အကယ်စင်စစ် ထာဝရဘုရားသည် မြင့်မြတ်တော်မူသော်လည်း နှိမ့်ချသောသူတို့ကို ကြည့်ရှုတော်မူ၏။ ဘဝင်မြင့်သောသူတို့ကိုကား အဝေးကပင် သိတော်မူ၏။
သုတ္တံကျမ်း။ 16:19 - မြန်မာ့စံမီသမ္မာကျမ်း ဖိစီးနှိပ်စက်ခြင်းခံရသောသူတို့နှင့်အတူ စိတ်နှိမ့်ချလျက်နေခြင်းသည် မောက်မာသောသူတို့နှင့်အတူ လုယက်ပစ္စည်းကို ခွဲဝေရခြင်းထက် ပို၍ကောင်း၏။ Common Language Bible စိတ်နှိမ့်ချသောသူတို့နှင့် ပေါင်းဘော်၍ စိတ် နှိမ့်ချခြင်းသည်၊ မာနကြီးသော သူတို့နှင့် ဆက်ဆံ၍ လုယူ သောဥစ္စာကို ဝေမျှခြင်းထက် သာ၍ကောင်း၏။ Garrad Bible မာ န ကြီး သူ တို့ နှင့် အ တူ လက် ရ ဥ စ္စာ ကို ဝေ မျှ ခြင်း ထက်၊ ဆင်း ရဲ သူ တို့ နှင့် အ တူ စိတ် နှိမ့် ချ ရ ခြင်း သည် သာ ၍ မြတ် ၏။ Judson Bible စိတ်နှိမ့်ချသောသူတို့နှင့် ပေါင်းဖော်၍ စိတ်နှိမ့်ချခြင်းသည်၊ မာနကြီးသောသူတို့နှင့် ဆက်ဆံ၍ လုယူသောဥစ္စာကို ဝေမျှခြင်းထက် သာ၍ကောင်း၏။ |
အကယ်စင်စစ် ထာဝရဘုရားသည် မြင့်မြတ်တော်မူသော်လည်း နှိမ့်ချသောသူတို့ကို ကြည့်ရှုတော်မူ၏။ ဘဝင်မြင့်သောသူတို့ကိုကား အဝေးကပင် သိတော်မူ၏။
ထာဝရဘုရားသည် စိတ်နှလုံးကျိုးပဲ့သောသူတို့နှင့် နီးတော်မူ၍ စိတ်ကြေမွသောသူတို့ကို ကယ်တင်တော်မူ၏။
ရန်သူက ‘ငါလိုက်မည်။ သူတို့ကို ငါမီမည်။ တိုက်ယူသောပစ္စည်းကိုခွဲဝေ၍ ငါ့စိတ်အလိုပြည့်မည်။ ငါ့ဓားကိုထုတ်၍ သူတို့ကို ငါ့လက်ဖြင့် ဖျက်ဆီးမည်’ဟု ဆိုသောအခါ
ငါတို့သည် အဖိုးတန်သောစည်းစိမ်ဥစ္စာမျိုးစုံကို တွေ့ရှိ၍ လုယက်ပစ္စည်းများဖြင့် ငါတို့အိမ်ကိုပြည့်စေကြမည်။
ငါတို့နှင့် ဆိုးတူကောင်းဖက်ပူးပေါင်းလော့။ ငါတို့အားလုံး ပိုက်ဆံအိတ်တစ်အိတ်တည်းထဲမှ ဝေမျှသုံးစွဲကြစို့”ဟု ဆိုလျှင်လည်း
အကြောင်းမူကား မြင့်မြတ်သောသူ၏ရှေ့တွင် နှိမ့်ချခြင်းခံရသည်ထက် “ဤနေရာသို့တက်လာပါ”ဟု ဖိတ်ခေါ်ခြင်းခံရသည်က ပို၍ကောင်း၏။ သင့်မျက်စိဖြင့်တွေ့မြင်သောအရာကို
