Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




သုတ္တံကျမ်း။ 16:19 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

19 ဖိစီးနှိပ်စက်​ခြင်း​ခံရ​သော​သူ​တို့​နှင့်အတူ စိတ်နှိမ့်ချ​လျက်​နေ​ခြင်း​သည် မောက်မာ​သော​သူ​တို့​နှင့်အတူ လုယက်ပစ္စည်း​ကို ခွဲဝေ​ရ​ခြင်း​ထက် ပို၍​ကောင်း​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

19 စိတ်နှိမ့်ချသောသူတို့နှင့် ပေါင်းဘော်၍ စိတ် နှိမ့်ချခြင်းသည်၊ မာနကြီးသော သူတို့နှင့် ဆက်ဆံ၍ လုယူ သောဥစ္စာကို ဝေမျှခြင်းထက် သာ၍ကောင်း၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

19 မာ န ကြီး သူ တို့ နှင့် အ တူ လက် ရ ဥ စ္စာ ကို ဝေ မျှ ခြင်း ထက်၊ ဆင်း ရဲ သူ တို့ နှင့် အ တူ စိတ် နှိမ့် ချ ရ ခြင်း သည် သာ ၍ မြတ် ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

19 စိတ်​နှိမ့်​ချ​သော​သူ​တို့​နှင့် ပေါင်း​ဖော်၍ စိတ်​နှိမ့်​ချ​ခြင်း​သည်၊ မာ​န​ကြီး​သော​သူ​တို့​နှင့် ဆက်​ဆံ၍ လု​ယူ​သော​ဥ​စ္စာ​ကို ဝေ​မျှ​ခြင်း​ထက် သာ၍​ကောင်း၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




သုတ္တံကျမ်း။ 16:19
17 ပူးပေါင်းရင်းမြစ်များ  

အကယ်စင်စစ် ထာဝရဘုရား​သည် မြင့်မြတ်​တော်မူ​သော်လည်း နှိမ့်ချ​သော​သူ​တို့​ကို ကြည့်ရှု​တော်မူ​၏​။ ဘဝင်မြင့်​သော​သူ​တို့​ကို​ကား အဝေး​ကပင် သိ​တော်မူ​၏​။


ထာဝရဘုရား​သည် စိတ်နှလုံး​ကျိုးပဲ့​သော​သူ​တို့​နှင့် နီး​တော်မူ​၍ စိတ်ကြေမွ​သော​သူ​တို့​ကို ကယ်တင်​တော်မူ​၏​။


ရန်သူ​က ‘​ငါ​လိုက်​မည်​။ သူ​တို့​ကို ငါ​မီ​မည်​။ တိုက်ယူ​သော​ပစ္စည်း​ကို​ခွဲဝေ​၍ ငါ့​စိတ်​အလို​ပြည့်​မည်​။ ငါ့​ဓား​ကို​ထုတ်​၍ သူ​တို့​ကို ငါ့​လက်​ဖြင့် ဖျက်ဆီး​မည်​’​ဟု ဆို​သောအခါ


ငါ​တို့​သည် အဖိုးတန်​သော​စည်းစိမ်ဥစ္စာ​မျိုးစုံ​ကို တွေ့ရှိ​၍ လုယက်ပစ္စည်း​များ​ဖြင့် ငါ​တို့​အိမ်​ကို​ပြည့်​စေ​ကြ​မည်​။


ငါ​တို့​နှင့် ဆိုးတူကောင်းဖက်​ပူးပေါင်း​လော့​။ ငါ​တို့​အားလုံး ပိုက်ဆံအိတ်​တစ်အိတ်တည်း​ထဲမှ ဝေမျှ​သုံးစွဲ​ကြ​စို့​”​ဟု ဆို​လျှင်လည်း


အကြောင်းမူကား မြင့်မြတ်​သော​သူ​၏​ရှေ့​တွင် နှိမ့်ချ​ခြင်း​ခံရ​သည်​ထက် “​ဤ​နေရာ​သို့​တက်လာ​ပါ​”​ဟု ဖိတ်ခေါ်​ခြင်း​ခံရ​သည်​က ပို၍​ကောင်း​၏​။ သင့်​မျက်စိ​ဖြင့်​တွေ့မြင်​သော​အရာ​ကို


လူ​၏​မာန်မာန​သည် သူ့​ကို​နိမ့်ကျ​စေ​တတ်​၏​။ စိတ်နှိမ့်ချ​သော​သူ​မူကား ဂုဏ်သရေ​ကို​ရ​လိမ့်မည်​။


