတို့သည် ချီးမြှောက်ခြင်းသို့ရောက်သောအခါ၊ လူတို့သည် ပုန်းရှောင်၍နေရကြ၏။ ပျက်စီးခြင်းသို့ ရောက်သောအခါ၊ ဖြောင့်မတ်သောသူတို့သည် ပွားများတတ်ကြ၏။ |
တိုင်းပြည်ကို အာသလိဘုရင်မ အုပ်စိုးစဉ် ယောရှသည် အထိန်းတော်နှင့်အတူ ဘုရားသခင်၏အိမ်တော်တွင် ခြောက်နှစ်ပတ်လုံး ပုန်းရှောင်နေခဲ့ရ၏။
ဘုရင့်စာ၊ ဘုရင့်အမိန့်ရောက်ရှိသော နယ်မြေဒေသအသီးသီးရှိ မြို့ရွာတိုင်းတွင် ဂျူးလူမျိုးတို့ ဝမ်းမြောက်ပျော်ရွှင်ကြပြီး နေ့ထူးနေ့မြတ်အဖြစ် စားသောက်ပွဲကျင်းပကြ၏။ ပြည်သားအမြောက်အမြားတို့သည် ဂျူးလူမျိုးတို့ကို ကြောက်ရွံ့သဖြင့် ဂျူးလူမျိုးအဖြစ် ခံယူကြ၏။
လူတို့သည် နွမ်းပါးသောသူတို့ကို လမ်းပေါ်မှတွန်းဖယ်တတ်ကြ၏။ အဖိနှိပ်ခံရသောပြည်သားတို့သည် စုပြီးပုန်းရှောင်နေရကြ၏။
ဖြောင့်မတ်သောသူတို့ အောင်ပွဲခံကြသောအခါ ကြီးစွာသောဂုဏ်ကျက်သရေရှိ၏။ ဆိုးယုတ်သောသူတို့ ခေါင်းထောင်လာသောအခါ၌မူကား လူတို့သည် ပုန်းရှောင်တတ်ကြ၏။
ဆင်းရဲသောသူတို့အား ပေးကမ်းသောသူသည် ချို့တဲ့နွမ်းပါးလိမ့်မည်မဟုတ်။ မျက်ကွယ်ပြုသောသူမူကား များစွာသောကျိန်ဆဲခြင်းကိုခံရလိမ့်မည်။
ဆိုဆုံးမခြင်းကိုအကြိမ်ကြိမ်ခံရသော်လည်း ခေါင်းမာလျက်နေသောသူသည် ချမ်းသာရာမရဘဲ ချက်ချင်းပျက်စီးရလိမ့်မည်။
ဖြောင့်မတ်သောသူတို့တိုးပွားသောအခါ လူတို့သည် ဝမ်းမြောက်ကြ၏။ ဆိုးယုတ်သောသူအုပ်စိုးသောအခါ၌မူကား လူတို့သည် ညည်းတွားကြ၏။