မဲကို ပေါင်ခွင်၌ချတတ်ကြ၏။ သို့သော် စီရင်ဆုံးဖြတ်ချက်အားလုံးသည် ထာဝရဘုရားထံတော်မှလာ၏။
စာရေးတံတို့ကို အိတ်ထဲ၌ လောင်းလျက်ရှိရာ တွင်၊ ခွဲဝေစီရင်ခြင်းအမှုကို ထာဝရဘုရားပိုင်တော်မူ၏။
ရင် ခွင်၌၊ မဲ ချ ရန် အ ကြောင်း ပြု လျက် ပင်၊ အ ကျိုး ရှိ သ မျှ ကို ကား၊ ထာ ဝ ရ ဘု ရား စီ ရင် တော် မူ၏။
စာရေးတံတို့ကို အိတ်ထဲ၌လောင်းလျက်ရှိရာတွင်၊ ခွဲဝေစီရင်ခြင်းအမှုကို ထာဝရဘုရားပိုင်တော်မူ၏။
လူထုအကြီးအကဲတို့သည် ဂျေရုဆလင်မြို့၌ နေထိုင်ကြ၏။ ကျန်သောသူတို့မူကား မဲချဆုံးဖြတ်သည့်အတိုင်း လူဆယ်ယောက်တွင် တစ်ယောက်သည် သန့်ရှင်းရာအရပ်ဂျေရုဆလင်မြို့တွင် နေထိုင်ရမည်ဖြစ်ပြီး ကျန်ကိုးယောက်ကား အခြားသောမြို့ရွာများတွင် နေထိုင်ရမည်ဖြစ်သည်။
စိတ်ရှည်သောသူသည် သူရဲကောင်းထက် ပို၍ကောင်း၏။ မိမိ၏စိတ်ကို ထိန်းချုပ်နိုင်သောသူသည်လည်း မြို့ကိုသိမ်းပိုက်နိုင်သောသူထက် ပို၍ကောင်း၏။
မဲချခြင်းသည် ငြင်းခုံရန်တွေ့ခြင်းကိုအဆုံးသတ်စေ၍ အင်အားကြီးသောသူတို့အကြား ဖျန်ဖြေပေးတတ်၏။
များစွာသောလူတို့သည် အုပ်စိုးသူမင်းထံမှ မျက်နှာရရန်ရှာကြံတတ်ကြ၏။ သို့ရာတွင် လူသည် တရားမျှတမှုကို ထာဝရဘုရားထံတော်မှရ၏။
ဘေဘီလုံဘုရင်သည် လမ်းနှစ်လမ်းဆုံရာ လမ်းခွ၌ရပ်၍ ဗေဒင်တွက်၏။ သူသည် မြားတို့ကို ခလောက်၍မဲချ၏။ ရုပ်တုများကို မေးမြန်း၏။ အသည်းဗေဒင်ကို ဖတ်၏။
အာရုန်သည် ထိုဆိတ်သငယ်နှစ်ကောင်ကို မဲချရမည်။ မဲတစ်ခုသည် ထာဝရဘုရားအဖို့ဖြစ်၍ ကျန်မဲတစ်ခုသည် အဇာဇယ်အဖို့ဖြစ်၏။
ထို့နောက် သူတို့က “မည်သူ့ကြောင့် ငါတို့အပေါ် ဤဘေးဆိုးကျရောက်သည်ကိုသိရှိနိုင်ရန် လာကြ၊ မဲချကြစို့”ဟု အချင်းချင်းပြောဆိုပြီး မဲချကြရာ ယောန၌မဲကျလေ၏။
ထို့နောက် ထိုသူနှစ်ဦးအတွက်မဲချကြရာ မဿိအပေါ်မဲကျသဖြင့် သူသည် တမန်တော်တစ်ဆယ့်တစ်ပါးတို့နှင့်အတူ တမန်တော်စာရင်းဝင်လေ၏။
ယောရှုလည်း ရှိလောမြို့တွင် ထာဝရဘုရားရှေ့တော်၌ မဲချ၍ အစ္စရေးလူမျိုးတို့အား မျိုးနွယ်စုအလိုက် အမွေမြေကို ခွဲဝေပေး၏။
ပြည်ကို ခုနစ်ပိုင်းပိုင်းရမည်။ ယုဒလူမျိုးသည် တောင်ဘက်နယ်မြေတွင် နေထိုင်ရမည်။ ယောသပ်အမျိုးအနွယ်ကား မြောက်ဘက်နယ်မြေတွင် နေထိုင်ရမည်။
မနက်ဖြန်နံနက်၌ သင်တို့အမျိုးအနွယ်အလိုက် ချဉ်းကပ်ရမည်။ ထာဝရဘုရားရွေးထုတ်သောအမျိုးအနွယ်သည် မျိုးနွယ်စုအလိုက် ချဉ်းကပ်ရမည်။ ထာဝရဘုရားရွေးထုတ်သောမျိုးနွယ်စုသည် အိမ်ထောင်စုအလိုက် ချဉ်းကပ်ရမည်။ ထာဝရဘုရားရွေးထုတ်သောအိမ်ထောင်စုသည် တစ်ယောက်ချင်းစီ ချဉ်းကပ်ရမည်။
ငါတို့ ဤသို့ အစီစဉ်ဆွဲမည်။ မဲချပြီး ဂိဗာမြို့ကို သွားတိုက်ကြမည်။
သို့သော် သင်တို့အား ရှိသမျှဘေးအန္တရာယ်များနှင့် ဆင်းရဲဒုက္ခများထဲမှ ကယ်တင်ခဲ့သောဘုရားသခင်ကို ယနေ့ သင်တို့စွန့်ပယ်၍ ‘အကျွန်ုပ်တို့အဖို့ ရှင်ဘုရင်ကို ခန့်အပ်ပေးပါလော့’ဟု သင်တို့ဆိုသောကြောင့် ယခု သင်တို့အမျိုးအနွယ်အလိုက်၊ မျိုးနွယ်စုအလိုက် ထာဝရဘုရားရှေ့တော်၌ ရပ်နေကြလော့”ဟု ဆို၏။