နေဝင်၍ မှောင်လာသောအခါ မီးခိုးထွက်နေသောမီးဖိုနှင့် မီးတောက်နေသောမီးတိုင်သည် ထိုပိုင်းထားသောအသေကောင်တို့အလယ်၌ ဖြတ်သွား၏။
ဝတ်ပြု 9:24 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ထာဝရဘုရားထံတော်မှမီးဆင်းသက်၍ ယဇ်ပလ္လင်ပေါ်ရှိမီးရှို့ရာယဇ်နှင့်အဆီတို့ကိုလောင်ကျွမ်းလေ၏။ လူအပေါင်းတို့သည် တွေ့မြင်သောအခါ ရွှင်လန်းစွာကြွေးကြော်လျက် ပျပ်ဝပ်ရှိခိုးကြလေ၏။ Common Language Bible ထို့နောက်ထာဝရဘုရားသည်မီးလျှံကို ရုတ်တရက်ကျရောက်စေပြီးလျှင် ယဇ်ပလ္လင် ပေါ်ရှိမီးရှို့ရာယဇ်ကောင်နှင့်အဆီများကို လောင်ကျွမ်းစေသည်။ လူအပေါင်းတို့သည် ထို အခြင်းအရာကိုမြင်ကြသောအခါကြွေး ကြော်၍ပျပ်ဝပ်ကြ၏။ Garrad Bible မျက် မှောက် တော် မှ ထွက် လာ သော မီး သည် ပ လ္လင် တော် ထက် ရှိ မီး ရှို့ ရာ သ က္ကာ နှင့် ဆီ ဥ များ ကို ကျွမ်း လောင် ရာ လူ ပ ရိ သတ် မြင် လျှင် ကြွေး ကြော် လျက် ပျပ် ဝပ် ကြ ကုန် သ တည်း။ Judson Bible ထာဝရဘုရားထံတော်မှမီးထွက်၍ ယဇ်ပလ္လင်ပေါ်မှာရှိသော မီးရှို့ရာယဇ်နှင့်ဆီဥကို လောင်လေ၏။ ထိုအကြောင်းအရာကို လူများတို့သည်မြင်သောအခါ ကြွေးကြော်၍ပျပ်ဝပ်ကြ၏။ |
နေဝင်၍ မှောင်လာသောအခါ မီးခိုးထွက်နေသောမီးဖိုနှင့် မီးတောက်နေသောမီးတိုင်သည် ထိုပိုင်းထားသောအသေကောင်တို့အလယ်၌ ဖြတ်သွား၏။
ထို့နောက် ထာဝရဘုရားရှေ့တော်တွင် ဟေဇကိမင်းကြီးက “ခေရုဗိမ်တို့အထက်၌ စံပယ်တော်မူသော အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရား၊ မြေကြီးပေါ်ရှိတိုင်းနိုင်ငံအားလုံးတို့တွင် ကိုယ်တော်တစ်ပါးတည်းသာ ဘုရားသခင် ဖြစ်တော်မူ၏။ ကိုယ်တော်သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူ၏။
ထို့နောက် ဒါဝိဒ်မင်းကြီးသည် ထိုနေရာတွင် ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကို တည်၍ မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကိုပူဇော်ပြီး ထာဝရဘုရားထံ အော်ဟစ်ဆုတောင်းသောအခါ ကိုယ်တော်သည် ယဇ်ပလ္လင်ပေါ်ရှိ မီးရှို့ရာယဇ်အပေါ်သို့ ကောင်းကင်မှမီးကျလာစေခြင်းဖြင့် ထူးတော်မူ၏။
ကိုယ်တော်အဖို့ မြင့်မြတ်သောအိမ်တော်၊ ကိုယ်တော် အစဉ်အမြဲကိန်းဝပ်တော်မူရာနေရာကို အကျွန်ုပ်တည်ဆောက်ပါပြီ”ဟု မြွက်ဆို၏။
“စင်စစ် ကိုယ်တော်သည် ကောင်းမြတ်တော်မူ၏။ အစ္စရေးလူမျိုးကို ထာဝရမေတ္တာနှင့် ချစ်တော်မူ၏”ဟု ထာဝရဘုရား၏ကျေးဇူးတော်ကို သီဆိုချီးမွမ်းကြ၏။ ထာဝရဘုရား၏အိမ်တော်အုတ်မြစ်ကို ချပြီးဖြစ်၍ လူအပေါင်းတို့သည် ထာဝရဘုရားထံ ကြီးစွာသောအသံဖြင့် ကြွေးကြော်ချီးမွမ်းကြလေ၏။
