ကိုယ်တော်၏မိန့်တော်မူချက်သည် အကျွန်ုပ်၏လျှာ၌ ချိုမြလှပါ၏။ အကျွန်ုပ်၏ခံတွင်း၌ ပျားရည်ထက် ပို၍ချိုမြပါ၏။
သုတ္တံကျမ်း။ 24:13 - မြန်မာ့စံမီသမ္မာကျမ်း ငါ့သား၊ ပျားရည်သည် ကောင်းသောကြောင့် စားသုံးလော့။ ပျားလပို့မှပျားရည်သည် သင်၏လျှာ၌ချိုမြိန်၏။ Common Language Bible ငါ့သား၊ ပျားရည်ကောင်းသောကြောင့် စား လော့။ ချိုမြိန်သော ပျားလပို့ကိုလည်း စားလော့။ Garrad Bible ငါ့ သား၊ ပျား ရည် ကောင်း သော ကြောင့်၊ စား လော့။ ပျား လ ပို့ လည်း ခံ တွင်း၌ ချို မြိန် သ ကဲ့ သို့၊ Judson Bible ငါ့သား၊ ပျားရည်ကောင်းသောကြောင့် စားလော့။ ချိုမြိန်သော ပျားလပို့ကိုလည်း စားလော့။ |
ကိုယ်တော်၏မိန့်တော်မူချက်သည် အကျွန်ုပ်၏လျှာ၌ ချိုမြလှပါ၏။ အကျွန်ုပ်၏ခံတွင်း၌ ပျားရည်ထက် ပို၍ချိုမြပါ၏။
၎င်းတို့သည် ရွှေထက်မက များစွာသောရွှေစင်ထက်ပင် နှစ်လိုဖွယ်ဖြစ်ပြီး ပျားရည်ထက်မက ပျားလပို့မှပျားရည်ထက်ပင် ချိုမြိန်၏။
နှစ်လိုဖွယ်စကားတို့သည် ပျားလပို့မှပျားရည်ကဲ့သို့ စိတ်ဝိညာဉ်၌ချိုမြိန်၍ အရိုးကိုကျန်းမာစေတတ်၏။
ပျားရည်ကိုတွေ့လျှင် သင့်အတွက် လုံလောက်ရုံမျှသာစားလော့။ ထိုသို့မစားဘဲ ဝအီအောင်စားလျှင် ၎င်းကိုအန်ထုတ်ရလိမ့်မည်။
ပျားရည်ကို များစွာစားသုံးခြင်းသည်မကောင်းပေ။ ဂုဏ်သရေပေါ် ဂုဏ်သရေထပ်၍ရှာခြင်းသည်လည်း ထိုနည်းတူဖြစ်၏။
အစာဝသောသူသည် ပျားလပို့မှပျားရည်ကိုပင် နင်းချေတတ်၏။ ဆာလောင်မွတ်သိပ်သောသူအတွက်မူကား ခါးသောအရာရှိသမျှသည် ချိုမြိန်နေတတ်၏။
အို ငါ့သတို့သမီး၊ သင့်နှုတ်ခမ်းတို့သည် ပျားလပို့မှ ပျားရည်ယိုသကဲ့သို့ ဖြစ်ပါ၏။ သင့်လျှာအောက်တွင် ပျားရည်၊ နို့ရည်တို့ ရှိပါ၏။ သင့်အဝတ်အစားတို့၏ရနံ့သည်လည်း လက်ဘနွန်ရနံ့နှင့် တူပါ၏။
“အို ငါ့နှမ၊ ငါ့သတို့သမီး၊ ငါ့ဥယျာဉ်ထဲသို့ ငါလာပြီ။ မုရန်နှင့် အမွှေးနံ့သာတို့ကို ငါစုသိမ်းပြီ။ ပျားလပို့မှပျားရည်တို့ကို ငါစားပြီ။ စပျစ်ဝိုင်နှင့် နို့ကိုလည်း ငါသောက်ရပြီ။” “အို မိတ်ဆွေတို့၊ စားကြပါ။ အို ချစ်သူတို့၊ သောက်၍ ယစ်မူးကြပါ။”
သူသည် အဆိုးကိုပယ်၍ အကောင်းကိုရွေးချယ်တတ်သည်အထိ ထောပတ်နှင့်ပျားရည်ကိုသာ စားသုံးရလိမ့်မည်။
ယောဟန်သည် ကုလားအုတ်အမွေးဖြင့်လုပ်ထားသောအဝတ်ကိုဝတ်၍ ခါး၌သားရေခါးပန်းကိုစည်းထား၏။ သူ၏အစားအစာမူကား ကျိုင်းကောင်နှင့်တောပျားရည်တို့ဖြစ်ကြ၏။
သူသည် ပျားရည်ကို လက်နှင့်နှိုက်စားပြီး ဆက်လာရာ မိဘရှိရာနေရာပြန်ရောက်လာသောအခါ မိဘကိုလည်းကျွေး၏။ သို့သော် ပျားရည်ကို ခြင်္သေ့အသေကောင်ထဲမှ နှိုက်လာကြောင်းကို မိဘတို့အား မပြောပြချေ။
သို့သော် ခမည်းတော်သည် လူတို့အား ကျိန်ဆိုစေသည်ကို ယောနသန်မသိ။ ထို့ကြောင့် သူ၏လက်ကိုဆန့်ပြီး သူကိုင်ထားသောတောင်ဝှေးအဖျားကို ပျားလပို့ထဲသို့နှစ်၍ ပျားရည်ကိုလက်နှင့်ယူစားလိုက်ရာ အားပြည့်လန်းဆန်းလာလေ၏။