အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




သုတ္တံကျမ်း။ 22:29 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

မိမိ​အလုပ်​တွင် ကျွမ်းကျင်​သော​သူ​ကို သင်​မြင်​သလော​။ ထို​သူ​သည် ရှင်ဘုရင်​တို့​ရှေ့မှောက်​၌ ခစား​ရ​လိမ့်မည်​။ သာမန်​လူ​တို့​ရှေ့​၌ ခစား​ရ​လိမ့်မည်​မ​ဟုတ်​။

အခန်းကိုကြည့်ပါ။

Common Language Bible

ဆောင်ရွက်စရာအမှုကိုကြိုးစား၍ ပြီးစီးစေ တတ်သောသူရှိသလော။ ထိုသူသည် သာမညလူ၏ အမှုကို မဆောင်ရွက်၊ ရှင်ဘုရင်၏ အမှုတော်ကို ဆောင် ရွက်၏။

အခန်းကိုကြည့်ပါ။

Garrad Bible

အ ကြင် သူ သည်၊ အ မှု အ ရေး၌ လျင် မြန် စွာ စီ ရင် နိုင် သည် ကို တွေ့ ရှိ အံ့။ ထို သူ သည်၊ သာ မ ည လူ တို့ ရှေ့ မှာ မ ဟုတ်၊ ဘု ရင် မင်း ရှေ့ တော် တွင် ခ စား ခွင့် ရ လိမ့် မည်။

အခန်းကိုကြည့်ပါ။

Judson Bible

ဆောင်​ရွက်​စ​ရာ​အ​မှု​ကို ကြိုး​စား၍ ပြီး​စီး​စေ​တတ်​သော​သူ​ရှိ​သ​လော။ ထို​သူ​သည် သာ​မ​ည​လူ၏​အ​မှု​ကို မ​ဆောင်​ရွက်၊ ရှင်​ဘု​ရင်၏​အ​မှု​တော်​ကို ဆောင်​ရွက်ရ၏။

အခန်းကိုကြည့်ပါ။



သုတ္တံကျမ်း။ 22:29
19 ပူးပေါင်းရင်းမြစ်များ  

ဖာရော​မင်းကြီး​က မိမိ​၏​အမှုထမ်း​တို့​အား “​ဘုရားသခင်​၏​ဝိညာဉ်​တော်​ကို​ရ​သည့် ဤသို့သော​သူ​ကို ငါ​တို့​ရှာတွေ့​နိုင်​မည်လော​”​ဟု မိန့်ဆို​၏​။


ယောသပ်​သည် အီဂျစ်​ဘုရင်​ဖာရော​မင်းကြီး​ထံ၌ အမှုထမ်း​သောအခါ အသက်​သုံးဆယ်​ရှိ​ပြီ​ဖြစ်​၏​။ ယောသပ်​သည် ဖာရော​မင်းကြီး​ထံ​မှ​ထွက်လာ​၍ အီဂျစ်​ပြည်​တစ်ပြည်လုံး​ကို​လှည့်လည်​ကြည့်ရှု​၏​။


အီဂျစ်​ပြည်​သည် သင့်​မျက်စိ​ရှေ့​၌​ရှိ​၏​။ သင့်​ဖခင်​နှင့်​သင့်​ညီအစ်ကို​တို့​ကို ဤ​ပြည်​၏​အကောင်းဆုံး​နေရာ​၌ နေရာချ​ပေး​လော့​။ ဂေါရှင်​အရပ်​၌ နေထိုင်​စေ​လော့​။ သူ​တို့​ထဲ၌ အရည်အချင်း​ရှိ​သူ​ပါ​ကြောင်း သင်​သိ​လျှင် သူ​တို့​အား ငါ​၏​တိရစ္ဆာန်​တို့​ကို​ကြီးကြပ်ကွပ်ကဲ​သူ​အဖြစ် ခန့်ထား​လော့​”​ဟု မိန့်ဆို​လေ​၏​။


