သူသည် မြွေဟောက်အဆိပ်ကို စုပ်ယူလိမ့်မည်။ မြွေပွေး၏လျှာသည် သူ့ကို သတ်လိမ့်မည်။
သုတ္တံကျမ်း။ 23:32 - မြန်မာ့စံမီသမ္မာကျမ်း ထိုအရာသည် အဆုံး၌ မြွေကဲ့သို့ကိုက်၍ မြွေပွေးကဲ့သို့အဆိပ်သင့်စေတတ်၏။ Common Language Bible နောက်ဆုံး၌ မြွေကဲ့သို့ကိုက်တတ်၏။ မြွေဆိုး ကဲ့သို့ နာစေတတ်၏။ Garrad Bible အ မျို လွယ် သော် လည်း၊ Judson Bible နောက်ဆုံး၌ မြွေကဲ့သို့ ကိုက်တတ်၏။ မြွေဆိုးကဲ့သို့ နာစေတတ်၏။ |
သူသည် မြွေဟောက်အဆိပ်ကို စုပ်ယူလိမ့်မည်။ မြွေပွေး၏လျှာသည် သူ့ကို သတ်လိမ့်မည်။
သင်သည် ခြင်္သေ့နှင့်မြွေဟောက်အပေါ်နင်းသွား၍ ခြင်္သေ့ပျိုနှင့်မြွေနဂါးကို နင်းချေလိမ့်မည်။
သူတို့သည် အသီးသီးမိမိတို့၏တောင်ဝှေးကို ပစ်ချကြသောအခါ မြွေနဂါးများဖြစ်သွား၏။ သို့ရာတွင် အာရုန်၏တောင်ဝှေးသည် သူတို့၏တောင်ဝှေးများကိုမျိုလေ၏။
စပျစ်ဝိုင်သည် ပြက်ရယ်ပြုစေတတ်၏။ သေရည်သေရက်သည်လည်း ဆူပူသောင်းကျန်းစေတတ်၏။ ၎င်းတို့ကြောင့် လမ်းလွဲသောသူရှိသမျှသည် ဉာဏ်ပညာမရှိ။
နောက်ဆုံး၌ သင်၏အသွေးအသားနှင့် သင်၏ကိုယ်ခန္ဓာသည် ပျက်စီးသောအခါ သင်သည် ညည်းတွားလျက်
တွင်းကိုတူးသောသူသည် ထိုတွင်းထဲသို့ ကျတတ်၏။ တံတိုင်းကိုဖြိုဖျက်သောသူသည်လည်း မြွေကိုက်ခံရတတ်၏။
နို့စို့ကလေးငယ်သည် မြွေဟောက်တွင်းပေါ်၌ ကစားလိမ့်မည်။ နို့ပြတ်သောကလေးငယ်သည်လည်း မြွေပွေးတွင်းထဲသို့ လက်ကိုထည့်လိမ့်မည်။
သေသောက်ကြူးသူဧဖရိမ်အမျိုးတို့၏မာနသရဖူသည် ခြေအောက်၌ နင်းချေခြင်းခံရလိမ့်မည်။
သူတို့သည် မြွေပွေးဥများကိုပေါက်စေ၏။ ပင့်ကူအိမ်များကိုရက်ကြ၏။ မြွေပွေးဥများကိုစားသောသူသည် သေတတ်၏။ ဥကိုခွဲလျှင် အဆိပ်ပြင်းသောမြွေပွေးပေါက်တတ်၏။
ပရောဖက်တို့သည် မဟုတ်မမှန်ပရောဖက်ပြုကြ၏။ ယဇ်ပုရောဟိတ်တို့သည်လည်း မိမိတို့သဘောအတိုင်း အုပ်ချုပ်ကြ၏။ ထိုသို့သောအမှုအရာတို့ကို ငါ့လူမျိုးတော်သည် နှစ်သက်ကြ၏။ အဆုံး၌ သင်တို့ မည်သို့ပြုကြမည်နည်း။
ထာဝရဘုရားက “ကြည့်ရှုလော့။ ငါသည် သင်တို့ရှိရာသို့ မြွေများကိုစေလွှတ်မည်။ အလမ္ပာယ်ဆရာမန်းမှုတ်၍မနိုင်သည့်မြွေပွေးတို့သည် သင်တို့ကိုပေါက်သတ်ကြလိမ့်မည်”ဟု မိန့်တော်မူ၏။
လူသည် ခြင်္သေ့ထံမှပြေးလွတ်သော်လည်း ဝက်ဝံနှင့် ပက်ပင်းတိုးသကဲ့သို့လည်းကောင်း၊ အိမ်ထဲသို့ဝင်၍ နံရံကို လက်နှင့်ထောက်လိုက်စဉ် မြွေကိုက်ခံရသကဲ့သို့လည်းကောင်း ဖြစ်လိမ့်မည်။
ကရမေလတောင်ထိပ်တွင် ပုန်းရှောင်နေလျှင် သူတို့ကို ရှာပြီး ထိုအရပ်မှ ငါဖမ်းခေါ်လာမည်။ ငါမမြင်အောင် ပင်လယ်ကြမ်းပြင်တွင် ပုန်းနေလျှင် ထိုနေရာ၌ပင် မြွေနဂါးကို အမိန့်ပေး၍ သူတို့အား ကိုက်စေမည်။
ထိုစဉ်က ယခု သင်တို့ရှက်ကြောက်လျက်ရှိသောအရာတို့မှ မည်သည့်အကျိုးကျေးဇူးကို ရရှိခဲ့ကြသနည်း။ ထိုအရာတို့၏ရလဒ်သည် သေခြင်းဖြစ်၏။
အပျော်ကြူးခြင်းကိုဖြစ်စေသည့် စပျစ်ဝိုင်ယစ်မူးခြင်းမရှိဘဲ ဝိညာဉ်တော်နှင့်ပြည့်ဝကြလော့။