အပြစ်ဖြေရာယဇ်ကိုပူဇော်သောယဇ်ပုရောဟိတ်သည် ထိုယဇ်ကို စားရမည်။ တွေ့ဆုံစည်းဝေးရာတဲတော်ဝင်းအတွင်း သန့်ရှင်းသောနေရာ၌ စားရမည်။
ဝတ်ပြု 7:14 - မြန်မာ့စံမီသမ္မာကျမ်း ထိုပူဇော်သက္ကာမုန့်တစ်မျိုးစီထဲမှ တစ်ခုစီကို ထာဝရဘုရားအဖို့ ချီမြှောက်ရာအလှူပစ္စည်းအဖြစ် ပူဇော်ရမည်။ ထိုမုန့်တို့ကို မိတ်သဟာယယဇ်ကောင်၏သွေးကိုဖျန်းသောယဇ်ပုရောဟိတ်သည် ပိုင်၏။ Common Language Bible မုန့်တစ်မျိုးစီမှတစ်ခုကျကို ထာဝရဘုရား အားအထူးလှူဖွယ်အဖြစ်ဆက်ကပ်ရမည်။ ထိုဆက်ကပ်သောမုန့်များသည်ယဇ်ကောင်၏ သွေးကို ယဇ်ပလ္လင်ဘေးသို့ပက်ဖျန်းသောယဇ် ပုရောဟိတ်စားသုံးရန်အတွက်ဖြစ်သည်။- Garrad Bible ၎င်း အ လှူ ဒါ န များ အ နက် ထာ ဝ ရ ဘု ရား ထံ မြှောက် ဆက် ရာ အ လှူ အ ဖြစ် ဖြင့် တစ် မျိုး စီ ဆက် ကပ် သော်၊ မိတ် သ ဟာ ယ သ က္ကာ၏ အ သွေး ကို သွန်း ပက် သော ပ ရော ဟိတ် ပိုင် ရာ ဖြစ် ၏။ Judson Bible ပူဇော်သကာရှိသမျှအထဲက မုန့်တစ်လုံးကို ထာဝရဘုရားအား ချီမြှောက်သော ပူဇော်သကာပြု၍ ထိုမုန့်ကို မိတ်သဟာယယဇ်အသွေးဖျန်းသော ယဇ်ပုရောဟိတ်ယူရမည်။ |
အပြစ်ဖြေရာယဇ်ကိုပူဇော်သောယဇ်ပုရောဟိတ်သည် ထိုယဇ်ကို စားရမည်။ တွေ့ဆုံစည်းဝေးရာတဲတော်ဝင်းအတွင်း သန့်ရှင်းသောနေရာ၌ စားရမည်။
ထာဝရဘုရားအား အစ္စရေးအမျိုးသားတို့ပေးလှူပူဇော်သည့် သန့်ရှင်းသောအလှူပစ္စည်းရှိသမျှတို့ကို အစဉ်အမြဲရရှိရမည့်ဝေစုအဖြစ် သင်နှင့် သင်၏သားသမီးတို့အား ငါပေး၏။ ထိုဝေစုသည် ထာဝရဘုရားရှေ့တော်၌ သင်နှင့် သင်၏သားစဉ်မြေးဆက်တို့အတွက် ထာဝရဆားပဋိညာဉ်ဖြစ်၏”ဟု မိန့်တော်မူ၏။
သင်သည် ထိုပူဇော်သက္ကာကို သူတို့ရရှိသောတစ်ဝက်ထဲမှ ယူ၍ ထာဝရဘုရားအဖို့ အလှူပစ္စည်းအဖြစ် ယဇ်ပုရောဟိတ်ဧလာဇာအား ပေးရမည်။
မောရှေသည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ထာဝရဘုရားအဖို့ အလှူပစ္စည်းဖြစ်သော ချီမြှောက်ရာပူဇော်သက္ကာတို့ကို ယဇ်ပုရောဟိတ်ဧလာဇာအား ပေးလေ၏။
ဇာတိအားဖြင့် အစ္စရေးလူမျိုးဖြစ်သောသူတို့ကို ကြည့်ကြလော့။ ယဇ်ကောင်တို့ကိုစားသောသူတို့သည် ယဇ်ပလ္လင်နှင့် စပ်ဆိုင်သောသူဖြစ်ကြသည်မဟုတ်လော။
အစားအစာဝေစုကို ညီတူမျှတူရပိုင်ခွင့်ရှိသည့်အပြင် ဘိုးဘေးတို့ပိုင်သောဥစ္စာကိုရောင်း၍ရသောငွေကိုလည်း ရပိုင်ခွင့်ရှိ၏။