အသိဉာဏ်မရှိသောမြင်း၊ သို့မဟုတ် လားကဲ့သို့မဖြစ်နှင့်။ ၎င်းတို့ကို ဇက်သွားနှင့်ဇက်ကြိုးတန်ဆာဖြင့် ထိန်းရ၏။ သို့မဟုတ်လျှင် သင့်ထံသို့လာလိမ့်မည်မဟုတ်။
သုတ္တံကျမ်း။ 10:13 - မြန်မာ့စံမီသမ္မာကျမ်း အသိဉာဏ်ရှိသောသူ၏နှုတ်ခမ်းတွင် ဉာဏ်ပညာကိုတွေ့ရ၏။ အသိစိတ်မရှိသောသူ၏ကျောကုန်းအတွက်မူကား ကြိမ်လုံးရှိ၏။ Common Language Bible ဥာဏ်ကောင်းသောသူသည် ပညာစကားကို ပြောတတ်၏။ ဥာဏ်မဲ့သောသူ၏ကျောအဘို့မူကား ကြိမ်လုံးရှိ၏။ Garrad Bible ဉာဏ် ကောင်း သော သူ၏ နှုတ် တွင်၊ ဉာဏ် ပ ညာ ကို တွေ့ ရာ၏။ ဉာဏ် မဲ့ သော သူ၏ ကျောက် ကုန်း မူ ကား၊ ကြိမ် လုံး နှင့် သင့် လျော် ၏။ Judson Bible ဉာဏ်ကောင်းသောသူသည် ပညာစကားကို ပြောတတ်၏။ ဉာဏ်မဲ့သောသူ၏ကျောအဖို့မူကား ကြိမ်လုံးရှိ၏။ |
အသိဉာဏ်မရှိသောမြင်း၊ သို့မဟုတ် လားကဲ့သို့မဖြစ်နှင့်။ ၎င်းတို့ကို ဇက်သွားနှင့်ဇက်ကြိုးတန်ဆာဖြင့် ထိန်းရ၏။ သို့မဟုတ်လျှင် သင့်ထံသို့လာလိမ့်မည်မဟုတ်။
ဖြောင့်မတ်သောသူ၏နှုတ်သည် ဉာဏ်ပညာစကားကိုမြွက်ဆိုတတ်၏။ သူ၏လျှာသည်လည်း တရားမျှတသောစကားကိုပြောဆိုတတ်၏။
ထို့နောက် ထာဝရဘုရားက မောရှေအား “ကျိုင်းကောင်များ အီဂျစ်ပြည်ပေါ်သို့ တက်လာ၍ မိုးသီးဘေးဖြစ်ပြီးနောက်ကြွင်းကျန်သမျှသော ထိုပြည်ရှိအပင်အားလုံးတို့ကို စားမည့်အကြောင်း သင်၏လက်ကို အီဂျစ်ပြည်ပေါ်သို့ ဆန့်လော့”ဟု မိန့်တော်မူ၏။
ဖြောင့်မတ်သောသူ၏နှုတ်ခမ်းသည် များစွာသောသူတို့ကို ကျွေးမွေးတတ်၏။ ဆိုးမိုက်သောသူတို့မူကား အသိစိတ်မရှိသောကြောင့် သေကြလိမ့်မည်။
ဖြောင့်မတ်သောသူ၏နှုတ်သည် ဉာဏ်ပညာကိုတိုးပွားစေ၏။ ဖောက်ပြန်လွဲမှားသောလျှာမူကား အဖြတ်ခံရလိမ့်မည်။
လူသည် မိမိနှုတ်၏တုံ့ပြန်စကားအားဖြင့် ဝမ်းမြောက်ခြင်းကိုခံစားရ၏။ သင့်လျော်သောအချိန်၌ ပြောဆိုသောစကားသည်လည်း ကောင်းမြတ်လှပေ၏။
ပညာရှိသောသူတို့၏နှုတ်ခမ်းသည် အသိပညာကိုပြန့်ပွားစေတတ်၏။ မိုက်မဲသောသူတို့၏စိတ်နှလုံးမူကား ထိုသို့မဟုတ်ပေ။
စိတ်နှလုံး၌ပညာရှိသောသူသည် အသိဉာဏ်ရှိသောသူဟု ခေါ်ဝေါ်ခြင်းခံရလိမ့်မည်။ နှစ်လိုဖွယ်စကားတို့သည် ပညာကိုတိုးပွားစေတတ်၏။
အသိဉာဏ်ရှိသောသူကို တစ်ကြိမ်ဆုံးမခြင်းသည် မိုက်မဲသောသူကို အကြိမ်တစ်ရာရိုက်ခြင်းထက် ပို၍အရာရောက်၏။
ပြက်ရယ်ပြုတတ်သောသူတို့အတွက် အပြစ်ဒဏ်သည်လည်းကောင်း၊ မိုက်မဲသောသူတို့၏ကျောကုန်းအတွက် ကြိမ်ဒဏ်သည်လည်းကောင်း အဆင်သင့်ရှိ၏။
ရွှေရှိ၏။ ပတ္တမြားလည်းများစွာရှိ၏။ သို့သော် အသိပညာရှိသောနှုတ်ခမ်းသည် အဖိုးတန်သောရတနာဖြစ်၏။
မြင်းအတွက်ကျာပွတ်၊ မြည်းအတွက်ဇက်ကြိုးရှိ၏။ မိုက်မဲသောသူ၏ကျောကုန်းအတွက်ကား ကြိမ်လုံးရှိ၏။
ဆိုးမိုက်သောသူကို ဂျုံစေ့နှင့်အတူ ဆုံထဲထည့်၍ ကျည်ပွေ့နှင့်ထောင်းသော်လည်း သူ၏မိုက်မဲမှုသည် သူ့ထံမှဖယ်ခွာလိမ့်မည်မဟုတ်။
သူတစ်ပါး၏မယားနှင့် အိမ်ထောင်ရေးဖောက်ပြန်သောသူသည် အသိစိတ်မရှိ။ ထိုအမှုကိုပြုသောသူသည် ကိုယ့်ကိုယ်ကိုယ်ဖျက်ဆီးသောသူဖြစ်၏။
နွားသည် အသတ်ခံရမည့်နေရာသို့ လိုက်သွားသကဲ့သို့လည်းကောင်း၊ ဆိုးမိုက်သောသူသည် မိမိအသည်းကို မြားစူးဝင်သည့်တိုင်အောင် အပြစ်ဒဏ်ခံရာသို့ ခြေချင်းခတ်ခံရလျက်သွားသကဲ့သို့လည်းကောင်း၊
မောပန်းသောသူအမောပြေစေရန် မည်သို့ပြောဆိုရမည်ကို သိရှိဖို့ ဘုရားရှင်ထာဝရဘုရားသည် ငါ့အား နှုတ်မှုပညာကိုသွန်သင်ပေးတော်မူ၏။ နံနက်တိုင်း ငါ့ကိုနှိုးဆော်တော်မူ၏။ စာသင်သားကဲ့သို့ နားထောင်ဖို့ ငါ့ကိုနှိုးဆော်တော်မူ၏။
လူအပေါင်းတို့သည် ကိုယ်တော်ကိုချီးကျူးကြပြီး ကိုယ်တော်၏တင့်တယ်သော နှုတ်ထွက်စကားတို့ကို အံ့သြလျက် “ဤသူသည် ယောသပ်၏သားမဟုတ်လော”ဟု ဆိုကြ၏။