သို့သော် ယာကုပ်က “ကလေးများသည်နုနယ်ပါ၏။ နို့စို့သားငယ်ရှိသော သိုးဆိတ်တို့နှင့်နွားတို့သည်လည်း အကျွန်ုပ်၌ရှိကြောင်း သခင်သိပါ၏။ ထိုတိရစ္ဆာန်တို့ကို တစ်ရက်မျှအပြင်းနှင်လျှင် ၎င်းတို့အားလုံးသည် သေကြပါလိမ့်မည်။
သုတ္တံကျမ်း။ 27:23 - မြန်မာ့စံမီသမ္မာကျမ်း သင့်သိုးစု၏အခြေအနေတို့ကို ကောင်းစွာသိရှိပြီး သင်၏စိတ်ကိုတိရစ္ဆာန်အုပ်အပေါ် စူးစိုက်ထားလော့။ Common Language Bible သင်၏ သိုးစုအကြောင်းတို့ကို သိခြင်းငှါ ကြိုး စားလော့။ နွားစုတို့ကိုလည်း စေ့စေ့ကြည့်ရှုလော့။ Garrad Bible သင်၏ သိုး ဆိတ် အုပ် များ အ ဖြစ် အ နေ ကို သိ ရန် ဂ ရု ပြု လော့။ Judson Bible သင်၏ သိုးစုအကြောင်းတို့ကိုသိခြင်းငှာ ကြိုးစားလော့။ နွားစုတို့ကိုလည်း စေ့စေ့ကြည့်ရှုလော့။ |
သို့သော် ယာကုပ်က “ကလေးများသည်နုနယ်ပါ၏။ နို့စို့သားငယ်ရှိသော သိုးဆိတ်တို့နှင့်နွားတို့သည်လည်း အကျွန်ုပ်၌ရှိကြောင်း သခင်သိပါ၏။ ထိုတိရစ္ဆာန်တို့ကို တစ်ရက်မျှအပြင်းနှင်လျှင် ၎င်းတို့အားလုံးသည် သေကြပါလိမ့်မည်။
မြေနိမ့်ဒေသနှင့် လွင်ပြင်တို့တွင် သူပိုင်ဆိုင်သောတိရစ္ဆာန်များစွာရှိသောကြောင့် တောထဲ၌ မျှော်စင်များကိုဆောက်လုပ်၏။ ရေတွင်းများစွာကိုလည်း တူး၏။ လယ်ယာစိုက်ပျိုးရေးကို ဝါသနာပါသောကြောင့် တောင်ကုန်းများ၊ သီးနှံဖြစ်ထွန်းသောမြေယာများတွင် လယ်သမားများ၊ စပျစ်ခြံလုပ်သားများကို ထားရှိ၏။
ဖာရောမင်းကြီးသည် မိမိနန်းတော်သို့လှည့်ပြန်သွားကာ ဤအမှုကိုလည်း နှလုံးမသွင်းဘဲနေ၏။
အပြင်၌ သင်၏အလုပ်ကို ပြင်ဆင်၍ လယ်ယာ၌ အရာရာကို သင့်အတွက်အဆင်သင့်ပြင်ထားလော့။ ထို့နောက်မှ သင့်အိမ်ကိုဆောက်လော့။
ငါသည် ထိုအဖြစ်ကိုမြင်သောအခါ နှလုံးသွင်း၍ ငါတွေ့မြင်သောအရာကို သင်ခန်းစာယူ၏။
အို လူမျိုးအပေါင်းတို့၊ ထာဝရဘုရား၏စကားတော်ကို နားထောင်ကြလော့။ ဝေးသောအရပ်ရှိ ကမ်းရိုးတန်းဒေသတို့တွင် ကြွေးကြော်ကြလော့။ “အစ္စရေးလူမျိုးကို ကွဲလွင့်စေသောအရှင်သည် အစ္စရေးလူမျိုးကို ပြန်စုသိမ်းမည်။ သိုးထိန်းသည် မိမိ၏သိုးစုကိုစောင့်ထိန်းသကဲ့သို့ သူတို့ကို စောင့်ထိန်းတော်မူမည်”ဟု ပြောကြားကြလော့။
သိုးထိန်းသည် ကွဲလွင့်သွားသော မိမိ၏သိုးတို့ကို လိုက်ရှာသကဲ့သို့ ငါသည်လည်း ငါ့သိုးတို့ကို ရှာဖွေမည်။ မိုးအုံ့၍အမှောင်ကျသောနေ့တွင် အရပ်ရပ်ကွဲလွင့်သွားသော ငါ့သိုးတို့ကိုကယ်တင်မည်။
ဘုရားရှင်ထာဝရဘုရားက “သင်တို့သည် ငါ့စားကျက်၌ကျက်စားသော လူမျိုးတော်သိုးစုဖြစ်၏။ ငါသည်လည်း သင်တို့၏ဘုရားသခင်ဖြစ်၏”ဟု မိန့်တော်မူ၏။
တံခါးစောင့်သည် သူ့ကို တံခါးဖွင့်ပေးတတ်၏။ သိုးတို့သည် သူ၏အသံကိုနားထောင်တတ်ကြ၏။ သူသည် မိမိ၏သိုးတို့ကို နာမည်ဖြင့်ခေါ်၍ ထုတ်ဆောင်တတ်၏။
“ယနေ့ သင်တို့အား ငါသတိပေးသောစကားရှိသမျှတို့ကို နှလုံးသွင်းကြလော့။ ဤတရားစကားရှိသမျှတို့ကို လိုက်နာစောင့်ထိန်းမည့်အကြောင်း သင်တို့၏သားသမီးတို့ကို မှာကြားကြလော့။
သင်တို့၌ရှိသည့် ဘုရားသခင်၏သိုးစုကို အုပ်ထိန်းကြလော့။ မလုပ်မဖြစ်လုပ်ရခြင်းမျိုးမဟုတ်ဘဲ ဘုရားသခင်၏အလိုတော်နှင့်အညီ စေတနာစိတ်ဖြင့်လည်းကောင်း၊ မစင်ကြယ်သောအကျိုးစီးပွားကိုတပ်မက်ခြင်းကြောင့်မဟုတ်ဘဲ စိတ်အားထက်သန်စွာဖြင့်လည်းကောင်း ကြည့်ရှုအုပ်ထိန်းကြလော့။
ထိုသို့ ဒါဝိဒ်နှင့်လူတို့ ပြောဆိုနေကြသည်ကို ဒါဝိဒ်၏အစ်ကိုအကြီးဆုံးဖြစ်သူ ဧလျာဘကြားသိလျှင် ဒါဝိဒ်ကိုအမျက်ထွက်၍ “သင် အဘယ်ကြောင့် ဤနေရာသို့ ဆင်းလာသနည်း။ တောကန္တာရမှ သိုးအနည်းငယ်ကို မည်သူနှင့် ထားခဲ့သနည်း။ သင်၌မာန်မာနရှိကြောင်း၊ မကောင်းသောစိတ်ကူးရှိနေကြောင်း ငါသိ၏။ တိုက်ပွဲကို ကြည့်လို၍ သင်လာခဲ့သည်မဟုတ်လော”ဟု သူ့အား ပြောဆိုလေ၏။