ဖိစီးနှိပ်စက်ခြင်းခံရသောသူတို့နှင့်အတူ စိတ်နှိမ့်ချလျက်နေခြင်းသည် မောက်မာသောသူတို့နှင့်အတူ လုယက်ပစ္စည်းကို ခွဲဝေရခြင်းထက် ပို၍ကောင်း၏။
သုတ္တံကျမ်း။ 25:7 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား မြင့်မြတ်သောသူ၏ရှေ့တွင် နှိမ့်ချခြင်းခံရသည်ထက် “ဤနေရာသို့တက်လာပါ”ဟု ဖိတ်ခေါ်ခြင်းခံရသည်က ပို၍ကောင်း၏။ သင့်မျက်စိဖြင့်တွေ့မြင်သောအရာကို Garrad Bible သင် ဖူး မြင် ရာ မင်း ရှေ့ မှာ၊ အ နိမ့် အ ကျ ခံ ရ သည် ထက်၊ ဤ အ ရပ် သို့ တက် လော့ ဟု အ ခေါ် ခံ ရ ခြင်း သည်၊ သာ၍ ကောင်း၏။ Judson Bible အကြောင်းမူကား၊ ဖူးမြင်ရသောမင်းရှေ့မှာ နှိမ့်ချခြင်းကိုခံရသည်ထက်၊ ဤအရပ်သို့တက်ပါဟူသော စကားကို သာ၍ကြားကောင်း၏။ |
ဖိစီးနှိပ်စက်ခြင်းခံရသောသူတို့နှင့်အတူ စိတ်နှိမ့်ချလျက်နေခြင်းသည် မောက်မာသောသူတို့နှင့်အတူ လုယက်ပစ္စည်းကို ခွဲဝေရခြင်းထက် ပို၍ကောင်း၏။
ရှင်ဘုရင်၏ရှေ့မှောက်၌ သင့်ကိုယ်သင် အမွှမ်းမတင်နှင့်။ ကြီးမြတ်သောသူတို့၏နေရာ၌လည်း မရပ်နှင့်။
သင်တို့အား ငါဆိုသည်ကား ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရလျက် မိမိအိမ်သို့ပြန်သွားသောသူမှာ ဤအခွန်ကောက်ခံသူဖြစ်၍ ထိုဖာရိရှဲမဟုတ်။ အကြောင်းမူကား မိမိကိုယ်ကိုချီးမြှောက်သောသူတိုင်းသည် နှိမ့်ချခြင်းကိုခံရ၍ မိမိကိုယ်ကိုနှိမ့်ချသောသူသည် ချီးမြှောက်ခြင်းကိုခံရလိမ့်မည်”ဟု မိန့်တော်မူ၏။
ထိုနည်းတူ ငယ်ရွယ်သောသူတို့၊ အသင်းတော်အကြီးအကဲများကို နာခံကြလော့။ သင်တို့အားလုံး တစ်ယောက်အောက်တစ်ယောက် နှိမ့်ချခြင်းတန်ဆာကို ဆင်ယင်ကြလော့။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် မာနထောင်လွှားသောသူတို့ကို ဆန့်ကျင်၍ နှိမ့်ချသောသူတို့အား ကျေးဇူးတော်ကိုခံစားစေတော်မူ၏။
ထို့နောက် ငါကြည့်လိုက်ရာ ကောင်းကင်၌ဖွင့်ထားသည့်တံခါးတစ်ခုရှိ၏။ ထိုအခါ ပထမဦးစွာ ငါ့အားမိန့်တော်မူသည်ကို ငါကြားရသည့်တံပိုးခရာသံကဲ့သို့သောအသံက“ဤအရပ်သို့တက်လာလော့။ ဤအဖြစ်အပျက်များနောက်တွင် ဖြစ်ပျက်ရမည့်အရာတို့ကို သင့်အား ငါပြမည်”ဟု ဆို၏။