အစ္စရေး၏သိုးထိန်းဖြစ်တော်မူ၍ ယောသပ်ကို သိုးအုပ်ကဲ့သို့ပို့ဆောင်တော်မူသောအရှင်၊ စူးစိုက်နားထောင်တော်မူပါ။ ခေရုဗိမ်တို့အလယ်၌ စံပယ်တော်မူသောအရှင်၊ ရောင်ခြည်တော်ကိုလွှတ်တော်မူပါ။
ထိုအခါ ထာဝရဘုရား၏ကောင်းကင်တမန်သည် မောရှေအား ချုံပုတ်အလယ် မီးလျှံထဲမှ ကိုယ်ထင်ရှားပြလေ၏။ မောရှေကြည့်လိုက်သောအခါ ချုံပုတ်သည် မီးတောက်လောင်နေသော်လည်း ကျွမ်းသွားခြင်းမရှိသည်ကို မြင်လျှင်
ထို့ကြောင့် ထာဝရဘုရားထံတော်မှ မီးထွက်လာ၍ သူတို့ကိုလောင်ကျွမ်းသဖြင့် သူတို့သည် ထာဝရဘုရားရှေ့တော်၌ သေကြလေ၏။
ထိုအခါ မောရှေနှင့်အာရုန်သည် အစ္စရေးအမျိုးသားလူထုအစုအဝေးအပေါင်းတို့၏ရှေ့၌ ပျပ်ဝပ်လျက်နေကြ၏။
ထိုအခါ မောရှေနှင့်အာရုန်သည် ပျပ်ဝပ်လျက် “လူသားအားလုံး၏အသက်ဝိညာဉ်ကို ပိုင်တော်မူသော အို ဘုရားသခင်၊ လူတစ်ယောက်၏ပြစ်မှားမှုကြောင့် လူထုအပေါင်းကို အမျက်ထွက်တော်မူမည်လော”ဟု လျှောက်ကြ၏။
ယာကုပ်အမျိုး၌ အမင်္ဂလာကိုမမြင်။ အစ္စရေးလူမျိုး၌ အခက်အခဲပြဿနာကိုမတွေ့။ သူ၏ဘုရားသခင်ထာဝရဘုရားသည် သူနှင့်အတူရှိတော်မူ၏။ သူ့ထံ၌ ရှင်ဘုရင်၏ဝမ်းမြောက်စွာကြွေးကြော်သံကိုကြားရ၏။
ထို့နောက် ရှေ့သို့အနည်းငယ်ကြွတော်မူပြီး ပျပ်ဝပ်လျက်“အကျွန်ုပ်၏အဖ၊ ဖြစ်နိုင်လျှင် ဤခွက်ကို အကျွန်ုပ်ထံမှ လွန်သွားစေတော်မူပါ။ သို့သော် အကျွန်ုပ်၏အလိုအတိုင်းမဟုတ်ဘဲ ကိုယ်တော်၏အလိုတော်အတိုင်း ဖြစ်စေတော်မူပါ”ဟု ဆုတောင်းတော်မူ၏။
ထိုသို့ ပလ္လင်တော်ပေါ်တွင်ထိုင်လျက် ကမ္ဘာအဆက်ဆက်အသက်ရှင်တော်မူသောအရှင်၏ဘုန်းတော်၊ ဂုဏ်တော်နှင့် ကျေးဇူးတော်တို့ကို သတ္တဝါလေးပါးတို့သည် ချီးမွမ်းကြသောအခါ
ထိုသို့ စာလိပ်ကိုယူလိုက်သောအခါ သတ္တဝါလေးပါးတို့နှင့် သက်ကြီးဝါကြီးနှစ်ဆယ့်လေးပါးတို့သည် စောင်းများကိုလည်းကောင်း၊ သန့်ရှင်းသူတို့၏ဆုတောင်းချက်များဖြစ်ကြသော နံ့သာပေါင်းနှင့်ပြည့်နေသည့် ရွှေဖလားများကိုလည်းကောင်း အသီးသီးကိုင်ဆောင်လျက် သိုးသငယ်တော်ရှေ့၌ ပျပ်ဝပ်ကြ၏။
ကောင်းကင်တမန်အပေါင်းတို့သည် ပလ္လင်တော်၊ သက်ကြီးဝါကြီးတို့နှင့် သတ္တဝါလေးပါးတို့၏ပတ်လည်၌ ရပ်နေကြ၏။ သူတို့သည်လည်း ပလ္လင်တော်ရှေ့၌ပျပ်ဝပ်လျက် ဘုရားသခင်ကိုရှိခိုးကာ
သူ့မယားကလည်း “ထာဝရဘုရားသည် ငါတို့ကို သေစေလိုလျှင် ငါတို့ပူဇော်သော မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သက္ကာကို လက်ခံတော်မူမည်မဟုတ်။ ငါတို့အား ဤအဖြစ်အပျက်များကို ပြတော်မူမည်မဟုတ်၊ ယခုကဲ့သို့ ငါတို့ကို စကားပြောတော်မူမည်မဟုတ်”ဟု ပြန်ပြောလေ၏။
ထာဝရဘုရား၏ကောင်းကင်တမန်သည် လက်ထဲရှိ တောင်ဝှေးကို ဆန့်၍ အသားနှင့်တဆေးမဲ့မုန့်ကို တို့သောအခါ ထိုကျောက်မှ မီးတောက်ထွက်၍ အသားနှင့် တဆေးမဲ့မုန့်ကို လောင်ကျွမ်းသွား၏။ ထိုစဉ် ထာဝရဘုရား၏ကောင်းကင်တမန်က ဂိဒေါင်ရှေ့မှ ပျောက်သွား၏။