အာဗနာက ယွာဘအား ဟစ်ခေါ်ပြီး “ဓားသည် အစဉ်ဝါးမျိုရမည်လော။ အဆုံးမှာ ခါးသီးကြေကွဲရမည်ကို မသိသလော။ ကိုယ့်ညီအစ်ကိုချင်းကို ဆက်၍ မလိုက်ကြရန် လူတို့ကို မတားတော့ပြီလော”ဟု ဆိုလေ၏။
သုတ္တံကျမ်း။ 25:8 - မြန်မာ့စံမီသမ္မာကျမ်း အလျင်စလိုသွား၍ မတိုင်တန်းနှင့်။ နောက်ဆုံး၌ သင်၏အိမ်နီးချင်းသည် သင့်ကိုအရှက်ရစေလျှင် သင်မည်သို့ပြုမည်နည်း။ Garrad Bible ရန် တွေ့ ခြင်း ငှာ ခ ရီး မ လွန် နှင့်။ လွန် လျှင်၊ နောက်၌ အ ပေါင်း အ ဖော် သည်၊ သင့် ကို အ ရှက် ကွဲ စေ သော ကာ လ၌၊ မည် သို့ ပြု လုပ် နိုင် မည် နည်း။ Judson Bible အလျင်အမြန် ရန်မတွေ့နှင့်။ အိမ်နီးချင်းသည် သင့်ကိုအရှက်ခွဲပြီးမှ၊ သင်သည် အဘယ်သို့ ပြုမည်နည်း။ |
အာဗနာက ယွာဘအား ဟစ်ခေါ်ပြီး “ဓားသည် အစဉ်ဝါးမျိုရမည်လော။ အဆုံးမှာ ခါးသီးကြေကွဲရမည်ကို မသိသလော။ ကိုယ့်ညီအစ်ကိုချင်းကို ဆက်၍ မလိုက်ကြရန် လူတို့ကို မတားတော့ပြီလော”ဟု ဆိုလေ၏။
ထို့နောက် ရှင်ဘုရင်က “အသက်ရှင်နေသောကလေးကို နှစ်ခြမ်းခွဲပြီး တစ်ယောက်ကို တစ်ခြမ်းစီ ပေးလိုက်ပါ”ဟု မိန့်ဆိုလျှင်
လူ့အမြင်၌ မှန်သောလမ်းဖြစ်သော်လည်း အဆုံး၌ သေခြင်းသို့ရောက်စေသောလမ်းရှိ၏။
အငြင်းပွားမှု၏အစသည် ရေပေါက်ထွက်ခါစကဲ့သို့ဖြစ်သောကြောင့် ခိုက်ရန်မဖြစ်ပွားမီ အငြင်းပွားမှုကိုရပ်စဲလော့။
မိုက်မဲသောသူ၏နှုတ်ခမ်းသည် ခိုက်ရန်ဖြစ်ပွားမှုထဲဝင်ပါတတ်၏။ သူ၏နှုတ်သည်လည်း ကြိမ်ဒဏ်ကိုဖိတ်ခေါ်တတ်၏။
အကြောင်းမူကား နို့ကိုမွှေလျှင် ထောပတ်ကိုရ၍ နှာခေါင်းကိုဆွဲလိမ်လျှင် သွေးထွက်တတ်သကဲ့သို့ ဒေါသကိုမွှေလျှင် ခိုက်ရန်ဖြစ်ပွားတတ်၏။
အမျက်ဒေါသသည် မိုက်မဲသောသူတို့၏ရင်ခွင်ထဲ၌ ကိန်းအောင်းတတ်သည်ဖြစ်၍ သင့်စိတ်ထဲတွင် အမျက်ဒေါသ အလျင်စလိုမထွက်ပါစေနှင့်။
ပရောဖက်တို့သည် မဟုတ်မမှန်ပရောဖက်ပြုကြ၏။ ယဇ်ပုရောဟိတ်တို့သည်လည်း မိမိတို့သဘောအတိုင်း အုပ်ချုပ်ကြ၏။ ထိုသို့သောအမှုအရာတို့ကို ငါ့လူမျိုးတော်သည် နှစ်သက်ကြ၏။ အဆုံး၌ သင်တို့ မည်သို့ပြုကြမည်နည်း။
သင်သည် သင့်ကိုတရားစွဲဆိုသူနှင့်အတူလမ်း၌ရှိစဉ် သူနှင့်သင့်မြတ်အောင် အလျင်အမြန်ပြုလော့။ သို့မဟုတ်ပါက ထိုတရားစွဲဆိုသူသည် သင့်ကို တရားသူကြီးထံအပ်၍ တရားသူကြီးသည် အစောင့်တပ်သားထံအပ်သဖြင့် သင်သည် ထောင်ထဲ၌ ထည့်ထားခြင်းခံရလိမ့်မည်။