ထို့နောက်တွင် အာသဟေလ​အလောင်း​ကို သူ့​ဖခင်​သင်္ချိုင်း​ရှိ​ရာ ဗက်လင်​မြို့​သို့ သယ်သွား​ပြီး သင်္ဂြိုဟ်​ကြ​၏​။ ထို့နောက် ယွာဘ​နှင့်​သူ့​လူ​တို့​သည် ညတွင်းချင်း​ပြန်လာ​ကြ​ရာ မိုးလင်း​မှ ဟေဗြုန်​မြို့​သို့ ပြန်ရောက်​ကြ​၏​။


မင်းကြီး​ထံ​ခစား​ရ​သော​သူ​တို့​သည် မင်္ဂလာ​ရှိ​လှ​ပါ​သည်​တကား​။ ရှေ့​တော်​တွင် အစဉ်​အမှုထမ်း​ရ​ပြီး မင်းကြီး​၏​ပညာစကား​ကို ကြားနာ​ရ​သော​သူ​တို့​သည် မင်္ဂလာ​ရှိ​လှ​ပါ​သည်​တကား​။


ယေရောဗောင်​သည် လုပ်ရည်ကိုင်ရည်​ရှိ​သူ​ဖြစ်​၏​။ ရှောလမုန်​မင်းကြီး​သည် ဤသို့ အလုပ်ကြိုးစား​သော​ထို​လူငယ်​ကို​မြင်​လျှင် ယောသပ်​အမျိုးအနွယ်​တို့​တာဝန်ယူ​ရ​သော​အလုပ်​ဟူသမျှ​ကို ကြီးကြပ်သူ​အဖြစ်​ခွဲခန့်​ထား​၏​။


သူ​တို့​သည် အိုးထိန်းသည်​များ ဖြစ်​ကြ​ပြီး နတိမ်​မြို့​၊ ဂဒေရ​မြို့​တို့​တွင် နေထိုင်​ကြ​၏​။ ရှင်ဘုရင်​နှင့်အတူ ထို​အရပ်​တွင်​နေထိုင်​ပြီး ဘုရင့်​အမှု​တော်​ကို ထမ်းဆောင်​ကြ​၏​။


လုံ့လနည်း​သော​လက်​သည် ဆင်းရဲ​ခြင်း​ကို​ဖြစ်​စေ​၏​။ ဝီရိယ​ရှိ​သော​လက်​မူကား ချမ်းသာကြွယ်ဝ​စေ​၏​။


ဝီရိယ​ရှိ​သော​သူ​၏​လက်​သည် အုပ်စိုး​ရ​လိမ့်မည်​။ လုံ့လနည်း​သော​သူ​မူကား အတင်းအကျပ်​စေခိုင်း​ခြင်း​ခံရ​လိမ့်မည်​။


သင်​သည် အုပ်စိုး​သူ​မင်း​နှင့်အတူ စားသောက်​ရန် ထိုင်​သောအခါ သင်​၏​ရှေ့​၌​ရှိ​သော​အရာ​တို့​ကို သတိ​နှင့်​ဆင်ခြင်သုံးသပ်​လော့​။


သင်​လုပ်ဆောင်စရာအမှု​ရှိသမျှ​ကို ခွန်အား​စိုက်ထုတ်​၍​လုပ်ဆောင်​လော့​။ အကြောင်းမူကား သင်​သွား​ရ​မည့် မရဏာနိုင်ငံ​တွင် အလုပ်အကိုင်​မ​ရှိ​၊ အကြောင်းအကျိုး​မ​ရှိ​၊ အသိပညာ​မ​ရှိ​၊ ဉာဏ်ပညာ​လည်း​မ​ရှိ​။


