အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




သုတ္တံကျမ်း။ 18:14 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

လူ​၏​စိတ်​သည် သူ​၏​ရောဂါဝေဒနာ​ကို ခံရပ်​နိုင်​၏​။ သို့သော် စိတ်​ထိခိုက်​နာကျင်​ခြင်း​ကို​ကား မည်သူ​ခံနိုင်​မည်နည်း​။

အခန်းကိုကြည့်ပါ။

Common Language Bible

လူ၏စိတ်ဝိညာဉ်သည် မိမိနာခြင်းဝေဒနာကို ခံနိုင်၏။ ကြေကွဲသောစိတ်ကိုကား၊ အဘယ်သူသည်းခံ နိုင်သနည်း။

အခန်းကိုကြည့်ပါ။

Garrad Bible

လူ့ စိတ် သည်၊ ရုပ် အား နည်း ခြင်း ကို ခံ နိုင် သော် လည်း၊ ကြေ ကွဲ သော စိတ် ကို ကား၊ မည် သူ ခံ ရပ် နိုင် သ နည်း။

အခန်းကိုကြည့်ပါ။

Judson Bible

လူ၏​စိတ်​ဝိ​ညာဉ်​သည် မိ​မိ​နာ​ခြင်း​ဝေ​ဒ​နာ​ကို ခံ​နိုင်၏။ ကြေ​ကွဲ​သော​စိတ်​ကို​ကား၊ အ​ဘယ်​သူ သည်း​ခံ​နိုင်​သ​နည်း။

အခန်းကိုကြည့်ပါ။



သုတ္တံကျမ်း။ 18:14
26 ပူးပေါင်းရင်းမြစ်များ  

အကယ်စင်စစ် အနန္တတန်ခိုးရှင်​ထံမှ မြား​တို့​သည် ငါ့​ကိုယ်​၌​စိုက်ဝင်​လျက်​ရှိ​၏​။ ငါ့​စိတ်ဝိညာဉ်​သည် ထို​မြား​တို့​၏​အဆိပ်ရည်​ကို သောက်သုံး​နေ​ရ​၏​။ ဘုရားသခင်​ထံမှ ကြောက်မက်ဖွယ်​ရာ​တို့​သည် ငါ့​ရှေ့​၌ တန်းစီ​လျက်​ရှိ​၏​။


အကြောင်းမူကား အကျွန်ုပ်​သည် အဖိနှိပ်​ခံရ​သော​သူ​၊ နွမ်းပါး​သော​သူ ဖြစ်​ပါ​၏​။ အကျွန်ုပ်​၏​စိတ်နှလုံး​သည်​လည်း အကျွန်ုပ်​အထဲ​၌ နာကျင်​လျက်​ရှိ​ပါ​၏​။


ကိုယ်တော်​သည် စိတ်နှလုံး​ကျိုးပဲ့​သော​သူ​တို့​ကို ကျန်းမာ​စေ​၍ သူ​တို့​၏​ဒဏ်ရာ​များ​ကို ပတ်စည်း​ပေး​တော်မူ​၏​။


ရန်သူ​၏​အသံ​နှင့် ဆိုးယုတ်​သော​သူ​၏​ဖိစီးမှု​ကြောင့် စိတ်ရှုပ်ထွေး​နေ​ပါ​၏​။ အကြောင်းမူကား သူ​တို့​သည် အကျွန်ုပ်​အပေါ် ဆင်းရဲဒုက္ခ​ကျရောက်​စေ​၍ အကျွန်ုပ်​ကို​အမျက်​ထွက်​လျက် အငြိုးထား​ကြ​ပါ​၏​။


ကြောက်ရွံ့​ခြင်း​နှင့်​ထိတ်လန့်တုန်လှုပ်​ခြင်း​သည် အကျွန်ုပ်​အပေါ်​ကျရောက်​၍ ကြောက်ရွံ့စိတ်​သည်​လည်း အကျွန်ုပ်​ကို​လွှမ်းမိုး​လျက်​ရှိ​ပါ​၏​။


မောရှေ​သည် အစ္စရေး​အမျိုးသား​တို့​အား ထိုအတိုင်း​ဆင့်ဆို​သော်လည်း သူ​တို့​သည် စိတ်နာကြည်း​သောကြောင့်​လည်းကောင်း​၊ ကြမ်းတမ်း​စွာ​ကျွန်ပြု​ခံရ​သောကြောင့်​လည်းကောင်း မောရှေ​၏​စကား​ကို နား​မ​ထောင်​ကြ​ပေ​။


ဝမ်းမြောက်​သော​စိတ်နှလုံး​သည် မျက်နှာ​ကို​ရွှင်လန်း​စေ​တတ်​၏​။ သို့သော် ဝမ်းနည်းပူဆွေး​သော​စိတ်နှလုံး​ကြောင့် စိတ်​ထိခိုက်​နာကျင်​ရ​တတ်​၏​။


ဝမ်းမြောက်​သော​စိတ်နှလုံး​သည် ဆေး​ကောင်း​တစ်​လက်​ဖြစ်​၏​။ စိတ်​ထိခိုက်​နာကျင်​ခြင်း​မူကား အရိုး​ကို​ခြောက်သွေ့​စေ​တတ်​၏​။


ငါ​တို့​၏​ဝါကြွား​စရာ​အကြောင်းမှာ ဤသို့​ဖြစ်​၏။ ငါ​တို့​သည် လောက​၌၊ အထူးသဖြင့် သင်​တို့​ရှေ့မှောက်​၌ လောကီ​ဉာဏ်ပညာ​ကို​အမှီ​မ​ပြု​ဘဲ ဘုရားသခင်​၏​ကျေးဇူး​တော်​ကို​သာ အမှီပြု​လျက် ဘုရားသခင်​ထံမှ​လာ​သော ရိုးသား​ဖြူစင်​ခြင်း​တို့​ဖြင့် အသက်ရှင်​နေထိုင်​ခဲ့​ကြောင်း ငါ​တို့​၏​အသိစိတ်​သည် သက်သေခံ​၏။


ထို့ကြောင့် ယခု​အခါ​တွင် သင်​တို့​သည် သူ့​ကို​ခွင့်လွှတ်​၍ နှစ်သိမ့်​ပေး​သင့်​၏။ သို့မဟုတ်လျှင် သူ​သည် ကြီးစွာ​သော​ဝမ်းနည်း​ခြင်း​၌ နစ်မွန်း​သွား​လိမ့်မည်။


ငါ့​ညီအစ်ကို​တို့၊ သင်​တို့​သည် အမျိုးမျိုး​သော​စုံစမ်း​နှောင့်ယှက်​ခြင်း​နှင့် ကြုံတွေ့​ရ​သောအခါ ဝမ်းမြောက်​စရာ​သက်သက်​ဖြစ်​သည်​ဟု မှတ်ယူ​ကြ​လော့။


သင်​တို့​သည် ယခု​အချိန်​တွင် စုံစမ်း​နှောင့်ယှက်​ခြင်း​အမျိုးမျိုး​ကြောင့် ခေတ္တ​ခဏ​ဝမ်းနည်း​ရ​လျှင်​လည်း အထက်​၌​ဆို​ခဲ့​ပြီး​သော​အကြောင်း​ကြောင့် ရွှင်မြူး​ခြင်း​ရှိ​ကြ​၏။