အာရုန်၏သားများထဲမှ သူ၏အရိုက်အရာဆက်ခံသောယဇ်ပုရောဟိတ်သည် သန့်ရှင်းရာဌာနတော်၌ အမှုတော်ဆောင်ရွက်ရန် တွေ့ဆုံစည်းဝေးရာတဲတော်ထဲသို့ဝင်သောအခါ ထိုအဝတ်တန်ဆာကို ခုနစ်ရက်ပတ်လုံးဝတ်ဆင်ရမည်။
ဝတ်ပြု 8:33 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့၏အရိုက်အရာခန့်အပ်ခြင်းဆိုင်ရာပွဲသည် ခုနစ်ရက်ဖြစ်၍ သင်တို့၏အရိုက်အရာခန့်အပ်ခြင်းဆိုင်ရာနေ့ရက်မပြည့်မချင်း ခုနစ်ရက်ပတ်လုံး တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝမှ မထွက်ရ။ Common Language Bible သင်တို့သည်သိက္ခာတင်မင်္ဂလာကာလခုနစ် ရက်မစေ့မီ တဲတော်တံခါးအပြင်သို့မ ထွက်ရ။- Garrad Bible ခု နစ် ရက် တိုင် တိုင် ခန့် ထား ခြင်း မင်္ဂ လာ ပြု တော် မူ မည် ဖြစ်၍ ခန့် ထား ခြင်း ဆိုင် ရာ နေ့ ရက် များ မ ကုန် မ ချင်း ခု နစ် ရက် အ တွင်း တွေ့ ဆုံ ရာ တဲ တော် မုတ် ဝ မှ မ ထွက် ကြ ရ။ Judson Bible သင်တို့ကို အရာ၌ခန့်ထားရာ ကာလခုနစ်ရက်မစေ့မီ ပရိသတ်စည်းဝေးရာ တဲတော်တံခါးပြင်သို့ မထွက်ရကြ။ ခုနစ်ရက်ပတ်လုံး အရာ၌ခန့်ထားခြင်းမင်္ဂလာကို ဆောင်ရကြမည်။ |
အာရုန်၏သားများထဲမှ သူ၏အရိုက်အရာဆက်ခံသောယဇ်ပုရောဟိတ်သည် သန့်ရှင်းရာဌာနတော်၌ အမှုတော်ဆောင်ရွက်ရန် တွေ့ဆုံစည်းဝေးရာတဲတော်ထဲသို့ဝင်သောအခါ ထိုအဝတ်တန်ဆာကို ခုနစ်ရက်ပတ်လုံးဝတ်ဆင်ရမည်။
ငါမိန့်မှာလေသမျှအတိုင်း အာရုန်နှင့်သူ၏သားတို့အတွက် ခန့်အပ်ခြင်းမင်္ဂလာကို ခုနစ်ရက်ပတ်လုံး ကျင်းပရမည်။
စင်ကြယ်စေခြင်းခံသောသူသည် မိမိအဝတ်ကိုလျှော်ရမည်။ မိမိအမွေးရှိသမျှကိုရိတ်ပြီး ရေချိုးရမည်။ ထို့နောက်မှ သူသည် စင်ကြယ်၍ တပ်စခန်းထဲသို့ဝင်ခွင့်ရှိမည်။ သို့သော် သူသည် မိမိတဲ၏အပြင်ဘက်၌ ခုနစ်ရက်နေရမည်။
အရိအရွဲထွက်သူသည် ရိနာမှ စင်ကြယ်သောအခါ သူသည် မိမိ၏သန့်စင်ခြင်းအတွက် မိမိဘာသာမိမိနေ့ရက်ခုနစ်ရက်ရေတွက်ရမည်။ ခုနစ်ရက်စေ့လျှင် မိမိအဝတ်ကိုလျှော်၍ စမ်းရေဖြင့် ရေချိုးရမည်။ ထို့နောက်မှ သူသည် စင်ကြယ်လိမ့်မည်။
ဤနေ့ရက်၌ပြုသည့်နည်းတူ သင်တို့အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုရန် ထာဝရဘုရားမိန့်မှာတော်မူခဲ့၏။
သူသည် သုံးရက်မြောက်နေ့၌ စင်ကြယ်စေခြင်းရေဖြင့် မိမိကိုယ်မိမိ သန့်စင်စေပြီး ခုနစ်ရက်မြောက်နေ့၌ သူသည် စင်ကြယ်လိမ့်မည်။ သုံးရက်မြောက်နေ့၌ မိမိကိုယ်မိမိ မသန့်စင်စေလျှင် ခုနစ်ရက်မြောက်နေ့၌ သူသည် စင်ကြယ်မည်မဟုတ်။