ဝတ်ပြု 7:31 - Common Language Bible31 ယဇ်ပုရောဟိတ်သည်အဆီကိုယဇ်ပလ္လင်ပေါ် တွင် မီးရှို့ပူဇော်ရမည်။ သို့ရာတွင်ရင်ပုံသား သည် ယဇ်ပုရောဟိတ်များစားသုံးရန်အတွက် ဖြစ်သည်။- အခန်းကိုကြည့်ပါ။Garrad Bible31 ပ ရော ဟိတ် သည် ပ လ္လင် တော် ပေါ် မှာ ဆီ ဥ ကို မီး ဖြင့် ပူ ဇော် ရ မည်။ ရင် ထူး ကား၊ အာ ရုန် နှင့် သား စဉ် မြေး ဆက် တို့ ပိုင် ရာ ဖြစ် သ တည်း။ အခန်းကိုကြည့်ပါ။Judson Bible31 ယဇ်ပုရောဟိတ်သည်၊ ဆီဥကို ယဇ်ပလ္လင်ပေါ်မှာမီးရှို့၍၊ ရင်ပတ်ကို အာရုန်နှင့်သူ၏သားတို့သည် ယူရကြမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း31 ယဇ်ပုရောဟိတ်သည် အဆီကို ယဇ်ပလ္လင်ပေါ်၌ ရှို့ရမည်။ ရင်ပုံသည် အာရုန်နှင့်သူ၏သားတို့အတွက်ဖြစ်၏။ အခန်းကိုကြည့်ပါ။ |
ကျန်သောမုန့်ညက်သည် ယဇ်ပုရောဟိတ်စား သုံးရန်အတွက်ဖြစ်သည်။ ယဇ်ပုရောဟိတ်သည် ထိုမုန့်ညက်ကိုတဆေးမဲ့မုန့်ဖုတ်၍ ထာဝရ ဘုရားစံတော်မူရာတဲတော်ဝင်းအတွင်း တွင် သန့်ရှင်းရာဌာန၌စားသုံးရမည်။ ထာဝရ ဘုရားသည်ထိုမုန့်ညက်ကိုဘောဇဉ်သကာထဲမှ ယဇ်ပုရောဟိတ်တို့အားပေးတော်မူသောဝေစု ဖြစ်သတည်း။ ထိုဘောဇဉ်သကာသည်အပြစ် ဖြေရာ၊ အပြစ်ဒဏ်ပြေရာယဇ်ကဲ့သို့အလွန် သန့်ရှင်း၏။-
``ထို့အပြင်ဣသရေလအမျိုးသားတို့ဆက် သသော အခြားအထူးပူဇော်သကာများသည် လည်းသင်တို့နှင့်ဆိုင်၏။ ထိုပူဇော်သကာများ သည် သင်နှင့်သင်၏သားမြေးအစဉ်အဆက် တို့ခံစားရမည့်ဝေစုဖြစ်သည်။ သင့်အိမ်ထောင် ၌ဘာသာရေးထုံးနည်းအရသန့်စင်သူတိုင်း ထိုအစားအစာကိုစားနိုင်သည်။