အာရုန်အား အရိုက်အရာခန့်အပ်ခြင်းဆိုင်ရာသိုးထီး၏ရင်ပုံကိုယူ၍ ထာဝရဘုရားရှေ့တော်၌ ချီလွှဲရာပူဇော်သက္ကာအဖြစ် ထိုရင်ပုံကိုချီလွှဲရမည်။ ၎င်းသည် သင်၏ဝေစုဖြစ်၏။
ဝတ်ပြု 7:31 - မြန်မာ့စံမီသမ္မာကျမ်း ယဇ်ပုရောဟိတ်သည် အဆီကို ယဇ်ပလ္လင်ပေါ်၌ ရှို့ရမည်။ ရင်ပုံသည် အာရုန်နှင့်သူ၏သားတို့အတွက်ဖြစ်၏။ Common Language Bible ယဇ်ပုရောဟိတ်သည်အဆီကိုယဇ်ပလ္လင်ပေါ် တွင် မီးရှို့ပူဇော်ရမည်။ သို့ရာတွင်ရင်ပုံသား သည် ယဇ်ပုရောဟိတ်များစားသုံးရန်အတွက် ဖြစ်သည်။- Garrad Bible ပ ရော ဟိတ် သည် ပ လ္လင် တော် ပေါ် မှာ ဆီ ဥ ကို မီး ဖြင့် ပူ ဇော် ရ မည်။ ရင် ထူး ကား၊ အာ ရုန် နှင့် သား စဉ် မြေး ဆက် တို့ ပိုင် ရာ ဖြစ် သ တည်း။ Judson Bible ယဇ်ပုရောဟိတ်သည်၊ ဆီဥကို ယဇ်ပလ္လင်ပေါ်မှာမီးရှို့၍၊ ရင်ပတ်ကို အာရုန်နှင့်သူ၏သားတို့သည် ယူရကြမည်။ |
အာရုန်အား အရိုက်အရာခန့်အပ်ခြင်းဆိုင်ရာသိုးထီး၏ရင်ပုံကိုယူ၍ ထာဝရဘုရားရှေ့တော်၌ ချီလွှဲရာပူဇော်သက္ကာအဖြစ် ထိုရင်ပုံကိုချီလွှဲရမည်။ ၎င်းသည် သင်၏ဝေစုဖြစ်၏။
ယဇ်ပုရောဟိတ်သည် ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သောစားဖွယ်ရာပူဇော်သက္ကာအဖြစ် ယဇ်ပလ္လင်ပေါ်၌ ရှို့ရမည်။
ယဇ်ပုရောဟိတ်သည် မွှေးကြိုင်သောရနံ့ဖြစ်သည့် မီးဖြင့်ပူဇော်သောစားဖွယ်ရာပူဇော်သက္ကာအဖြစ် ယဇ်ပလ္လင်ပေါ်၌ ရှို့ရမည်။ အဆီရှိသမျှကို ထာဝရဘုရားပိုင်တော်မူ၏။
၎င်းကို အာရုန်၏သားတို့သည် ယဇ်ပလ္လင်ပေါ်မှ မီးပေါ်တွင်ရှိသည့် ထင်းများပေါ်၌တင်ထားသော မီးရှို့ရာယဇ်ပေါ်၌ ရှို့ရမည်။ ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သောမွှေးကြိုင်သည့်ရနံ့ဖြစ်၏။
ထိုသို့သောအပြစ်တစ်စုံတစ်ရာကို ကျူးလွန်မိခဲ့သောသူ၏အပြစ်အတွက် ယဇ်ပုရောဟိတ်သည် အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးသဖြင့် သူသည် အပြစ်လွှတ်ခြင်းခံရမည်။ ကျန်ရှိသောအရာသည် ဘောဇဉ်ပူဇော်သက္ကာကဲ့သို့ပင် ယဇ်ပုရောဟိတ်အတွက်ဖြစ်၏”ဟု မိန့်တော်မူ၏။
ကျန်ရှိသောဘောဇဉ်ပူဇော်သက္ကာကို အာရုန်နှင့်သူ၏သားတို့ စားရမည်။ ၎င်းကို တဆေးမဲ့မုန့်ဖုတ်၍ သန့်ရှင်းသောနေရာ၌ စားရမည်။ တွေ့ဆုံစည်းဝေးရာတဲတော်၏ဝင်းထဲ၌ပင် စားရမည်။
အပြစ်ဖြေရာယဇ်ကိုပူဇော်သောယဇ်ပုရောဟိတ်သည် ထိုယဇ်ကို စားရမည်။ တွေ့ဆုံစည်းဝေးရာတဲတော်ဝင်းအတွင်း သန့်ရှင်းသောနေရာ၌ စားရမည်။
အကြောင်းမူကား အစ္စရေးအမျိုးသားတို့ အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်အဖြစ် ငါသည် မိတ်သဟာယယဇ်များထဲမှ ချီလွှဲရာပူဇော်သက္ကာဖြစ်သောရင်ပုံနှင့် အလှူပစ္စည်းဖြစ်သောယာဘက်ပေါင်ကို အစ္စရေးအမျိုးသားတို့ထံမှယူ၍ ယဇ်ပုရောဟိတ်အာရုန်နှင့်သူ၏သားတို့အား ပေးပြီ”ဟု မိန့်တော်မူ၏။
မောရှေသည် ရင်ပုံကိုယူ၍ ထာဝရဘုရားရှေ့တော်၌ ချီလွှဲရာပူဇော်သက္ကာအဖြစ် ချီလွှဲ၏။ အရိုက်အရာခန့်အပ်ခြင်းဆိုင်ရာသိုးထီး၏ရင်ပုံသည် မောရှေအတွက် ဝေစုဖြစ်၏။
အစ္စရေးအမျိုးသားတို့၏ချီမြှောက်ရာအလှူပစ္စည်း၊ ချီလွှဲရာပူဇော်သက္ကာအားလုံးသည်လည်း သင့်အဖို့ဖြစ်၏။ သင်နှင့်သင့်သားသမီးတို့ အစဉ်အမြဲရရှိရမည့်ဝေစုအဖြစ် ငါပေးပြီ။ သင့်အိမ်ရှိ စင်ကြယ်သောသူတိုင်း စားခွင့်ရှိ၏။
ချီလွှဲရာပူဇော်သက္ကာဖြစ်သောရင်ပုံ၊ ယာဘက်ပေါင်သည် သင့်အဖို့ဖြစ်သကဲ့သို့ အသားသည်လည်း သင့်အဖို့ဖြစ်၏။
ဗိမာန်တော်အမှုကိစ္စများကို ဆောင်ရွက်သောသူတို့သည် ဗိမာန်တော်မှရရှိသောအရာများကို စားသောက်ကြ၍ ယဇ်ပလ္လင်၌အမှုထမ်းသောသူတို့သည် ယဇ်ပလ္လင်နှင့်ဆိုင်သောပူဇော်သက္ကာများကို မျှဝေခံစားခွင့်ရှိကြောင်း သင်တို့မသိကြသလော။
နွားကိုဖြစ်စေ၊ သိုးကိုဖြစ်စေ ယဇ်ပူဇော်သောသူတို့သည် ပခုံး၊ မေးရိုး၊ ဝမ်းဗိုက် စသည်တို့ကို ယဇ်ပုရောဟိတ်အားပေးရမည်။ ဤသည်ကား လူတို့ထံမှ ယဇ်ပုရောဟိတ်တို့ရရှိသောဝေစုဖြစ်၏။