ကောင်းကင်ဘုံ၌ ထိုင်တော်မူသောအရှင်သည် ရယ်မောတော်မူ၏။ ဘုရားရှင်သည် သူတို့ကိုပြက်ရယ်ပြုတော်မူ၏။
သုတ္တံကျမ်း။ 1:26 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် သင်တို့ဘေးဒုက္ခရောက်သောအခါ ငါရယ်မောမည်။ ကြောက်မက်ဖွယ်ဘေးသည် သင်တို့ထံသို့ရောက်သောအခါ ငါပြက်ရယ်ပြုမည်။ Common Language Bible သင်တို့သည် ဘေးဥပဒ်နှင့်တွေ့ကြုံသောအခါ ငါရယ်မည်။ ကြောက်မက်ဖွယ်သော အမှုရောက်သော အခါ ငါပြက်ယယ်ပြုမည်။ Garrad Bible သင် တို့၌ ကပ် သင့် သော အ ခါ၊ ငါ ပြုံး ရယ်၍၊ ကြောက် မက် ဖွယ် အ ရေး ရောက် သော်၊ ကဲ့ ရဲ့ လိမ့် မည်။ Judson Bible သင်တို့သည် ဘေးဥပဒ်နှင့်တွေ့ကြုံသောအခါ ငါရယ်မည်။ ကြောက်မက်ဖွယ်သောအမှုရောက်သောအခါ ငါပြက်ရယ်ပြုမည်။ |
ကောင်းကင်ဘုံ၌ ထိုင်တော်မူသောအရှင်သည် ရယ်မောတော်မူ၏။ ဘုရားရှင်သည် သူတို့ကိုပြက်ရယ်ပြုတော်မူ၏။
သို့သော် သူ၏နေ့ရက်ရောက်လာတော့မည်ကို ဘုရားရှင်သည် သိမြင်တော်မူ၍ သူ့ကိုရယ်မောတော်မူ၏။
သို့သော် အို ထာဝရဘုရား၊ ကိုယ်တော်သည် သူတို့ကိုရယ်မောတော်မူ၏။ လူမျိုးအပေါင်းတို့ကို ပြက်ရယ်ပြုတော်မူ၏။
ဆိုးယုတ်သောသူကြောက်လန့်သောအမှုသည် သူ့အပေါ်သို့သက်ရောက်လိမ့်မည်။ ဖြောင့်မတ်သောသူတို့၏အလိုဆန္ဒကိုကား ကိုယ်တော်ဖြည့်ဆည်းပေးတော်မူလိမ့်မည်။
လူသည် မိမိ၏ဉာဏ်စွမ်းနှင့်အညီ ချီးမွမ်းခြင်းခံရလိမ့်မည်။ ကောက်သောစိတ်သဘောရှိသူမူကား မထီမဲ့မြင်ပြုခြင်းခံရလိမ့်မည်။
ပြက်ရယ်ပြုတတ်သောသူတို့အတွက် အပြစ်ဒဏ်သည်လည်းကောင်း၊ မိုက်မဲသောသူတို့၏ကျောကုန်းအတွက် ကြိမ်ဒဏ်သည်လည်းကောင်း အဆင်သင့်ရှိ၏။
ကိုယ်တော်သည် ပြက်ရယ်ပြုတတ်သောသူတို့ကို ပြက်ရယ်ပြုတော်မူ၏။ စိတ်နှိမ့်ချသောသူတို့ကိုကား ကျေးဇူးတော်ခံစားစေတော်မူ၏။
ထို့ကြောင့် ဘေးဒုက္ခသည် သူ့အပေါ်ရုတ်တရက်ကျရောက်သဖြင့် သူသည် ချမ်းသာရာမရဘဲ ချက်ချင်းပျက်စီးရလိမ့်မည်။
သင်တို့အား ငါဆိုသည်ကား ယခင်ဖိတ်ခေါ်ထားသူတို့ထဲမှ မည်သူမျှ ငါ၏ညစာစားပွဲကိုမြည်းစမ်းရမည်မဟုတ်’ဟု အစေအပါးအား ဆိုလေ၏”ဟူ၍ မိန့်တော်မူ၏။
ထာဝရဘုရားသည် သင့်ကိုကောင်းစားစေ၍ တိုးပွားစေရာ၌ နှစ်သက်အားရတော်မူသကဲ့သို့ သင့်ကိုဖျက်ဆီး၍ သုတ်သင်ပယ်ရှင်းပစ်ရာ၌လည်း ထာဝရဘုရား ဝန်လေးတော်မူမည်မဟုတ်။ သင်သည် သင်ဝင်ရောက်သိမ်းပိုက်သည့်ပြည်ထဲမှ နုတ်ပယ်ခြင်းခံရလိမ့်မည်။
သင်တို့ရွေးချယ်ခဲ့သောဘုရားများထံသို့ သွား၍အော်ဟစ်ကြလော့။ သင်တို့ ဆင်းရဲဒုက္ခရောက်ချိန်၌ သူတို့သည် သင်တို့ကို ကယ်တင်ပါစေ”ဟု မိန့်တော်မူ၏။