“မြားမြောင်သောစကားတို့အတွက် ပြန်မပြောဘဲနေရမည်လော။ အပြောကောင်းသောသူကို ဖြောင့်မတ်သည်ဟုဆိုရမည်လော။
သုတ္တံကျမ်း။ 10:19 - မြန်မာ့စံမီသမ္မာကျမ်း စကားများစွာပြောဆိုသောအခါ အပြစ်ပါလာတတ်၏။ မိမိ၏နှုတ်ကိုချုပ်တည်းသောသူမူကား ပညာသတိရှိ၏။ Common Language Bible စကားများသောအားဖြင့် အပြစ်ပါတတ်၏။ မိမိနှုတ်ကို ချုပ်တည်းသော သူမူကား ပညာရှိ၏။ Garrad Bible စ ကား ဝိုင်း ဖွဲ့ ရာ တွင် ကျူး လွန် ခြင်း အ ပြစ် သည်၊ မ ပြတ် မ စဲ ရာ။ နှုတ် ကို ချုပ် တည်း တတ် သူ မူ ကား၊ သ တိ ပ ညာ ရှိ၏။ Judson Bible စကားများသောအားဖြင့် အပြစ်ပါတတ်၏။ မိမိနှုတ်ကိုချုပ်တည်းသောသူမူကား ပညာရှိ၏။ |
“မြားမြောင်သောစကားတို့အတွက် ပြန်မပြောဘဲနေရမည်လော။ အပြောကောင်းသောသူကို ဖြောင့်မတ်သည်ဟုဆိုရမည်လော။
“ငါသည် နှုတ်ဖြင့်မပြစ်မှားမိစေရန် ငါ၏အပြုအမူအကျင့်အကြံတို့ကိုစောင့်ထိန်းမည်။ ငါ၏ရှေ့၌ဆိုးယုတ်သောသူတို့ရှိနေစဉ် နှုတ်စွပ်တပ်၍ ငါ့နှုတ်ကိုစောင့်ထိန်းမည်”ဟု ငါဆိုခဲ့၏။
အသိစိတ်မရှိသောသူသည် မိမိ၏အိမ်နီးချင်းကို မထီမဲ့မြင်ပြုတတ်၏။ ထိုးထွင်းဉာဏ်ရှိသောသူမူကား တိတ်ဆိတ်စွာနေတတ်၏။
အတင်းအဖျင်းလိုက်ပြောသောသူသည် လျှို့ဝှက်ချက်ကိုပေါက်ကြားစေတတ်၏။ ယုံကြည်စိတ်ချရသောစိတ်သဘောရှိသူမူကား အမှုကိစ္စကို ဖုံးကွယ်ထားတတ်၏။
ဆင်ခြင်ဉာဏ်ရှိသောသူသည် အသိပညာကို ဖုံးကွယ်ထားတတ်၏။ မိုက်မဲသောသူတို့၏စိတ်နှလုံးမူကား မိုက်မဲမှုကိုကြေညာတတ်၏။
သေခြင်းနှင့်အသက်ရှင်ခြင်းသည် လျှာ၏တန်ခိုးအောက်၌ရှိသည်ဖြစ်၍ လျှာကိုချစ်ခင်သောသူသည် ၎င်း၏အသီးကိုစားရလိမ့်မည်။
ဘုရားသခင်၏အိမ်တော်သို့သွားသောအခါ သင်၏ခြေလှမ်းကိုစောင့်ထိန်းလော့။ နားထောင်ရန်ချဉ်းကပ်ခြင်းသည် မိုက်မဲသောသူတို့နှင့်ဆိုင်သောယဇ်ကိုပူဇော်ခြင်းထက် ပို၍ကောင်း၏။ အကြောင်းမူကား သူတို့သည် မိမိတို့မကောင်းမှုပြုနေသည်ကို မသိကြချေ။
ဘုရားသခင်၏ရှေ့တော်၌နှုတ်မြွက်ရန် သင်၏နှုတ်ကိုမလောစေနှင့်။ သင်၏စိတ်ကိုလည်း မမြန်စေနှင့်။ အကြောင်းမူကား ဘုရားသခင်သည် ကောင်းကင်ဘုံ၌ရှိတော်မူပြီး သင်သည် မြေကြီးပေါ်၌ရှိ၏။ ထို့ကြောင့် သင်၏စကားကို နည်းစေလော့။
အလုပ်များပြားခြင်းအားဖြင့် အိပ်မက်မက်တတ်သကဲ့သို့ စကားများပြားခြင်းအားဖြင့် မိုက်မဲသောသူ၏အသံပါတတ်၏။
ငါချစ်သောညီအစ်ကိုတို့၊ ဤအချက်ကို သိမှတ်ကြလော့။ လူတိုင်းသည် ကြားနာခြင်းအရာ၌ လျင်မြန်၍ စကားပြောခြင်းနှင့်အမျက်ထွက်ခြင်းအရာတို့၌ နှေးကွေးကြစေ။
အကြောင်းမူကား ငါတို့ရှိသမျှသည် များစွာမှားယွင်းတတ်ကြ၏။ မည်သူမဆို စကားပြောခြင်းအရာ၌ မှားယွင်းခြင်းမရှိလျှင် ထိုသူသည် မိမိကိုယ်ခန္ဓာတစ်ခုလုံးကိုလည်းချုပ်တည်းနိုင်သည့် စုံလင်သောသူဖြစ်၏။