ထိုအချိန်၌ ယောသပ်သည် တိုင်းပြည်ကိုအုပ်စိုးသောဘုရင်ခံဖြစ်ပြီး ပြည်သူပြည်သားအပေါင်းတို့အား အစားအစာရောင်းချပေးသောသူဖြစ်၏။ ယောသပ်၏အစ်ကိုတို့သည်ရောက်လာ၍ သူ့ရှေ့၌ မြေမှာပျပ်ဝပ်ကြ၏။
သုတ္တံကျမ်း။ 14:19 - မြန်မာ့စံမီသမ္မာကျမ်း မကောင်းမှုပြုသောသူတို့သည် သူတော်ကောင်းတို့၏ရှေ့၌လည်းကောင်း၊ ဆိုးယုတ်သောသူတို့သည် ဖြောင့်မတ်သောသူ၏ တံခါးဝ၌လည်းကောင်း ဦးညွှတ်ကြရ၏။ Common Language Bible လူဆိုးတို့သည် သူတော်ကောင်းရှေ့၌၎င်း၊ မတရားသောသူတို့သည် ဖြောင့်မတ်သောသူ၏ အိမ် တံခါးဝ၌၎င်း ဦးချတတ်ကြ၏။ Garrad Bible လူ ဆိုး တို့ သည်၊ သူ တော် ကောင်း တို့ ရှေ့ ၌ လည်း ကောင်း၊ လူ သွမ်း တို့ သည်၊ ဖြောင့် မတ် သူ၏ တံ ခါး ဝ ရှေ့ ၌ လည်း ကောင်း၊ ဦး ခိုက် ရ ကြ ၏။ Judson Bible လူဆိုးတို့သည် သူတော်ကောင်းရှေ့၌လည်းကောင်း၊ မတရားသောသူတို့သည် ဖြောင့်မတ်သောသူ၏ အိမ်တံခါးဝ၌လည်းကောင်း ဦးချတတ်ကြ၏။ |
ထိုအချိန်၌ ယောသပ်သည် တိုင်းပြည်ကိုအုပ်စိုးသောဘုရင်ခံဖြစ်ပြီး ပြည်သူပြည်သားအပေါင်းတို့အား အစားအစာရောင်းချပေးသောသူဖြစ်၏။ ယောသပ်၏အစ်ကိုတို့သည်ရောက်လာ၍ သူ့ရှေ့၌ မြေမှာပျပ်ဝပ်ကြ၏။
သူတို့ကလည်း “သခင့်အစေအပါးအကျွန်ုပ်တို့၏ဖခင်သည် ကျန်းမာပါ၏။ အသက်ရှင်ပါသေး၏”ဟု ပြန်လျှောက်ပြီးလျှင် ဦးညွှတ်ပျပ်ဝပ်ကြ၏။
ယောရှဖတ်မင်းကြီးက “ထာဝရဘုရား၏နှုတ်တော်ထွက်စကား သူ၌ရှိနိုင်သည်”ဟု ဆိုသဖြင့် အစ္စရေးဘုရင်အပါအဝင် ယောရှဖတ်မင်းကြီးနှင့် ဧဒုံဘုရင်တို့သည် ဧလိရှဲထံသို့ ဆင်းသွားကြ၏။
သူတို့သည် မရဏာနိုင်ငံအတွက် သိုးကဲ့သို့ လျာထားခြင်းခံရ၍ သေခြင်းသည် သူတို့ကိုထိန်းကျောင်းလိမ့်မည်။ ဖြောင့်မှန်သောသူတို့သည် နံနက်အချိန်၌ ထိုသူတို့ကိုအုပ်စိုးကြလိမ့်မည်။ ထိုသူတို့၏ရုပ်သဏ္ဌာန်သည် မိမိတို့နေထိုင်ရာအရပ်မှဝေးကွာသည့် မရဏာနိုင်ငံ၌ဆွေးမြည့်ကြလိမ့်မည်။
