အာဗြံသည် အသက်ကိုးဆယ့်ကိုးနှစ်ရှိသောအခါ ထာဝရဘုရားသည် အာဗြံအားကိုယ်ထင်ရှားပြ၍ “ငါသည် အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ်၏။ ငါ့ရှေ့မှောက်၌ အသက်ရှင်လျှောက်လှမ်းလော့။ အပြစ်တင်စရာမရှိအောင်နေလော့။
သုတ္တံကျမ်း။ 10:9 - မြန်မာ့စံမီသမ္မာကျမ်း တည်ကြည်စွာလျှောက်လှမ်းသောသူသည် ဘေးကင်းလုံခြုံစွာလျှောက်လှမ်းရလိမ့်မည်။ မိမိလမ်းတို့ကိုကွေ့ကောက်စေသောသူ၏ သဘောမူကား သိသာထင်ရှားလာလိမ့်မည်။ Common Language Bible ဖြောင့်မတ်ခြင်းလမ်းသို့ လိုက်သောသူသည် အနင်းမှန်လိမ့်မည်။ ကောက်သောလမ်းသို့လိုက်သော သူမူကား၊ သဘောထင်ရှားလိမ့်မည်။ Garrad Bible စုံ လင် စွာ လျှောက် လိုက် သော သူ သည်၊ စိတ် ချ လျက် သွား ရ၏။ ကောက် ကျစ် လျက် လျှောက် လိုက် သော သူ၏ သ ဘော ကား၊ ထင် ရှား လိမ့် မည်။ Judson Bible ဖြောင့်မတ်ခြင်းလမ်းသို့ လိုက်သောသူသည် အနင်းမှန်လိမ့်မည်။ ကောက်သောလမ်းသို့ လိုက်သောသူမူကား၊ သဘောထင်ရှားလိမ့်မည်။ |
အာဗြံသည် အသက်ကိုးဆယ့်ကိုးနှစ်ရှိသောအခါ ထာဝရဘုရားသည် အာဗြံအားကိုယ်ထင်ရှားပြ၍ “ငါသည် အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ်၏။ ငါ့ရှေ့မှောက်၌ အသက်ရှင်လျှောက်လှမ်းလော့။ အပြစ်တင်စရာမရှိအောင်နေလော့။
အကယ်စင်စစ် ဘုရားသခင်သည် အပြစ်တင်စရာမရှိသောသူကို စွန့်ပယ်မထား။ ဆိုးညစ်သောသူတို့ကို အားပေးထောက်မမည်မဟုတ်။
အကယ်၍ သေခြင်း၏အရိပ်လွှမ်းမိုးသောချိုင့်ဝှမ်း၌ လျှောက်သွားရသော်လည်း အကျွန်ုပ်သည် ဘေးအန္တရာယ်ကိုမကြောက်ပါ။ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်နှင့်အတူရှိတော်မူ၏။ ကိုယ်တော်၏လှံတံတော်နှင့်တောင်ဝှေးတော်သည် အကျွန်ုပ်ကိုနှစ်သိမ့်ပေးပါ၏။
အကျွန်ုပ်သည် ကိုယ်တော်ကို စောင့်မျှော်နေသည်ဖြစ်၍ တည်ကြည်ခြင်းနှင့်ဖြောင့်မှန်ခြင်းသည် အကျွန်ုပ်ကိုကာကွယ်စောင့်ရှောက်ပါစေသော။
အကြောင်းမူကား ဘုရားသခင်ထာဝရဘုရားသည် နေလည်းဖြစ်တော်မူ၏။ ဒိုင်းလွှားလည်းဖြစ်တော်မူ၏။ ထာဝရဘုရားသည် ကျေးဇူးတော်နှင့်ဘုန်းအသရေတော်ကို ပေးတော်မူ၏။ အပြစ်တင်စရာမရှိအောင် အသက်ရှင်လျှောက်လှမ်းသောသူတို့အား ကောင်းမြတ်သောအရာကို မပေးဘဲနေတော်မူမည်မဟုတ်။
စိတ်နှလုံးကောက်ကျစ်သောသူသည် ကောင်းသောအရာကိုတွေ့ရမည်မဟုတ်။ လိမ်လည်ပြောဆိုသောသူသည်လည်း ဒုက္ခတွင်းထဲသို့ကျရောက်လိမ့်မည်။
သူသည် အမုန်းထားခြင်းကို ပရိယာယ်ဖြင့်ဖုံးကွယ်ထားသော်လည်း သူ၏မကောင်းမှုသည် လူပုံအလယ်တွင် ထင်ရှားလိမ့်မည်။
ဆိုးယုတ်သောသူသည် လိုက်သောသူမရှိဘဲလျက် ထွက်ပြေးတတ်၏။ ဖြောင့်မတ်သောသူမူကား ခြင်္သေ့ပျိုကဲ့သို့ရဲရင့်တည်ကြည်၏။
အပြစ်တင်စရာမရှိအောင်လျှောက်လှမ်းသောသူသည် ကယ်တင်ခြင်းခံရလိမ့်မည်။ ကွေ့ကောက်သောလမ်းသို့လိုက်သောသူမူကား ရုတ်တရက်လဲကျလိမ့်မည်။
ထိုအခါ သင်သည် သင်၏လမ်းခရီးတွင် ဘေးကင်းလုံခြုံစွာသွားလာရ၍ သင်၏ခြေသည် ခလုတ်တိုက်လိမ့်မည်မဟုတ်။
ထို့ကြောင့် သူတို့ကိုမကြောက်ကြနှင့်။ အကြောင်းမူကား ဖုံးအုပ်ထားသည့်အရာများတွင် ဖွင့်ပြခြင်းမခံရမည့်အရာ တစ်စုံတစ်ခုမျှမရှိ။ ကွယ်ဝှက်ထားသည့်အရာများတွင်လည်း ဖော်ပြခြင်းမခံရမည့်အရာ တစ်စုံတစ်ခုမျှမရှိ။
သို့ဖြစ်၍ သခင်ဘုရားကြွလာတော်မမူမီ မည်သည့်အရာကိုမျှ အချိန်မတန်ဘဲ မစီရင်ကြနှင့်။ ထိုသခင်သည် အမှောင်ထဲ၌ ကွယ်ဝှက်ထားသောအရာများကို အလင်းသို့ယူဆောင်လာပြီး စိတ်နှလုံးအကြံအစည်များကို ထင်ရှားစေတော်မူလိမ့်မည်။ ထိုအခါ လူအသီးသီးတို့သည် ဘုရားသခင်ထံတော်မှ ချီးမွမ်းခြင်းကိုခံရကြလိမ့်မည်။
ထိုနည်းတူ ကောင်းသောအမှုများသည်လည်း သိသာထင်ရှားတတ်၏။ ထိုသို့မထင်ရှားခဲ့လျှင်ပင် ဖုံးကွယ်ထား၍မရနိုင်ပေ။