သုတ္တံကျမ်း။ 17:11 - မြန်မာ့စံမီသမ္မာကျမ်း11 ဆိုးညစ်သောသူသည် ပုန်ကန်မှုကိုသာရှာကြံတတ်သည်ဖြစ်၍ ရက်စက်သောစေတမန်သည် သူ့ထံသို့စေလွှတ်ခြင်းခံရလိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible11 ပုန်ကန်သောသူသည် မတရားသောအမှုကိုသာ ပြုစုတတ်၏။ ထိုကြောင့်ကြမ်းကြုတ်သော တမန်ကို သူ့ဆီသို့စေလွှတ်ရ၏။ အခန်းကိုကြည့်ပါ။Garrad Bible11 လူ ဆိုး သည်၊ ပုန် ကန် မှု ကို သာ ရှာ ကြံ တတ် သော ကြောင့်၊ ရက် စက် သော တ မန် ကို ထို သူ့ ထံ စေ လွှတ် ရ၏။ အခန်းကိုကြည့်ပါ။Judson Bible11 ပုန်ကန်သောသူသည် မတရားသောအမှုကိုသာ ပြုစုတတ်၏။ ထိုကြောင့် ကြမ်းကြုတ်သောတမန်ကို သူ့ဆီသို့စေလွှတ်ရ၏။ အခန်းကိုကြည့်ပါ။ |
ထို့နောက် ထိုမိန်းမသည် အမြော်အမြင်ရှိသူပီပီ မြို့သားတို့ထံသွား၍ကြားပြောရာ သူတို့သည်လည်း ဗိခရိ၏သား ရှေဘ၏ခေါင်းကိုဖြတ်ပြီး ယွာဘထံ ပစ်ချ၏။ ယွာဘသည်လည်း တံပိုးမှုတ်လိုက်လျှင် သူ့လူတို့သည် မြို့မှထွက်ခွာ၍ အသီးသီးကိုယ့်အိမ်သို့ပြန်သွားကြ၏။ ယွာဘမူကား ရှင်ဘုရင်ရှိရာ ဂျေရုဆလင်မြို့သို့ ပြန်သွားလေ၏။