Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယော​န 1:7 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

7 ထို့နောက် သူ​တို့​က “​မည်သူ့​ကြောင့် ငါ​တို့​အပေါ် ဤ​ဘေးဆိုး​ကျရောက်​သည်​ကို​သိရှိ​နိုင်​ရန် လာ​ကြ​၊ မဲ​ချ​ကြ​စို့​”​ဟု အချင်းချင်း​ပြောဆို​ပြီး မဲ​ချ​ကြ​ရာ ယောန​၌​မဲ​ကျ​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

7 ထို​နောက်​သင်္ဘော​သား​တို့​က``ငါ​တို့​ဤ​ကဲ့​သို့​ဘေး​ဒုက္ခ​ရောက်​ရ​သည်​မှာ အ​ဘယ်​သူ​၏​အ​ပြစ်​ကြောင့်​ဖြစ်​သည်​ကို​သိ​ရ​အောင်​မဲ​ချ​ကြ​ကုန်​အံ့'' ဟု​အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။ သူ​တို့​မဲ​ချ​ကြ​သော​အ​ခါ​ယော​န​မဲ​ကျ​လေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

7 ထို သူ တို့ က လည်း လာ ကြ။ မည် သူ့ အ တွက် ကြောင့် ဤ ဘေး သင့် ရောက် သည် ကို ငါ တို့ သိ စေ ခြင်း ငှာ၊ မဲ ချ ကြ ကုန် အံ့ ဟု အ ချင်း ချင်း ပြော ဆို၍ မဲ ချ လျှင်၊ ယော န အ ပေါ် သို့ ကျ လေ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

7 နောက်​တစ်​ဖန် သူ​တို့​က၊ လာ​ကြ။ အ​ဘယ်​သူ၏​အ​ပြစ်​ကြောင့် ဤ​အ​မှု​ရောက်​သည်​ကို ငါ​တို့​သိ​ရ​မည်​အ​ကြောင်း စာ​ရေး​တံ​ချ​ကြ​ကုန်​အံ့​ဟု တိုင်​ပင်၍၊ စာ​ရေး​တံ​ချ​လျှင် ယော​န၌ စာ​ရေး​တံ​ကျ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​န 1:7
18 ပူးပေါင်းရင်းမြစ်များ  

ထို့ကြောင့် အာရွှေရု​မင်းကြီး​နန်းစံ​တစ်ဆယ့်​နှစ်​နှစ်​၊ နိသန်​ဟု​ခေါ်​သော​ပထမ​လ​တွင် ဟာမန်​ရှေ့​၌ တစ်ရက်​ပြီး​တစ်ရက်​၊ တစ်လ​ပြီး​တစ်လ ပုရ​မဲ​ကို​ချ​ရာ အာဒါ​ဟု​ခေါ်​သော​တစ်ဆယ့်​နှစ်​လ​တွင် မဲကျ​၏​။


ငါ​သည် ဘုရားသခင်​အား ‘​အကျွန်ုပ်​ကို အပြစ်ရှိ​သည်​ဟု မ​စီရင်​ပါ​နှင့်​။ အဘယ်ကြောင့် အကျွန်ုပ်​အား စွဲချက်တင်​တော်မူ​သည်​ကို အကျွန်ုပ်​အား မိန့်ဆို​တော်မူ​ပါ​။


သူ​တို့​သည် အကျွန်ုပ်​၏​အဝတ်​တို့​ကို အချင်းချင်း​ခွဲဝေ​ကြ​၍ အကျွန်ုပ်​၏​ဝတ်လုံ​အတွက် မဲ​ချ​ကြ​ပါ​၏​။


မဲ​ကို ပေါင်ခွင်​၌​ချ​တတ်​ကြ​၏​။ သို့သော် စီရင်ဆုံးဖြတ်ချက်​အားလုံး​သည် ထာဝရဘုရား​ထံ​တော်​မှ​လာ​၏​။


ထိုသို့​မ​ပြု​လျှင် သင်​တို့​သည် ထာဝရဘုရား​ကို​ပြစ်မှား​ပြီ​ဖြစ်၍ သင်​တို့​အပြစ်​အတွက် သင်​တို့ ခံရ​မည်​ဟု သိမှတ်​ကြ​လော့​။


ထိုအခါ သူ​တို့​သည် ကိုယ်တော်​ကို လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ကြ​ပြီး ကိုယ်တော်​၏​အဝတ်​တော်​များ​ကို မဲ​ချ​၍ ခွဲဝေ​ကြ​၏။


ထို့နောက် ခါနာန်​ပြည်​ရှိ​လူမျိုး​ခုနစ်​မျိုး​တို့​ကို ဖျက်ဆီး​၍ သူ​တို့​၏​တိုင်းပြည်​ကို လူမျိုး​တော်​အား အမွေ​အဖြစ်​ခွဲဝေ​ပေး​တော်မူ​၏။


သို့ဖြစ်၍ သခင်​ဘုရား​ကြွလာ​တော်​မ​မူ​မီ မည်သည့်​အရာ​ကို​မျှ အချိန်​မ​တန်​ဘဲ မ​စီရင်​ကြ​နှင့်။ ထို​သခင်​သည် အမှောင်​ထဲ၌ ကွယ်ဝှက်​ထား​သော​အရာ​များ​ကို အလင်း​သို့​ယူဆောင်​လာ​ပြီး စိတ်နှလုံး​အကြံအစည်​များ​ကို ထင်ရှား​စေ​တော်မူ​လိမ့်မည်။ ထိုအခါ လူ​အသီးသီး​တို့​သည် ဘုရားသခင်​ထံ​တော်​မှ ချီးမွမ်း​ခြင်း​ကို​ခံရ​ကြ​လိမ့်မည်။


ထိုအခါ ထာဝရဘုရား​က ယောရှု​အား “​ထ​လော့​။ အဘယ်ကြောင့် ဤသို့​ပျပ်ဝပ်​လျက်​နေ​ရ​သနည်း​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