ရှင်ဘုရင်​သည် သူ​တို့​နှင့်​အပြန်အလှန်​ပြောဆို​ကြည့်​သောအခါ ဒံယေလ​၊ ဟာနနိယ​၊ မိရှေလ​၊ အာဇရိ​တို့​ကဲ့သို့သော​သူ တစ်ယောက်​မျှ​မ​တွေ့​။ ထို့ကြောင့် သူ​တို့​သည် ဘုရင့်​ထံပါး​၌ ခစား​ခွင့်​ရ​လေ​၏​။


ကိုယ်အင်္ဂါ​မ​ချို့ယွင်း​သူ​၊ ကိုယ်ခန္ဓာ​သန်မာ​ထွားကျိုင်း​သူ​၊ ဘက်စုံထူးချွန်​သူ​၊ အသိပညာ​ကြွယ်ဝ​သူ​၊ နန်းတွင်း​၌​အမှုထမ်း​နိုင်စွမ်း​သူ လူငယ်​တို့​ကို ခါလဒဲ​စာပေ​နှင့် ဘာသာစကား​ကို သင်ကြား​ပေး​ရန် အမိန့်ပေး​လေ​၏​။


သူ​၏​သခင်​က​လည်း ‘ကောင်းလေစွ။ သစ္စာရှိ​သော​အစေအပါး​ကောင်း၊ သင်​သည် အနည်းငယ်​သော​အရာ​၌ သစ္စာရှိ​၏။ များစွာ​သော​အရာ​တို့​ကို သင့်​အား​ကြီးကြပ်​စောင့်ရှောက်​စေ​မည်။ သင့်​သခင်​၏​ဝမ်းမြောက်​ခြင်း​၌ ပါဝင်​ဆင်နွှဲ​လော့’​ဟု ဆို​လေ​၏။


သူ​၏​သခင်​က​လည်း ‘ကောင်းလေစွ။ သစ္စာရှိ​သော​အစေအပါး​ကောင်း၊ သင်​သည် အနည်းငယ်​သော​အရာ​၌ သစ္စာရှိ​၏။ များစွာ​သော​အရာ​တို့​ကို သင့်​အား ကြီးကြပ်​စောင့်ရှောက်​စေ​မည်။ သင့်​သခင်​၏​ဝမ်းမြောက်​ခြင်း​၌ ပါဝင်​ဆင်နွှဲ​လော့’​ဟု ဆို​လေ​၏။


လုံ့လ​ဝီရိယ​စိုက်ထုတ်​ရာ​တွင် ပျင်းရိ​ခြင်း​မ​ရှိ​ဘဲ ဝိညာဉ်ရေး​၌​ထက်သန်​လျက် သခင်​ဘုရား​ကို​အစေခံ​ကြ​လော့။


နှုတ်ကပတ်တော်​ကို​ဟောပြော​လော့။ အခွင့်အခါ​ကောင်း​သည်​ဖြစ်စေ၊ မကောင်း​သည်​ဖြစ်စေ မဆုတ်မနစ်​ကြိုးစား​လော့။ စိတ်ရှည်​ခြင်း​အပြည့်အဝ​ဖြင့်​သွန်သင်​လျက် အပြစ်​ဖော်ပြ​ခြင်း၊ သတိပေး​ခြင်း၊ တိုက်တွန်း​နှိုးဆော်​ခြင်း​တို့​ကို​ပြု​လော့။


ဒါဝိဒ်​သည် ရှောလု​မင်းကြီး​ထံသို့​ရောက်​၍ ရှေ့​တော်​၌​အခစား​ဝင်​သောအခါ ရှောလု​မင်းကြီး​သည် သူ့​ကို အလွန်​သဘောကျ​သဖြင့် မိမိ​၏​လက်နက်ကိုင်​အဖြစ် ခန့်အပ်​လေ​၏​။


ဒါဝိဒ်​ပြော​သော​စကား​ကို​ကြား​သော​သူ​အချို့​တို့​က ရှောလု​မင်းကြီး​ထံ​သို့ လျှောက်တင်​ကြ​သဖြင့် ရှောလု​မင်းကြီး​သည် ဒါဝိဒ်​ကို ဆင့်ခေါ်​လေ​၏​။