ကိန်းဝပ်တော်မူရာတဲတော်နှင့်ယဇ်ပလ္လင်ပတ်ပတ်လည်ကို ဝင်းကာ၍ ဝင်းအဝင်ဝကို လိုက်ကာတပ်၏။ ဤသို့ဖြင့် မောရှေသည် အလုပ်ကို ပြီးစီးစေ၏။
ဝတ်ပြု 6:26 - မြန်မာ့စံမီသမ္မာကျမ်း အပြစ်ဖြေရာယဇ်ကိုပူဇော်သောယဇ်ပုရောဟိတ်သည် ထိုယဇ်ကို စားရမည်။ တွေ့ဆုံစည်းဝေးရာတဲတော်ဝင်းအတွင်း သန့်ရှင်းသောနေရာ၌ စားရမည်။ Common Language Bible ထိုယဇ်ကောင်ကိုပူဇော်သောယဇ်ပုရောဟိတ် သည် ထာဝရဘုရားစံတော်မူရာတဲတော် ဝင်းအတွင်းတွင် သန့်ရှင်းရာဌာန၌ယဇ်ကောင် ၏အသားကိုစားရမည်။- Garrad Bible အ ပြစ် ဖြေ ရန် ဆက် ကပ် သော ပ ရော ဟိတ် သည် သီး သန့် ရာ အ ရပ်၊ တွေ့ ဆုံ ရာ တဲ တော် တံ တိုင်း အ တွင်း ၌ ပင် စား ရ မည်။ Judson Bible အပြစ်ဖြေဖို့ပူဇော်သော ယဇ်ပုရောဟိတ်သည်၊ ပရိသတ်စည်းဝေးရာ တဲတော်ဝင်းအတွင်းတွင် သန့်ရှင်းရာဌာန၌စားရမည်။ |
ကိန်းဝပ်တော်မူရာတဲတော်နှင့်ယဇ်ပလ္လင်ပတ်ပတ်လည်ကို ဝင်းကာ၍ ဝင်းအဝင်ဝကို လိုက်ကာတပ်၏။ ဤသို့ဖြင့် မောရှေသည် အလုပ်ကို ပြီးစီးစေ၏။
သူက ငါ့အား “နေရာလွတ်နှင့်မျက်နှာချင်းဆိုင် မြောက်ဘက်ရှိအခန်းများနှင့် တောင်ဘက်ရှိအခန်းများသည် သန့်ရှင်းသောအခန်းများဖြစ်၏။ ထာဝရဘုရားထံချဉ်းကပ်ရသော ယဇ်ပုရောဟိတ်တို့သည် ထိုအခန်းတို့တွင် အထူးသန့်ရှင်းသောအစာကိုစားရ၏။ ထိုအခန်းတို့သည် သန့်ရှင်းသောကြောင့် ထိုနေရာတွင် အထူးသန့်ရှင်းသောပူဇော်သက္ကာများဖြစ်သည့် ဘောဇဉ်ပူဇော်သက္ကာ၊ အပြစ်ဖြေရာယဇ်၊ အပြစ်ဒဏ်ဖြေရာယဇ်တို့ကို ထားရှိ၏။
ထိုသူက ငါ့အား “ဤနေရာသည် ယဇ်ပုရောဟိတ်တို့က အပြစ်ဒဏ်ဖြေရာယဇ်နှင့် အပြစ်ဖြေရာယဇ်တို့ကို ပြုတ်ရသောနေရာ၊ ဘောဇဉ်ပူဇော်သက္ကာကို ဖုတ်ရာနေရာဖြစ်၏။ လူတို့ထံ သန့်ရှင်းခြင်းကူးမသွားစေရန် ထိုယဇ်တို့ကို အပြင်ဝင်းသို့ ယူဆောင်မသွားရ”ဟု ဆို၏။
ငါ့လူမျိုးတော်၏အပြစ်ဖြေရာယဇ်ကောင်ကို စားရသောကြောင့် လူတို့အပြစ်ပြုသည်ကို သူတို့နှစ်သက်သဘောကျကြ၏။
ကျန်ရှိသောဘောဇဉ်ပူဇော်သက္ကာကို အာရုန်နှင့်သူ၏သားတို့ စားရမည်။ ၎င်းကို တဆေးမဲ့မုန့်ဖုတ်၍ သန့်ရှင်းသောနေရာ၌ စားရမည်။ တွေ့ဆုံစည်းဝေးရာတဲတော်၏ဝင်းထဲ၌ပင် စားရမည်။
တဆေးထည့်၍ မဖုတ်ရ။ ငါ့အဖို့ မီးဖြင့်ပူဇော်သောယဇ်ထဲမှ ၎င်းကို သူတို့၏ဝေစုအဖြစ် ငါပေး၏။ ၎င်းသည် အပြစ်ဖြေရာယဇ်နှင့် အပြစ်ဒဏ်ဖြေရာယဇ်ကဲ့သို့ပင် အလွန်သန့်ရှင်း၏။
ယဇ်ပုရောဟိတ်ဖြစ်သောယောက်ျားတိုင်း ထိုအသားကိုစားခွင့်ရှိ၏။ ဤအပြစ်ဖြေရာယဇ်သည် အထူးသန့်ရှင်းသောယဇ်ဖြစ်၏။
အပြစ်ဒဏ်ဖြေရာယဇ်သည် အပြစ်ဖြေရာယဇ်ကဲ့သို့ပင်ဖြစ်ပြီး ၎င်းတို့နှင့်ဆိုင်သောတရားသည် တစ်ပါးတည်းဖြစ်၏။ ယဇ်ကောင်ဖြင့် အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးသောယဇ်ပုရောဟိတ်သည် ထိုယဇ်ကောင်ကို ပိုင်၏။
ဗိမာန်တော်အမှုကိစ္စများကို ဆောင်ရွက်သောသူတို့သည် ဗိမာန်တော်မှရရှိသောအရာများကို စားသောက်ကြ၍ ယဇ်ပလ္လင်၌အမှုထမ်းသောသူတို့သည် ယဇ်ပလ္လင်နှင့်ဆိုင်သောပူဇော်သက္ကာများကို မျှဝေခံစားခွင့်ရှိကြောင်း သင်တို့မသိကြသလော။