အစ်ကိုတို့သည် သူ့ကိုမနာလိုဖြစ်ကြ၏။ ဖခင်မူကား ထိုအကြောင်းအရာကို စိတ်နှလုံးထဲ၌မှတ်ကျုံးထားလေ၏။
သုတ္တံကျမ်း။ 18:19 - မြန်မာ့စံမီသမ္မာကျမ်း စော်ကားပြစ်မှားခြင်းခံရသောညီအစ်ကိုသည် ခိုင်ခံ့သောမြို့ထက် ပို၍မာကျော၏။ ငြင်းခုံရန်တွေ့ခြင်းသည်လည်း ခံတပ်၏ကန့်လန့်ကျင်ကဲ့သို့ဖြစ်၏။ Common Language Bible အငြိုးထားသောညီအစ်ကိုသည် ခိုင်ခံ့သောမြို့ ထက် သာ၍ခက်၏။ ညီအစ်ကို ရန်တွေ့ခြင်းအမှုသည် ရဲတိုက်တံခါးကျင်ကဲ့သို့ ဖြစ်၏။ Garrad Bible ကျူး လွန် ၍ စိတ် နာ သော ညီ အစ် ကို ရ ရန် သည်၊ ခိုင် ခံ့ သော မြို့ ကို ရ ရန် ထက် ခက်၏။ ထို သူ နှင့် ရန် တွေ့ ရ ခြင်း လည်း၊ ရဲ တိုက် ကန့် လန့် ကျင် ကဲ့ သို့ ဖြစ်၏။ Judson Bible အငြိုးထားသော ညီအစ်ကိုသည် ခိုင်ခံ့သောမြို့ထက် သာ၍ခက်၏။ ညီအစ်ကို ရန်တွေ့ခြင်းအမှုသည် ရဲတိုက်တံခါးကျင်ကဲ့သို့ ဖြစ်၏။ |
အစ်ကိုတို့သည် သူ့ကိုမနာလိုဖြစ်ကြ၏။ ဖခင်မူကား ထိုအကြောင်းအရာကို စိတ်နှလုံးထဲ၌မှတ်ကျုံးထားလေ၏။
အဗရှလုံသည် မိမိနှမတာမာအား အာမနုန်အဓမ္မပြုလိုက်သဖြင့် အာမနုန်ကိုမုန်းတီး၏။ သို့သော် သူ့အား ကောင်းသည်၊ ဆိုးသည် မည်သည့်စကားတစ်ခွန်းကိုမျှမပြောဘဲနေ၏။
ထိုအခါ အဗရှလုံက သူ့ငယ်သားတို့အား “သင်တို့ စောင့်ကြည့်ပါ။ စပျစ်ဝိုင်ကြောင့် အာမနုန် စိတ်မြူးလာသောအခါ ငါက ‘အာမနုန်ကို သတ်လိုက်ပါ’ဟု ဆိုလျှင် သူ့ကိုသတ်လိုက်ပါ။ ငါအမိန့်ပေးသည်မဟုတ်လော။ သင်တို့မကြောက်ကြနှင့်။ အားယူပြီး သတ္တိရှိကြပါ”ဟု မှာထား၏။
အစ္စရေးလူမျိုးအပေါင်းတို့သည် မိမိတို့စကားကို ရှင်ဘုရင်နားမထောင်ကြောင်း သိမြင်လျှင် သူတို့က ရှင်ဘုရင်အား “ဒါဝိဒ်မင်းကြီး၌ ငါတို့ မည်သည့်ဝေစုရှိသနည်း။ ယေရှဲ၏သား၌ ငါတို့အမွေခံစရာမရှိ။ အို အစ္စရေးလူမျိုးတို့၊ ကိုယ့်တဲသို့ ကိုယ်ပြန်ကြလော့။ အို ဒါဝိဒ်မင်းကြီး၊ ကိုယ့်အမျိုးအနွယ်ကို စောင့်ရှောက်ပါလော့”ဟု ပြန်ပြောပြီး အစ္စရေးလူမျိုးတို့သည် ကိုယ့်တဲသို့ ကိုယ်ပြန်သွားကြလေ၏။
အဘိယမင်းကြီးနှင့် သူ၏လူတို့သည် အစ္စရေးစစ်သူရဲတို့ကို အပြင်းအထန်တိုက်ခိုက်သဖြင့် လက်ရွေးစင်စစ်သူရဲပေါင်း ငါးသိန်းမျှ ကျဆုံး၏။
စိတ်ရှည်သောသူသည် သူရဲကောင်းထက် ပို၍ကောင်း၏။ မိမိ၏စိတ်ကို ထိန်းချုပ်နိုင်သောသူသည်လည်း မြို့ကိုသိမ်းပိုက်နိုင်သောသူထက် ပို၍ကောင်း၏။
မဲချခြင်းသည် ငြင်းခုံရန်တွေ့ခြင်းကိုအဆုံးသတ်စေ၍ အင်အားကြီးသောသူတို့အကြား ဖျန်ဖြေပေးတတ်၏။
လူသည် မိမိနှုတ်၏အသီးအပွင့်ဖြင့် မိမိဝမ်းကိုပြည့်စေ၍ မိမိနှုတ်ခမ်း၏အမြတ်အစွန်းဖြင့် အလိုပြည့်စုံတတ်၏။
လိမ်လည်ထွက်ဆိုသောမုသားသက်သေနှင့် ညီအစ်ကိုတို့ကြား၌ အငြင်းပွားမှုများဖြစ်ပွားစေသော သူတို့ဖြစ်ကြ၏။
ထိုအခါ ပြင်းထန်သောငြင်းခုံမှုဖြစ်ပွားသဖြင့် သူတို့သည် တစ်ဦးနှင့်တစ်ဦးလမ်းခွဲကြ၍ ဗာနဗသည် မာကုကိုခေါ်ပြီး ဆိုက်ပရပ်ကျွန်းသို့ ရွက်လွှင့်သွားကြ၏။
ထိုသို့ ဒါဝိဒ်နှင့်လူတို့ ပြောဆိုနေကြသည်ကို ဒါဝိဒ်၏အစ်ကိုအကြီးဆုံးဖြစ်သူ ဧလျာဘကြားသိလျှင် ဒါဝိဒ်ကိုအမျက်ထွက်၍ “သင် အဘယ်ကြောင့် ဤနေရာသို့ ဆင်းလာသနည်း။ တောကန္တာရမှ သိုးအနည်းငယ်ကို မည်သူနှင့် ထားခဲ့သနည်း။ သင်၌မာန်မာနရှိကြောင်း၊ မကောင်းသောစိတ်ကူးရှိနေကြောင်း ငါသိ၏။ တိုက်ပွဲကို ကြည့်လို၍ သင်လာခဲ့သည်မဟုတ်လော”ဟု သူ့အား ပြောဆိုလေ၏။