အကျွန်ုပ်သည် ခေါင်းကိုငုံ့လျက်၊ လုံးလုံးငိုက်စိုက်ချလျက်၊ တစ်နေ့လုံးဝမ်းနည်းပူဆွေးလျက် သွားလာရပါ၏။
သုတ္တံကျမ်း။ 12:25 - မြန်မာ့စံမီသမ္မာကျမ်း လူ၏စိတ်နှလုံးတွင်ရှိသောစိုးရိမ်ပူပန်ခြင်းသည် သူ့ကိုညှိုးငယ်စေတတ်၏။ ကောင်းသောစကားမူကား သူ့ကိုဝမ်းမြောက်စေတတ်၏။ Common Language Bible ဝမ်းနည်းခြင်းအကြောင်းသည် ညှိုးငယ်စေ တတ်၏။ ကောင်းသောစကားမူကား၊ ရွှင်လန်းစေတတ် ၏။ Garrad Bible စိုး ရိမ် သော စိတ် သည်၊ ကိုယ် ကို ညှိုး ငယ် စေ တတ်၏။ ကျေး ဇူး စ ကား မူ ကား၊ ရွှင် လန်း စေ တတ် ၏။ Judson Bible ဝမ်းနည်းခြင်းအကြောင်းသည် ညှိုးငယ်စေတတ်၏။ ကောင်းသောစကားမူကား၊ ရွှင်လန်းစေတတ်၏။ |
အကျွန်ုပ်သည် ခေါင်းကိုငုံ့လျက်၊ လုံးလုံးငိုက်စိုက်ချလျက်၊ တစ်နေ့လုံးဝမ်းနည်းပူဆွေးလျက် သွားလာရပါ၏။
အို ငါ၏စိတ်ဝိညာဉ်၊ သင်သည် အဘယ်ကြောင့်ညှိုးငယ်သနည်း။ ငါ့အထဲ၌ အဘယ်ကြောင့်မငြိမ်မသက်ဖြစ်သနည်း။ ဘုရားသခင်ကို မျှော်လင့်ကိုးစားလော့။ ငါသည် ငါ့ကိုကယ်တင်တော်မူသောအရှင်၊ ငါ၏ဘုရားသခင်ကို ထပ်၍ချီးမွမ်းမည်။
ဓားနှင့်ထိုးသကဲ့သို့ မဆင်မခြင်ပြောဆိုတတ်သောသူရှိ၏။ ပညာရှိသောသူတို့၏စကားမူကား ဒဏ်ရာဒဏ်ချက်ကို ပျောက်ကင်းစေတတ်၏။
ဖြောင့်မတ်သောသူသည် မိမိ၏အိမ်နီးချင်းကို လမ်းပြတတ်၏။ ဆိုးယုတ်သောသူတို့၏လမ်းမူကား သူတို့ကိုပင် မှားယွင်းစေတတ်၏။
စိတ်နှလုံးသည် မိမိ၏နာကြည်းခြင်းကို မိမိသိ၏။ မိမိ၏ဝမ်းမြောက်ခြင်းကိုလည်း အခြားမည်သူကမျှ ဝင်ရောက်ခံစား၍မရပေ။
ဝမ်းမြောက်သောစိတ်နှလုံးသည် မျက်နှာကိုရွှင်လန်းစေတတ်၏။ သို့သော် ဝမ်းနည်းပူဆွေးသောစိတ်နှလုံးကြောင့် စိတ်ထိခိုက်နာကျင်ရတတ်၏။
အဖိနှိပ်ခံရသောသူ၏နေ့ရက်ရှိသမျှတို့သည် ဆိုးရွား၏။ ကြည်ရွှင်သောစိတ်နှလုံး၌မူကား အစဉ်မပြတ်ကျင်းပသောစားသောက်ပွဲရှိ၏။
လူသည် မိမိနှုတ်၏တုံ့ပြန်စကားအားဖြင့် ဝမ်းမြောက်ခြင်းကိုခံစားရ၏။ သင့်လျော်သောအချိန်၌ ပြောဆိုသောစကားသည်လည်း ကောင်းမြတ်လှပေ၏။
မျက်စိအလင်းသည် စိတ်နှလုံးကိုဝမ်းမြောက်စေတတ်၏။ ကောင်းသောသတင်းစကားသည်လည်း အရိုးကိုကျန်းမာစေတတ်၏။
နှစ်လိုဖွယ်စကားတို့သည် ပျားလပို့မှပျားရည်ကဲ့သို့ စိတ်ဝိညာဉ်၌ချိုမြိန်၍ အရိုးကိုကျန်းမာစေတတ်၏။
ဝမ်းမြောက်သောစိတ်နှလုံးသည် ဆေးကောင်းတစ်လက်ဖြစ်၏။ စိတ်ထိခိုက်နာကျင်ခြင်းမူကား အရိုးကိုခြောက်သွေ့စေတတ်၏။
လူ၏စိတ်သည် သူ၏ရောဂါဝေဒနာကို ခံရပ်နိုင်၏။ သို့သော် စိတ်ထိခိုက်နာကျင်ခြင်းကိုကား မည်သူခံနိုင်မည်နည်း။
သင့်လျော်သောအချိန်၌ ပြောဆိုသောစကားသည် အပြောက်အမွမ်းခြယ်မှုန်းထားသောငွေထည်ပေါ်မှ ရွှေပန်းသီးများနှင့်တူ၏။
နံ့သာဆီနှင့်နံ့သာပေါင်းသည် စိတ်နှလုံးကိုဝမ်းမြောက်စေတတ်၏။ မိတ်ဆွေထံမှနှစ်လိုဖွယ်ကောင်းသောအရာကား စေတနာစိတ်ဖြင့် သူပေးသောအကြံဉာဏ်ဖြစ်၏။
မောပန်းသောသူအမောပြေစေရန် မည်သို့ပြောဆိုရမည်ကို သိရှိဖို့ ဘုရားရှင်ထာဝရဘုရားသည် ငါ့အား နှုတ်မှုပညာကိုသွန်သင်ပေးတော်မူ၏။ နံနက်တိုင်း ငါ့ကိုနှိုးဆော်တော်မူ၏။ စာသင်သားကဲ့သို့ နားထောင်ဖို့ ငါ့ကိုနှိုးဆော်တော်မူ၏။
ထာဝရဘုရားကလည်း ငါနှင့်စကားပြောနေသောကောင်းကင်တမန်အား ကောင်းမွန်သောစကား၊ နှစ်သိမ့်သောစကားမိန့်ကြားတော်မူလျှင်