ထို့ကြောင့် ဘုရင်ခံက သူတို့အား ဥရိမ်၊ သုမိမ် ဆောင်သောယဇ်ပုရောဟိတ် မပေါ်ထွန်းမီ အသန့်ရှင်းဆုံးအစာကို မစားရဟု မှာထားရ၏။
ဝတ်ပြု 8:8 - မြန်မာ့စံမီသမ္မာကျမ်း ရင်ခံပြားကိုဝတ်ဆင်ပေး၍ ရင်ခံပြားထဲ၌ ဥရိမ်နှင့်သုမိမ်ကိုထည့်ထားပေး၏။ Common Language Bible ရင်ဖုံးကိုတပ်ဆင်ပေးပြီးလျှင်ရင်ဖုံးထဲ ၌ဥရိမ်နှင့်သုမိမ် ကိုထည့်ထား၏။- Garrad Bible ရင် လွှမ်း ထား ခြင်း၊ ရင် လွှမ်း ၌ ဥ ရိမ် နှင့် သု မိမ် တပ် ခြင်း၊ Judson Bible ရင်ဖုံးကိုလည်းဆင်စေ၍၊ ရင်ဖုံးအထဲ၌ ဥရိမ်နှင့်သုမိမ်ကို သွင်းထားလေ၏။ |
ထို့ကြောင့် ဘုရင်ခံက သူတို့အား ဥရိမ်၊ သုမိမ် ဆောင်သောယဇ်ပုရောဟိတ် မပေါ်ထွန်းမီ အသန့်ရှင်းဆုံးအစာကို မစားရဟု မှာထားရ၏။
ထို့ကြောင့် ဘုရင်ခံက သူတို့အား ဥရိမ်၊ သုမိမ် ဆောင်သောယဇ်ပုရောဟိတ် မပေါ်ထွန်းမီ အသန့်ရှင်းဆုံးအစာကို မစားရဟု မှာထားရ၏။
အာရုန်နှင့်သူ၏သားတို့သည် ယဇ်ပုရောဟိတ်အဖြစ် ငါ့ထံ၌အမှုတော်ကိုဆောင်ရွက်ရာတွင် သူတို့သန့်ရှင်းရန် သင်ပြုရမည့်အရာကား ဤသို့တည်း။ နွားအုပ်ထဲမှ နွားထီးပျိုတစ်ကောင်နှင့် အပြစ်အနာအဆာကင်းသောသိုးထီးနှစ်ကောင်ကို ယူလော့။
အကျွန်ုပ်ကို အရှင့်နှလုံးသားထဲတွင် တံဆိပ်ခတ်ထားပါ။ အရှင့်လက်မောင်းပေါ်တွင် တံဆိပ်ရိုက်ထားပါ။ အချစ်သည် သေမင်းကဲ့သို့ အားကြီးတတ်ပါ၏။ သဝန်တိုခြင်းသည် မရဏာနိုင်ငံကဲ့သို့ ကြမ်းကြုတ်ပါ၏။ အချစ်၏ပူလောင်မှုသည် မီးတောက်၊ အရှိန်ပြင်းသောမီးတောက်ဖြစ်ပါ၏။
ကိုယ်တော်သည် ဖြောင့်မတ်ခြင်းကိုရင်အုပ်တန်ဆာကဲ့သို့ ဝတ်ဆင်တော်မူ၏။ ခေါင်းပေါ်၌ ကယ်တင်ခြင်းသံခမောက်ကို ဆောင်းတော်မူ၏။ လက်စားချေခြင်းဝတ်ရုံကိုဝတ်ဆင်၍ စိတ်အားထက်သန်ခြင်းဝတ်လုံကို လွှမ်းခြုံတော်မူ၏။
သူသည် ယဇ်ပုရောဟိတ်ဧလာဇာရှေ့၌ ရပ်၍ ထာဝရဘုရားရှေ့တော်တွင် ယဇ်ပုရောဟိတ်က ဥရိမ်၏ဆုံးဖြတ်ချက်ကို မေးမြန်းပေးရမည်။ သူမှစ၍ သူနှင့်အတူရှိသောလူထုအပေါင်းဖြစ်သည့်အစ္စရေးအမျိုးသားအပေါင်းတို့သည် သူ၏စီရင်ဆုံးဖြတ်ချက်အတိုင်း သွားလာရမည်”ဟု မိန့်တော်မူ၏။
သို့ဖြစ်၍ သမ္မာတရားဖြင့် သင်တို့ခါးကိုစည်းလျက် ဖြောင့်မတ်ခြင်းရင်အုပ်တန်ဆာကို ဝတ်ဆင်ကာ
လေဝိအမျိုးကိုကား၊ ကိုယ်တော်၏သုမိမ်နှင့်ဥရိမ်သည် မဿာအရပ်၌ ကိုယ်တော်စမ်းသပ်သော၊ မေရိဘစမ်းရေနား၌ ကိုယ်တော်ရန်တွေ့သော ကိုယ်တော်၏သန့်ရှင်းသူတို့နှင့်အတူရှိပါစေသော။
ငါတို့မူကား နေ့နှင့်စပ်ဆိုင်ကြသည်ဖြစ်၍ ယုံကြည်ခြင်းနှင့်ချစ်ခြင်းမေတ္တာတို့ကို ရင်အုပ်တန်ဆာအဖြစ်ဝတ်ဆင်လျက် ကယ်တင်ခြင်း၌မျှော်လင့်ခြင်းကို သံခမောက်အဖြစ်ဆောင်းကာ သမ္မာသတိရှိကြကုန်စို့။
ငါ၏ယဇ်ပလ္လင်ပေါ်သို့တက်ပြီး နံ့သာပေါင်းကိုမီးရှို့ပူဇော်ရန်နှင့် ဧဖုဒ်ကိုဝတ်ဆင်ပြီး ငါ့ရှေ့၌ ခစားရန်အတွက် ငါ၏ယဇ်ပုရောဟိတ်အဖြစ် အစ္စရေးအမျိုးအနွယ်အပေါင်းတို့ထဲမှ သူတို့ကို ငါရွေးကောက်ခဲ့သည်မဟုတ်လော။ အစ္စရေးအမျိုးသားတို့ မီးဖြင့်ပူဇော်သောယဇ်အလုံးစုံကိုလည်း သင့်ဘိုးဘေး၏အမျိုးအနွယ်အား ငါပေးခဲ့သည်မဟုတ်လော။
ထာဝရဘုရားထံ မေးလျှောက်လေ၏။ သို့သော် ထာဝရဘုရားသည် သူ့အား အိပ်မက်အားဖြင့်ဖြစ်စေ၊ ဥရိမ်အားဖြင့်ဖြစ်စေ၊ ပရောဖက်အားဖြင့်ဖြစ်စေ ဖြေကြားတော်မမူ။