ဤစစ်ပွဲသည် တိုင်းနိုင်ငံအားလုံးသို့ ကူးစက်ပျံ့နှံ့သွားပြီး ထိုနေ့တွင် ဓားစာဖြစ်သွားသောလူထက် တောစာတောင်စာဖြစ်သွားသောလူက ပို၍များ၏။
သုတ္တံကျမ်း။ 24:21 - မြန်မာ့စံမီသမ္မာကျမ်း ငါ့သား၊ ထာဝရဘုရားနှင့်ရှင်ဘုရင်ကို ကြောက်ရွံ့လော့။ ဖောက်ပြန်ပြောင်းလဲသောသူတို့နှင့် ရောနှောဆက်ဆံခြင်းမပြုနှင့်။ Common Language Bible ငါ့သား၊ ထာဝရဘုရားကို၎င်း၊ ရှင်ဘုရင်ကို၎င်း၊ ကြောက်ရွံ့လော့။ မတည်ကြည်သောသူတို့နှင့် ရောနှော မပေါင်းဘော်နှင့်။ Garrad Bible ငါ့ သား၊ ထာ ဝ ရ ဘု ရား ကို လည်း ကောင်း၊ ဘု ရင် မင်း ကို လည်း ကောင်း၊ ခန့် ညား လော့။ ထို နှစ် ပါး တို့ စီ ရင် တော် မူ သော ဒဏ် သည် ရုတ် တ ရက် သင့်၍၊ မည် သူ မျှ မ သိ နိုင် သော ဘေး ရောက် မည် ကို စိုး သော ကြောင့်၊ ထ ကြွ တတ် သူ တို့ နှင့် မ ပေါင်း လင့်။ Judson Bible ငါ့သား၊ ထာဝရဘုရားကိုလည်းကောင်း၊ ရှင်ဘုရင်ကိုလည်းကောင်း၊ ကြောက်ရွံ့လော့။ မတည်ကြည်သောသူတို့နှင့် မရောနှောမပေါင်းဖော်နှင့်။ |
ဤစစ်ပွဲသည် တိုင်းနိုင်ငံအားလုံးသို့ ကူးစက်ပျံ့နှံ့သွားပြီး ထိုနေ့တွင် ဓားစာဖြစ်သွားသောလူထက် တောစာတောင်စာဖြစ်သွားသောလူက ပို၍များ၏။
ထိုအခါ အဒေါနိယဖိတ်ကြားထားသူအပေါင်းတို့သည် ကြောက်ရွံ့တုန်လှုပ်ကြသဖြင့် ထ၍ ကိုယ့်လမ်းသို့ အသီးသီးပြန်သွားကြလေ၏။
အစ္စရေးလူမျိုးအပေါင်းတို့သည် မိမိတို့စကားကို ရှင်ဘုရင်နားမထောင်ကြောင်း သိမြင်လျှင် သူတို့က ရှင်ဘုရင်အား “ဒါဝိဒ်မင်းကြီး၌ ငါတို့ မည်သည့်ဝေစုရှိသနည်း။ ယေရှဲ၏သား၌ ငါတို့အမွေခံစရာမရှိ။ အို အစ္စရေးလူမျိုးတို့၊ ကိုယ့်တဲသို့ ကိုယ်ပြန်ကြလော့။ အို ဒါဝိဒ်မင်းကြီး၊ ကိုယ့်အမျိုးအနွယ်ကို စောင့်ရှောက်ပါလော့”ဟု ပြန်ပြောပြီး အစ္စရေးလူမျိုးတို့သည် ကိုယ့်တဲသို့ ကိုယ်ပြန်သွားကြလေ၏။
ထာဝရဘုရားသည် အီဂျစ်လူမျိုးတို့ကို ကြီးမားသောတန်ခိုးတော်ဖြင့် စီရင်တော်မူသည်ကို အစ္စရေးလူမျိုးတို့ တွေ့မြင်ကြသဖြင့် သူတို့သည် ထာဝရဘုရားကို ကြောက်ရွံ့ကြ၏။ ထာဝရဘုရားကိုလည်းကောင်း၊ ကိုယ်တော်၏အစေအပါးမောရှေကိုလည်းကောင်း ယုံကြည်ကြ၏။
ဆိုးညစ်သောသူသည် ပုန်ကန်မှုကိုသာရှာကြံတတ်သည်ဖြစ်၍ ရက်စက်သောစေတမန်သည် သူ့ထံသို့စေလွှတ်ခြင်းခံရလိမ့်မည်။
သင်၏စိတ်နှလုံးသည် အပြစ်သားတို့ကို မငြူစူနှင့်။ တစ်နေ့လုံး ထာဝရဘုရားကို ကြောက်ရွံ့၍သာနေလော့။
သူတို့က “ဆီဇာဧကရာဇ်၏ပုံနှင့်ကမ္ပည်းစာဖြစ်ပါသည်”ဟု လျှောက်ကြ၏။ ကိုယ်တော်ကလည်း“သို့ဖြစ်လျှင် ဆီဇာဧကရာဇ်နှင့်ဆိုင်သောအရာများကို ဆီဇာဧကရာဇ်အားဆက်သ၍ ဘုရားသခင်နှင့်ဆိုင်သောအရာများကို ဘုရားသခင်အားဆက်သကြလော့”ဟု မိန့်တော်မူ၏။
အုပ်ချုပ်သူများနှင့်အာဏာပိုင်များကို နာခံလျက် ထိုသူတို့၏စကားကိုနားထောင်ရန်လည်းကောင်း၊ ကောင်းသောအမှုရှိသမျှတို့အတွက် အသင့်ရှိရန်လည်းကောင်း၊
ထို့ကြောင့် သူ့နောက်လိုက်တို့အား “ထာဝရဘုရား ဘိသိက်ပေးတော်မူသော ငါ့သခင်ကို ကိုယ်ထိလက်ရောက်ပြုခြင်းမှ ထာဝရဘုရားသည် ငါ့ကို ဆီးတားတော်မူပါစေသော။ အကြောင်းမူကား ထိုသခင်သည် ထာဝရဘုရား ဘိသိက်ပေးထားသောသူဖြစ်၏”ဟု ဆို၏။