ပျင်းရိသောသူသည် သူ့ကိုစေလွှတ်သောသူအတွက် သွားကိုထိသောရှာလကာရည်ကဲ့သို့လည်းကောင်း၊ မျက်စိထဲဝင်သောမီးခိုးကဲ့သို့လည်းကောင်း ဖြစ်၏။
သုတ္တံကျမ်း။ 13:17 - မြန်မာ့စံမီသမ္မာကျမ်း ဆိုးယုတ်သောစေတမန်သည် ဒုက္ခတွင်းထဲသို့ကျရောက်တတ်၏။ သစ္စာရှိသောသံတမန်မူကား ဒဏ်ရာဒဏ်ချက်ကို ပျောက်ကင်းစေတတ်၏။ Common Language Bible မတရားသောအစေခံသည် မိမိစောင့်သောအမှု ကို ဖျက်တတ်၏။သစ္စာရှိသော သံတမန်မူကား၊ ကျန်းမာ ခြင်းအကြောင်းဖြစ်၏။ Garrad Bible ဆိုး ယုတ် သော တ မန် သည်၊ မ ကောင်း မှု၌ ကျ ရောက် တတ်၏။ သစ္စာ ရှိ သော တ မန် မူ ကား၊ အ မှု ကို အောင် မြင် စေ တတ် ၏။ Judson Bible မတရားသောအစေခံသည် မိမိစောင့်သောအမှုကို ဖျက်တတ်၏။ သစ္စာရှိသောသံတမန်မူကား၊ ကျန်းမာခြင်းအကြောင်း ဖြစ်၏။ |
ပျင်းရိသောသူသည် သူ့ကိုစေလွှတ်သောသူအတွက် သွားကိုထိသောရှာလကာရည်ကဲ့သို့လည်းကောင်း၊ မျက်စိထဲဝင်သောမီးခိုးကဲ့သို့လည်းကောင်း ဖြစ်၏။
ဆင်းရဲခြင်းနှင့်အရှက်ကွဲခြင်းသည် ဆုံးမပဲ့ပြင်ခြင်းကိုလျစ်လျူရှုသောသူထံသို့ ရောက်လာလိမ့်မည်။ ဆိုဆုံးမစကားကိုစောင့်ထိန်းသောသူမူကား ဂုဏ်ပြုချီးမွမ်းခြင်းခံရလိမ့်မည်။
သစ္စာရှိသောစေတမန်သည် သူ့ကိုစေလွှတ်သောသူအတွက် ရိတ်သိမ်းရာကာလ၌ကျသော အေးမြသည့်နှင်းပွင့်ကဲ့သို့ဖြစ်၍ သူ့သခင်တို့၏စိတ်ဝိညာဉ်ကို လန်းဆန်းစေတတ်၏။
မြောက်လေသည် မိုးကိုဖြစ်ပေါ်စေတတ်၏။ အတင်းပြောသောလျှာသည်လည်း ဒေါသမျက်နှာထားကို ဖြစ်ပေါ်စေတတ်၏။
မိုက်မဲသောသူ၏လက်ဖြင့် သတင်းပေးပို့သောသူသည် မိမိ၏ခြေကိုဖြတ်၍ ရက်စက်ကြမ်းကြုတ်မှုကို သောက်သုံးသောသူဖြစ်၏။
အိပ်မက်နိမိတ်ရသောပရောဖက်သည် သူ့အိပ်မက်ကို ဟောပါစေ။ နှုတ်ကပတ်တော်ကိုရသောသူသည် နှုတ်ကပတ်တော်ကို သစ္စာရှိစွာဟောပါစေ။ အဖျင်းနှင့်စပါး မည်သို့ဆိုင်သနည်း”ဟု ထာဝရဘုရားမိန့်တော်မူ၏။
ဆိုးယုတ်သောသူအား ‘သင်မုချသေရမည်’ဟု ငါဆိုလျက်နှင့် သူ၏ဆိုးယုတ်ခြင်းလမ်းမှ ပြန်လှည့်၍ အသက်ချမ်းသာရရန် သင်သည် သူ့ကို သတိမပေး၊ မပြောပြဘဲနေလျှင် ထိုဆိုးယုတ်သောသူသည် သူ့အပြစ်ကြောင့် သေရမည်။ သို့သော် သူ့အသက်ကို သင့်ထံမှ ပြန်တောင်းမည်။
ယောက်ျားအားလုံးကိုသတ်သည့်အပြင် ဧဝိ၊ ရေကင်၊ ဇုရ၊ ဟုရ၊ ရေဘစသော မိဒျန်ဘုရင်ငါးပါးကိုလည်းသတ်၏။ ဗောရ၏သား ဗာလမ်ကိုလည်း ဓားဖြင့်သတ်လေ၏။
အကြောင်းမူကား ငါတို့သည် များစွာသောသူတို့ပြုသကဲ့သို့ ဘုရားသခင်၏နှုတ်ကပတ်တရားတော်ကို လှည့်လည်ရောင်းစား၍အမြတ်ထုတ်ကြသည်မဟုတ်ဘဲ ဖြူစင်သောသူ၊ ဘုရားသခင်ထံမှ စေလွှတ်ခြင်းခံရသောသူအဖြစ် ဘုရားသခင်ရှေ့တော်၌ ခရစ်တော်ကိုအမှီပြု၍ ငါတို့ဟောပြောကြ၏။
ထိုသို့ ဘုရားသခင်သည် ငါတို့မှတစ်ဆင့် တိုက်တွန်းတော်မူသည်ဖြစ်၍ ငါတို့သည် ခရစ်တော်၏သံတမန်များဖြစ်ကြ၏။ ထို့ကြောင့် “ဘုရားသခင်နှင့်ပြန်လည်သင့်မြတ်ကြလော့”ဟု ခရစ်တော်၏ကိုယ်စား ငါတို့တောင်းပန်ကြ၏။
ငါ့ကို ခွန်အားနှင့်ပြည့်စုံစေတော်မူသော ငါတို့သခင်ခရစ်တော်ယေရှု၏ကျေးဇူးတော်ကို ငါချီးမွမ်း၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် ငါ့ကိုအမှုတော်လုပ်ငန်းအတွက်ခန့်ထား၍ သစ္စာရှိသောသူအဖြစ်မှတ်ယူတော်မူသောကြောင့်ဖြစ်၏။
များစွာသောသက်သေတို့ရှေ့၌ ငါ့ထံမှ ကြားနာရသောအရာတို့ကို အခြားသူတို့အားလည်း သင်ကြားပေးနိုင်စွမ်းရှိသည့် သစ္စာရှိသောသူတို့၌ ပေးအပ်လော့။