မြေတိရစ္ဆာန်တို့ထက် ငါတို့ကို ပို၍သွန်သင်ပေးသောအရှင်၊ မိုးကောင်းကင်ငှက်တို့ထက် ငါတို့ကိုပညာရှိစေသောအရှင်ကား အဘယ်မှာနည်း’ဟု မေးမြန်းသူတစ်ယောက်မျှမရှိ။
သုတ္တံကျမ်း။ 1:17 - မြန်မာ့စံမီသမ္မာကျမ်း အမှန်စင်စစ် မည်သည့်ကျေးငှက်၏မျက်စိရှေ့၌မဆို ပိုက်ကွန်ကိုထောင်လျှင် အလဟဿဖြစ်၏။ Common Language Bible အကယ်စင်စစ်ငှက်မျက်မှောက်၌ ပိုက်ကွန်ကို ဖြန့်ထားလျှင် အကြံမမြောက်ရာ။ Garrad Bible မည် သည့် ငှက် ကို မ ဆို၊ ရှေ့ တွင် ပိုက် ကွန် ထောင် ထား လျှင်၊ အ ချည်း နှီး ဖြစ် ချေ၏။ Judson Bible အကယ်စင်စစ် ငှက်မျက်မှောက်၌ ပိုက်ကွန်ကိုဖြန့်ထားလျှင် အကြံမမြောက်ရာ။ |
မြေတိရစ္ဆာန်တို့ထက် ငါတို့ကို ပို၍သွန်သင်ပေးသောအရှင်၊ မိုးကောင်းကင်ငှက်တို့ထက် ငါတို့ကိုပညာရှိစေသောအရှင်ကား အဘယ်မှာနည်း’ဟု မေးမြန်းသူတစ်ယောက်မျှမရှိ။
အကြောင်းမူကား သူတို့၏ခြေသည် မကောင်းမှုပြုရာသို့ပြေးသွား၍ သူတို့သည် လူကိုသတ်ဖြတ်ရန် လျင်မြန်ကြ၏။
ထိုသူတို့သည် ကိုယ့်ကိုယ်ကိုယ်သတ်ဖြတ်ရန် ချောင်းမြောင်း၍ ကိုယ့်အသက်ကိုကိုယ် ပုန်းအောင်းတိုက်ခိုက်နေကြခြင်းသာဖြစ်၏။
ငှက်သည် ကျော့ကွင်းထဲသို့ အလျင်အမြန်ဝင်သွားသကဲ့သို့လည်းကောင်း သူသည် ထိုမိန်းမနောက်သို့ ချက်ချင်းလိုက်သွားလေ၏။ ထိုအမှုသည် သူ့အသက်ကိုဆုံးရှုံးစေနိုင်ကြောင်းကို သူမသိပေ။
နွားသည် မိမိပိုင်ရှင်ကိုသိ၏။ မြည်းသည်လည်း သခင်ကျွေးသောစားခွက်ကိုသိ၏။ သို့သော် အစ္စရေးလူမျိုးသည် မသိ။ ငါ၏လူမျိုးတော်သည် နားမလည်ပါတကား”ဟု မိန့်တော်မူ၏။
“မိုးကောင်းကင်၌ပျံဝဲသောငှက်ကျားပင်လျှင် ရာသီအချိန်ကိုသိ၏။ ချိုးငှက်၊ ကြိုးကြာ၊ ပျံလွှားတို့သည်လည်း သွားလာရမည့်အချိန်ကို မှတ်တတ်ကြ၏။ ငါ့လူမျိုးတော်မူကား ထာဝရဘုရား၏စီရင်ထုံးဖွဲ့ချက်ကို မသိကြ။