သုတ္တံစကားပုံ သုံးထောင်ကို မြွက်ဆိုခဲ့၍ သီချင်းအပုဒ်ရေ တစ်ထောင့်ငါးပုဒ်တို့ကို ရေးစပ်ခဲ့၏။
သုတ္တံကျမ်း။ 25:1 - မြန်မာ့စံမီသမ္မာကျမ်း ဤစကားတို့သည်လည်း ယုဒရှင်ဘုရင်ဟေဇကိ၏လူတို့ ကူးရေးထားသော ရှောလမုန်၏ သုတ္တံစကားများဖြစ်ကြ၏။ Garrad Bible ယု ဒ လူ မျိုး ဘု ရင်၊ ဟေ ဇ ကိ မင်း ကူး ရေး စေ သော ရှော လ မုန် မင်း၏ န ယ ပုံ ပြင် နောက် ဆက် ကျမ်း။ Judson Bible ယုဒရှင်ဘုရင် ဟေဇကိလူတို့ကူးရေးသော ရှောလမုန်မင်း၏သုတ္တံစကားဟူမူကား၊ |
သုတ္တံစကားပုံ သုံးထောင်ကို မြွက်ဆိုခဲ့၍ သီချင်းအပုဒ်ရေ တစ်ထောင့်ငါးပုဒ်တို့ကို ရေးစပ်ခဲ့၏။
ရှောလမုန်၏သုတ္တံစကားများ။ ပညာရှိသောသားသည် ဖခင်ကိုဝမ်းမြောက်စေ၏။ မိုက်မဲသောသားမူကား သူ၏မိခင်အတွက် ပူဆွေးစရာဖြစ်၏။
ဆင်းရဲခြင်းသည် သူခိုးဓားပြကဲ့သို့လည်းကောင်း၊ ချို့တဲ့နွမ်းပါးခြင်းသည် လက်နက်ကိုင်ဆောင်သူကဲ့သို့လည်းကောင်း သင့်ထံသို့ရောက်လာလိမ့်မည်။
ထိုမျှမက ဒေသနာဆရာသည် ပညာရှိဖြစ်သည့်အလျောက် လူတို့အား အသိပညာကိုလည်း သင်ကြားပေး၏။ သူသည် ချင့်ချိန်တွေးဆ၍ ရှာဖွေစူးစမ်းပြီး များစွာသောသုတ္တံစကားတို့ကို စီကုံးရေးသားခဲ့၏။
ယုဒဘုရင် ဩဇိမင်းကြီး၊ ယောသံမင်းကြီး၊ အာခတ်မင်းကြီး၊ ဟေဇကိမင်းကြီး လက်ထက်၌ ယုဒပြည်၊ ဂျေရုဆလင်မြို့နှင့်ပတ်သက်၍ အာမုတ်၏သားဟေရှာယ မြင်ရသောဗျာဒိတ်နိမိတ်။
ထို့နောက် ဟိလခိ၏သား နန်းတော်အုပ်ဧလျာကိမ်၊ စာရေးတော်ကြီးရှေဗန၊ အာသပ်၏သား အတွင်းဝန်ယောအာတို့သည် မိမိတို့အဝတ်ကိုဆုတ်ဖြဲပြီး ဟေဇကိမင်းကြီးထံသို့ ပြန်လာ၍ ရာဗရှာခပြောသောစကားတို့ကို လျှောက်ထားကြ၏။
မင်းကြီးသည် လျှော်တေအဝတ်ဝတ်ထားသည့် နန်းတော်အုပ်ဧလျာကိမ်၊ စာရေးတော်ကြီးရှေဗန၊ အသက်ကြီးသောယဇ်ပုရောဟိတ်တို့ကို အာမုတ်၏သား ပရောဖက်ဟေရှာယထံသို့ စေလွှတ်၏။
ယုဒဘုရင် ဩဇိမင်းကြီး၊ ယောသံမင်းကြီး၊ အာခတ်မင်းကြီး၊ ဟေဇကိမင်းကြီးလက်ထက်၊ အစ္စရေးဘုရင် ယောရှသားယေရောဗောင်မင်းကြီးလက်ထက်တွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဗေရိ၏သားဟောရှေထံသို့ ရောက်လာ၏။
ယုဒဘုရင် ယောသံမင်းကြီး၊ အာခတ်မင်းကြီး၊ ဟေဇကိမင်းကြီးတို့လက်ထက်တွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် မောရရှက်မြို့သားမိက္ခာထံသို့ရောက်လာ၍ ရှမာရိမြို့၊ ဂျေရုဆလင်မြို့တို့နှင့်ပတ်သက်သောနိမိတ်အာရုံကို မြင်ရ၏။