အရှင်၏အမှုထမ်းအပေါင်းတို့သည် အကျွန်ုပ်ထံသို့လာ၍ အကျွန်ုပ်ရှေ့၌ ပျပ်ဝပ်လျက် ‘သင်နှင့် သင်၏နောက်လိုက်နောက်ပါအပေါင်းတို့ ထွက်သွားကြပါလော့’ဟု ပြောဆိုမှ အကျွန်ုပ်ထွက်သွားမည်”ဟု ဆိုပြီးနောက် အမျက်ပြင်းစွာထွက်လျက် ဖာရောမင်းကြီးထံမှ ထွက်သွားလေ၏။
ထိုအခါ ဖာရောမင်းကြီးသည် မောရှေနှင့်အာရုန်ကိုခေါ်၍ “ငါနှင့်ငါ၏လူတို့ထံမှ ဖားများကိုဖယ်ရှားပေးမည့်အကြောင်း ထာဝရဘုရားထံ ဆုတောင်းလော့။ သို့ပြုလျှင် ထာဝရဘုရားအားယဇ်ပူဇော်ရန် အစ္စရေးလူတို့ကိုငါလွှတ်ပေးမည်”ဟု ဆိုလေ၏။
မိမိအိမ်သူအိမ်သားတို့ကိုဒုက္ခပေးသောသူသည် လေကိုအမွေဆက်ခံရလိမ့်မည်။ ဆိုးမိုက်သောသူသည်လည်း စိတ်နှလုံး၌ ပညာရှိသောသူ၏အစေအပါးဖြစ်ရလိမ့်မည်။
အသိဉာဏ်နည်းပါးသောသူတို့သည် မိုက်မဲမှုကိုအမွေဆက်ခံရကြ၏။ ဆင်ခြင်ဉာဏ်ရှိသောသူတို့မူကား အသိပညာသရဖူကိုဆောင်းရကြ၏။
သင့်ကိုနှိပ်စက်ခဲ့သောသူ၏သားတို့သည် သင့်ထံသို့လာ၍ ဦးညွှတ်ကြလိမ့်မည်။ သင့်ကိုမထီလေးစားပြုသောသူအပေါင်းတို့သည် သင်၏ခြေရင်း၌ပျပ်ဝပ်ကြလိမ့်မည်။ သူတို့သည် သင့်ကိုထာဝရဘုရား၏မြို့၊ အစ္စရေးလူမျိုးတို့၏သန့်ရှင်းသောအရှင်၏ဇိအုန်မြို့ဟု ခေါ်ဝေါ်ကြလိမ့်မည်။
သင်တို့သည် ဆိုးယုတ်သောသူတို့ကို နင်းချေလိမ့်မည်။ အကြောင်းမူကား ငါစီရင်ရာနေ့ရက်၌ သူတို့သည် သင်တို့၏ခြေဖဝါးအောက်သို့ရောက်သော ပြာမှုန့်ဖြစ်လိမ့်မည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
ကိုယ်တိုင်လာပြီးတောင်းပန်ကြကာ သူတို့ကိုခေါ်ထုတ်လျက် ထိုမြို့မှထွက်ခွာကြရန် မေတ္တာရပ်ခံကြ၏။
ကြည့်ရှုလော့။ မိမိတို့ကိုယ်ကို ဂျူးလူမျိုးဖြစ်သည်ဟုဆိုကြသော်လည်း ဂျူးလူမျိုးမဟုတ်ဘဲ စာတန်၏အသင်းဝင်များဖြစ်ကြသည့် လိမ်လည်ပြောဆိုသောသူတို့ကို သင်၏ခြေရင်း၌ လာ၍ရှိခိုးစေကာ ငါသည် သင်တို့ကိုချစ်ကြောင်း သူတို့အားသိစေမည်။
သင့်အမျိုးအနွယ်ထဲမှ ကြွင်းကျန်သောသူအားလုံးတို့သည် သူ့ထံသို့လာ၍ စားစရာအနည်းငယ်ရဖို့ ယဇ်ပုရောဟိတ်ဆိုင်ရာအလုပ်တစ်ခုခု လုပ်ခွင့်ပြုပါဟု ဆိုပြီး ငွေတစ်စရဖို့၊ မုန့်တစ်လုံးစာရဖို့ ဦးညွှတ်ခယတောင်းဆိုရလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု ပြောဆိုလေ၏။