လူ၏မာန်မာနသည် သူ့ကိုနိမ့်ကျစေတတ်၏။ စိတ်နှိမ့်ချသောသူမူကား ဂုဏ်သရေကိုရလိမ့်မည်။
ကိုယ်တော်သည် ပြက်ရယ်ပြုတတ်သောသူတို့ကို ပြက်ရယ်ပြုတော်မူ၏။ စိတ်နှိမ့်ချသောသူတို့ကိုကား ကျေးဇူးတော်ခံစားစေတော်မူ၏။
သူ့ကို ဘုရားတရားမဲ့သောလူမျိုးထံသို့ ငါစေလွှတ်မည်။ ငါအမျက်ထွက်သောလူတို့တိုက်ယူထားသောပစ္စည်းကို လုယက်သိမ်းယူ၍ လမ်းပေါ်မှရွှံ့ကိုနင်းသကဲ့သို့ သူတို့ကိုနင်းချေရန် ငါမိန့်မှာထား၏။
သူသည် အသက်စွန့်၍ အသေခံခဲ့၏။ အပြစ်ကျူးလွန်သူတို့၏စာရင်းတွင် ထည့်သွင်းခြင်းခံရ၏။ သူသည် လူများစွာတို့၏အပြစ်ကိုထမ်းသွား၍ အပြစ်ကျူးလွန်သောသူတို့အတွက် ကြားဝင်စေ့စပ်ပေး၏။ ထို့ကြောင့် ငါသည် သူ့အား ကြီးမြတ်သောသူတို့နှင့်အတူ ဝေစုတစ်စုခွဲဝေပေးမည်။ သူသည် အားကြီးသောသူတို့နှင့်အတူ လုယက်ပစ္စည်းကို ခွဲဝေမည်။
မြင့်မြတ်၍ချီးမြှောက်ခြင်းခံတော်မူသော၊ ထာဝရအသက်ရှင်တော်မူသော၊ သန့်ရှင်းခြင်းဟု နာမရှိတော်မူသောအရှင်က “ငါသည် စိတ်နှလုံးကျိုးပဲ့ကြေမွသောသူ၊ စိတ်နှိမ့်ချသောသူတို့နှင့်အတူ အထွတ်အမြတ်ထားရာအရပ်၊ သန့်ရှင်းသောအရပ်၌ ကိန်းဝပ်၏။ စိတ်အားငယ်သောသူ၊ စိတ်နှလုံးကျိုးပဲ့ကြေမွသောသူတို့ကို အားဖြည့်ပေးရန် သူတို့တွင် ငါကိန်းဝပ်၏။
ကိုယ်တော်သည် လူမျိုးတော်ကိုတိုးပွားစေ၍ သူတို့ကို အလွန်ဝမ်းမြောက်စေတော်မူပြီ။ သူတို့သည် သီးနှံရိတ်သိမ်းချိန်၌ ဝမ်းမြောက်သကဲ့သို့၊ လုယက်ပစ္စည်းခွဲဝေချိန်၌ ရွှင်လန်းသကဲ့သို့ ကိုယ်တော်၏ရှေ့မှောက်တွင် ဝမ်းမြောက်ကြပါပြီ။
“စိတ်ဝိညာဉ်ဆင်းရဲနွမ်းပါးသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ကောင်းကင်နိုင်ငံတော်သည် သူတို့၏နိုင်ငံဖြစ်၏။
‘ယောက်ျားတစ်ယောက်အတွက် မိန်းမပျိုတစ်ယောက်၊ နှစ်ယောက်၊ သိသရအတွက် တိုက်ခိုက်လုယူသောပစ္စည်းထဲမှ ရောင်စုံအဝတ်အစား၊ ငါ့အတွက် ရောင်စုံပန်းထိုးအဝတ်အစား၊ ရောင်စုံပန်းထိုးလည်စည်း စသည်တို့ကိုခွဲဝေနေကြခြင်းသာဖြစ်မည်’ဟူ၍ ဖြစ်၏။