မာနထောင်လွှားခြင်းသည် ခိုက်ရန်ကိုသာဖြစ်ပွားစေတတ်၏။ အကြံပေးခြင်းကိုလက်ခံသောသူ၌ကား ဉာဏ်ပညာရှိ၏။
မာနကြောင့်သာ ရန်တွေ့ခြင်းဖြစ်၏။ သတိပေး သော စကားကို နားခံသောသူမူကား ပညာရှိ၏။
ထောင် လွှား သော စိတ် အား ဖြင့်၊ ရန် ပွား ခြင်း သက် သက် ဖြစ်၏။ အ ကြံ ပေး ရာ လိုက် နာ သူ တို့၌ မူ ကား၊ ဉာဏ် ပ ညာ ရှိ၏။
မာနကြောင့်သာ ရန်တွေ့ခြင်းဖြစ်၏။ သတိပေးသောစကားကို နားခံသောသူမူကား ပညာရှိ၏။
အစ္စရေးလူမျိုးအပေါင်းတို့သည် မိမိတို့စကားကို ရှင်ဘုရင်နားမထောင်ကြောင်း သိမြင်လျှင် သူတို့က ရှင်ဘုရင်အား “ဒါဝိဒ်မင်းကြီး၌ ငါတို့ မည်သည့်ဝေစုရှိသနည်း။ ယေရှဲ၏သား၌ ငါတို့အမွေခံစရာမရှိ။ အို အစ္စရေးလူမျိုးတို့၊ ကိုယ့်တဲသို့ ကိုယ်ပြန်ကြလော့။ အို ဒါဝိဒ်မင်းကြီး၊ ကိုယ့်အမျိုးအနွယ်ကို စောင့်ရှောက်ပါလော့”ဟု ပြန်ပြောပြီး အစ္စရေးလူမျိုးတို့သည် ကိုယ့်တဲသို့ ကိုယ်ပြန်သွားကြလေ၏။
သင်သည် ဧဒုံပြည်ကို တိုက်ခိုက်ချေမှုန်းနိုင်ခဲ့သဖြင့် ဘဝင်မြင့်လှ၏။ နန်းတော်တွင်သာ ကိုယ့်ကိုယ်ကိုယ်ဂုဏ်ယူနေပါလော့။ အဘယ်ကြောင့် ပြဿနာရှာပြီး ယုဒပြည်ကို သင်နှင့်အတူ ကျရှုံးစေလိုသနည်း”ဟု ပြန်လည်ပြောကြားလိုက်၏။
လွယ်လွယ်ရသောစည်းစိမ်ဥစ္စာသည် လျော့နည်းသွားတတ်၏။ နည်းနည်းချင်းစုဆောင်းသောသူမူကား စည်းစိမ်ဥစ္စာကိုတိုးပွားစေတတ်၏။
ဖြောင့်မတ်သောသူတို့၏အလင်းသည် ထွန်းလင်းတောက်ပလိမ့်မည်။ ဆိုးယုတ်သောသူတို့၏မီးခွက်မူကား ငြိမ်းလိမ့်မည်။
အငြင်းပွားမှု၏အစသည် ရေပေါက်ထွက်ခါစကဲ့သို့ဖြစ်သောကြောင့် ခိုက်ရန်မဖြစ်ပွားမီ အငြင်းပွားမှုကိုရပ်စဲလော့။
အကြံဉာဏ်ကိုနားထောင်၍ ဆုံးမပဲ့ပြင်ခြင်းကိုလက်ခံလော့။ သို့ပြုလျှင် နောက်ဆုံး၌ သင်သည် ဉာဏ်ပညာကိုရရှိလိမ့်မည်။
အကြံဉာဏ်ယူခြင်းအားဖြင့် အကြံအစည်များ တည်တတ်၏။ လမ်းညွှန်မှုများကိုခံယူ၍ စစ်ပွဲကိုဆင်နွှဲလော့။
မာနထောင်လွှားလျက် ခက်ထန်မောက်မာသောသူ၏အမည်မှာ “ပြက်ရယ်ပြုတတ်သောသူ” ဟူ၍ဖြစ်၏။ သူသည် အလွန်မာနထောင်လွှားသောစိတ်နှင့် ပြုမူတတ်၏။
အလျင်စလိုသွား၍ မတိုင်တန်းနှင့်။ နောက်ဆုံး၌ သင်၏အိမ်နီးချင်းသည် သင့်ကိုအရှက်ရစေလျှင် သင်မည်သို့ပြုမည်နည်း။
လောဘကြီးသောသူသည် အငြင်းပွားမှုဖြစ်ရန်လှုံ့ဆော်တတ်၏။ ထာဝရဘုရားကိုယုံကြည်ကိုးစားသောသူမူကား ပြည့်စုံကြွယ်ဝလိမ့်မည်။
ထို့နောက် သူတို့တွင် မည်သူ့ကို အကြီးမြတ်ဆုံးဖြစ်သည်ဟု မှတ်ယူရမည်ကိုလည်း အချင်းချင်းအငြင်းပွားကြ၏။
ထိုသူသည် ဘဝင်မြင့်၍ မည်သည့်အရာကိုမျှမသိဘဲ အငြင်းပွားမှုနှင့် စကားလုံးအသုံးအနှုန်းအပေါ်ငြင်းခုံခြင်းတို့၌သာ စွဲလမ်းနေသူဖြစ်၏။ ထိုအရာများကြောင့် မလိုမုန်းထားခြင်း၊ ပဋိပက္ခဖြစ်ခြင်း၊ စော်ကားပြောဆိုခြင်းနှင့် ဆိုးညစ်သောသံသယစိတ်ရှိခြင်းစသည်တို့ဖြစ်ပေါ်လာတတ်၏။
သင်တို့တွင်ရှိသော စစ်တိုက်ခြင်းနှင့်ခိုက်ရန်ဖြစ်ခြင်းတို့သည် အဘယ်ကဖြစ်လာကြသနည်း။ သင်တို့၏ကိုယ်အင်္ဂါများထဲ၌ ပြိုင်ဆိုင်တိုက်ခိုက်နေကြသည့် သင်တို့၏ကာမဂုဏ်ခံစားလိုသောစိတ်မှ ဖြစ်လာကြသည်မဟုတ်လော။
ထိုအခြင်းအရာကို မြင်သောသူတိုင်းက “အစ္စရေးအမျိုးသားတို့ အီဂျစ်ပြည်မှထွက်လာသောနေ့မှစ၍ ယနေ့တိုင်အောင် ဤကဲ့သို့သောအဖြစ်အပျက်မျိုး မဖြစ်ဖူး၊ မကြုံဖူးပေ။ ဤကိစ္စကို သေသေချာချာစဉ်းစားပြီး ဆွေးနွေးတိုင်ပင်ကြလော့”ဟု ဆိုကြ၏။