ကိုယ်တော်​သည် ပြက်ရယ်​ပြု​တတ်​သော​သူ​တို့​ကို ပြက်ရယ်​ပြု​တော်မူ​၏​။ စိတ်နှိမ့်ချ​သော​သူ​တို့​ကို​ကား ကျေးဇူး​တော်​ခံစား​စေ​တော်မူ​၏​။


သူ့​ကို ဘုရားတရားမဲ့​သော​လူမျိုး​ထံသို့ ငါ​စေလွှတ်​မည်​။ ငါ​အမျက်​ထွက်​သော​လူ​တို့​တိုက်ယူ​ထား​သော​ပစ္စည်း​ကို လုယက်​သိမ်းယူ​၍ လမ်း​ပေါ်မှ​ရွှံ့​ကို​နင်း​သကဲ့သို့ သူ​တို့​ကို​နင်းချေ​ရန် ငါ​မိန့်မှာ​ထား​၏​။


သူ​သည် အသက်​စွန့်​၍ အသေခံ​ခဲ့​၏​။ အပြစ်ကျူးလွန်​သူ​တို့​၏​စာရင်း​တွင် ထည့်သွင်း​ခြင်း​ခံရ​၏​။ သူ​သည် လူ​များစွာ​တို့​၏​အပြစ်​ကို​ထမ်းသွား​၍ အပြစ်ကျူးလွန်​သော​သူ​တို့​အတွက် ကြားဝင်စေ့စပ်​ပေး​၏​။ ထို့ကြောင့် ငါ​သည် သူ့​အား ကြီးမြတ်​သော​သူ​တို့​နှင့်အတူ ဝေစု​တစ်​စု​ခွဲဝေ​ပေး​မည်​။ သူ​သည် အားကြီး​သော​သူ​တို့​နှင့်အတူ လုယက်ပစ္စည်း​ကို ခွဲဝေ​မည်​။


မြင့်မြတ်​၍​ချီးမြှောက်​ခြင်း​ခံ​တော်မူ​သော​၊ ထာဝရ​အသက်ရှင်​တော်မူ​သော​၊ သန့်ရှင်း​ခြင်း​ဟု နာမ​ရှိ​တော်မူ​သော​အရှင်​က “​ငါ​သည် စိတ်နှလုံး​ကျိုးပဲ့ကြေမွ​သော​သူ​၊ စိတ်နှိမ့်ချ​သော​သူ​တို့​နှင့်အတူ အထွတ်အမြတ်​ထား​ရာ​အရပ်​၊ သန့်ရှင်း​သော​အရပ်​၌ ကိန်းဝပ်​၏​။ စိတ်အားငယ်​သော​သူ​၊ စိတ်နှလုံး​ကျိုးပဲ့ကြေမွ​သော​သူ​တို့​ကို အားဖြည့်ပေး​ရန် သူ​တို့​တွင် ငါ​ကိန်းဝပ်​၏​။


ကိုယ်တော်​သည် လူမျိုး​တော်​ကို​တိုးပွား​စေ​၍ သူ​တို့​ကို အလွန်​ဝမ်းမြောက်​စေ​တော်မူ​ပြီ​။ သူ​တို့​သည် သီးနှံ​ရိတ်သိမ်း​ချိန်​၌ ဝမ်းမြောက်​သကဲ့သို့​၊ လုယက်ပစ္စည်း​ခွဲဝေ​ချိန်​၌ ရွှင်လန်း​သကဲ့သို့ ကိုယ်တော်​၏​ရှေ့မှောက်​တွင် ဝမ်းမြောက်​ကြ​ပါ​ပြီ​။


“စိတ်​ဝိညာဉ်​ဆင်းရဲ​နွမ်းပါး​သော​သူ​တို့​သည် မင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား ကောင်းကင်​နိုင်ငံ​တော်​သည် သူ​တို့​၏​နိုင်ငံ​ဖြစ်​၏။


‘​ယောက်ျား​တစ်​ယောက်​အတွက် မိန်းမပျို​တစ်​ယောက်​၊ နှစ်​ယောက်​၊ သိသရ​အတွက် တိုက်ခိုက်လုယူ​သော​ပစ္စည်း​ထဲမှ ရောင်စုံ​အဝတ်အစား​၊ ငါ့​အတွက် ရောင်စုံပန်းထိုး​အဝတ်အစား​၊ ရောင်စုံပန်းထိုး​လည်စည်း စသည်​တို့​ကို​ခွဲဝေ​နေ​ကြ​ခြင်း​သာ​ဖြစ်​မည်​’​ဟူ၍ ဖြစ်​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