သစ္စာရှိသောသက်သေသည် လိမ်လည်ခြင်းမပြု။ မုသားသက်သေမူကား လိမ်လည်ထွက်ဆိုတတ်၏။
သစ္စာရှိသောသက်သေသည် မုသာမသုံးတတ်။ သစ္စာပျက်သော သက်သေမူကား၊ မုသာကိုသုံးတတ်၏။
မှန် သော သက် သေ သည်၊ မု သာ မ သုံး တတ်။ မ မှန် သော သက် သေ မူ ကား၊ မု သာ သုံး တတ် ၏။
သစ္စာရှိသောသက်သေသည် မုသားမသုံးတတ်။ သစ္စာပျက်သောသက်သေမူကား၊ မုသားကိုသုံးတတ်၏။
ထိုအခါ လူမိုက်နှစ်ဦးက သူနှင့်မျက်နှာချင်းဆိုင်တွင် လာထိုင်၍ “နာဗုတ်သည် ဘုရားသခင်နှင့်ရှင်ဘုရင်ကို ကျိန်ဆဲပါပြီ”ဟု လူတို့ရှေ့တွင် သက်သေခံကြ၏။ ထို့နောက် သူ့ကို မြို့ပြင်သို့ဆွဲထုတ်ပြီး ကျောက်ခဲနှင့်ပေါက်ကြသဖြင့် သူသေလေ၏။
သင်၏အိမ်နီးချင်းကိုဆန့်ကျင်၍ မမှန်သောသက်သေမထွက်ဆိုရ။
မဟုတ်မမှန်သောသတင်းကိုမဖြန့်ရ။ ဆိုးယုတ်သောသူနှင့်ပေါင်း၍ မတရားသောသက်သေ မထွက်ဆိုရ။
ဖြောင့်မတ်စွာပြောဆိုသောသူသည် သစ္စာစကားကိုထွက်ဆိုတတ်၏။ မုသားသက်သေမူကား လိမ်လည်လှည့်ဖြားသောစကားကိုထွက်ဆိုတတ်၏။
ဖြောင့်မတ်သောသူသည် မုသားစကားကို မုန်း၏။ ဆိုးယုတ်သောသူမူကား စက်ဆုပ်ရွံရှာဖွယ်ဖြစ်၍ မျက်နှာပျက်ရတတ်၏။
မှန်ကန်သောသက်သေသည် အသက်ကိုကယ်နုတ်တတ်၏။ လိမ်လည်ထွက်ဆိုသောသူမူကား လိမ်လည်လှည့်ဖြားတတ်၏။
နွားမရှိလျှင် တင်းကုပ်သည် သန့်ရှင်း၏။ သို့သော် နွား၏ခွန်အားဖြင့် များစွာသောအသီးအနှံတို့ကိုရရှိ၏။
ပြက်ရယ်ပြုတတ်သောသူသည် ဉာဏ်ပညာကိုရှာဖွေသော်လည်း မတွေ့ပေ။ အသိဉာဏ်ရှိသောသူမူကား အသိပညာကိုရလွယ်၏။
မုသားသက်သေသည် အပြစ်ဒဏ်နှင့်ကင်းလွတ်လိမ့်မည်မဟုတ်။ လိမ်လည်ထွက်ဆိုသောသူသည်လည်း လွတ်မြောက်လိမ့်မည်မဟုတ်။
မုသားသက်သေသည် အပြစ်ဒဏ်နှင့်ကင်းလွတ်လိမ့်မည်မဟုတ်။ လိမ်လည်ထွက်ဆိုသောသူသည်လည်း ပျက်စီးရလိမ့်မည်။
လိမ်လည်ထွက်ဆိုသောမုသားသက်သေနှင့် ညီအစ်ကိုတို့ကြား၌ အငြင်းပွားမှုများဖြစ်ပွားစေသော သူတို့ဖြစ်ကြ၏။
မနာလိုစိတ်ရှိသောလူတစ်ဦးသည် တစ်ဖက်လူကို အမှားပြုသည်ဟု သက်သေထွက်ဆိုလျှင်
သစ္စာရှိသောသက်သေ၊ သေသောသူတို့ထဲမှ အဦးဆုံးဖွားမြင်လာသူ၊ ကမ္ဘာမြေကြီး၏ရှင်ဘုရင်တို့ကိုအုပ်ချုပ်သူ ဖြစ်တော်မူသော ယေရှုခရစ်တော်ထံမှလည်းကောင်း ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် သင်တို့၌ရှိပါစေသော။ ငါတို့ကိုချစ်တော်မူ၍ မိမိ၏သွေးတော်အားဖြင့် ငါတို့အပြစ်များမှ ငါတို့ကိုဖြေလွှတ်ကာ
လောဒိကိမြို့၌ရှိသော အသင်းတော်၏စေတမန်အား ဤသို့ရေးလိုက်လော့။ အာမင်ဖြစ်သောသူ၊ သစ္စာရှိသည့် ဖြောင့်မှန်သောသက်သေ၊ ဘုရားသခင်၏ဖန်ဆင်းတော်မူခြင်းတွင် အစအဦးဖြစ်သောသူက ဤသို့မိန့်တော်မူ၏။