အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဝတ်​ပြု 5:4 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

တစ်စုံတစ်ယောက်​သည် ဆိုးညစ်​သော​အမှု​ကို​ပြု​မည်​၊ ကောင်း​သော​အမှု​ကို​ပြု​မည်​ဟူ၍ နှုတ်​ဖြင့်​မဆင်မခြင်​ကျိန်ဆို​ပြီး ထို​မဆင်မခြင်​ကျိန်ဆို​သော​အရာ​ကို သူ​သည် သတိမမူ​မိ​ဘဲ​နေ​၍ နောက်မှ ထို​အရာ​ကို သိလာ​လျှင်​လည်း ထို​ကျိန်ဆို​သော​အရာ​တစ်စုံတစ်ခု​ကြောင့် သူ့​အပေါ် အပြစ်​သက်ရောက်​မည်​။

အခန်းကိုကြည့်ပါ။

Common Language Bible

တစ်​စုံ​တစ်​ယောက်​သော​သူ​သည် မည်​သည့်​ကိစ္စ မျိုး​၌​မ​ဆို​အ​ကျိုး​အ​ပြစ်​ကို​မ​ဆင်​ခြင်​ဘဲ ကျိန်​ဆို​မိ​လျှင် ယင်း​သို့​ကျိန်​ဆို​မိ​ကြောင်း သိ​လျှင်​သိ​ချင်း​သူ​သည်​အ​ပြစ်​ကူး​လွန် ရာ​ရောက်​သည်။

အခန်းကိုကြည့်ပါ။

Garrad Bible

လူ တစ် ဦး သည် အ ကောင်း အ ဆိုး ကို ပြု မည် ဟု အ ကျိုး အ ပြစ် မ မျှော် မြင် ဘဲ ကျိန် ဆို မိ၍ သိ သော အ ခါ ဆို ခဲ့ ရာ အ တွက် အ ပြစ် ဒဏ် ခံ ထိုက် သော် လည်း ကောင်း၊

အခန်းကိုကြည့်ပါ။

Judson Bible

တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ကောင်း​သော​အ​မှု၊ မ​ကောင်း​သော​အ​မှု​ကို ပြု​မည်​ဟု အ​ကျိုး​အ​ပြစ်​ကို​မ​သိ​ဘဲ ကျိန်​ဆို​လျက် သ​စ္စာ​ပြု၍ နောက်​တစ်​ဖန်​သိ​လျှင်၊ အ​ရင်​ကျိန်​ဆို​လျက် သ​စ္စာ​ပြု​လေ​ရာ​ရာ၌ အ​ပြစ်​တစ်​စုံ​တစ်​ခု​ရောက်​သော်​လည်း​ကောင်း၊

အခန်းကိုကြည့်ပါ။



ဝတ်​ပြု 5:4
25 ပူးပေါင်းရင်းမြစ်များ  

သို့သော် ဒါဝိဒ်​မင်းကြီး​နှင့် ရှောလု​မင်းကြီး​၏​သား​ယောနသန်​တို့​ကြား​၌ ထာဝရဘုရား​ကို​တိုင်တည်​၍ ပြု​ထား​သော​ကတိသစ္စာ​ကြောင့် ရှင်ဘုရင်​သည် ရှောလု​၏​မြေး​၊ ယောနသန်​၏​သား မေဖိဗောရှက်​ကို ချမ်းသာ​ပေး​၏​။


ရှင်ဘုရင်​က “​ယနေ့ ရှာဖတ်​၏​သား ဧလိရှဲ​၏​ခေါင်း​သည် သူ့​ကိုယ်​နှင့်​တွဲ​နေ​သေး​လျှင် ဘုရားသခင်​သည် ငါ့​ကို ထိုထက်မက​ပြု​တော်မူ​ပါစေသော​”​ဟု မိန့်ဆို​လေ​၏​။


အကြောင်းမူကား ကိုယ်တော်​၏​ဝိညာဉ်​တော်​ကို သူ​တို့​ဖီဆန်​ကြ​သောကြောင့် သူ​သည် မိမိ​နှုတ်​ဖြင့် မဆင်မခြင်​ပြောဆို​မိ​ခဲ့​၏​။


ထိုသို့သော​အပြစ်​တစ်စုံတစ်ရာ​ကို ကျူးလွန်​မိ​ခဲ့​သော​သူ​၏​အပြစ်​အတွက် ယဇ်ပုရောဟိတ်​သည် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ပေး​သဖြင့် သူ​သည် အပြစ်လွှတ်​ခြင်း​ခံရ​မည်​။ ကျန်ရှိ​သော​အရာ​သည် ဘောဇဉ်ပူဇော်သက္ကာ​ကဲ့သို့ပင် ယဇ်ပုရောဟိတ်​အတွက်​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။


သူ​သည် လူ​၏​အညစ်အကြေး​ဖြစ်​သည့် လူ​ကို​မစင်ကြယ်​စေ​သော အညစ်အကြေး​တစ်စုံတစ်ရာ​အား ထိမိ​သည်​ကို သတိမမူ​မိ​ဘဲ​နေ​၍ နောက်မှ​ထိမိ​သည်​ကို သိလာ​လျှင်​လည်း သူ့​အပေါ် အပြစ်​သက်ရောက်​မည်​။


ထို​မိန်းမ​သည် ယောက်ျား​ရ​ပြီးမှ ကတိသစ္စာ​ပြု​လျှင်​ဖြစ်စေ​၊ စကား​ကို​အလျင်စလို​ပြော​၍ မိမိကိုယ်မိမိ ချည်နှောင်​လျှင်​ဖြစ်စေ


သူ​၏​ယောက်ျား ကြား​သော​နေ့​၌ သူ့​ကို​ဟန့်တား​၍ သူ​ပြု​ထား​သော​ကတိသစ္စာ​နှင့် အလျင်စလို​ပြော​သော​စကား​ဖြင့် မိမိကိုယ်မိမိ ချည်နှောင်​သော​ကတိစကား​တို့​ကို ပယ်ဖျက်​လျှင်​မူကား ထာဝရဘုရား​သည် ထို​မိန်းမ​ကို​ခွင့်လွှတ်​တော်မူ​လိမ့်မည်​။


ထို့ကြောင့် ဟေရုဒ်​သည် သင်​တောင်း​သမျှ​ကို​ပေး​မည်​ဟု သူ့​အား ကတိ​သစ္စာ​ပြု​လေ​၏။


မင်းကြီး​သည် စိတ်မကောင်း​ဖြစ်​သော်လည်း ပြု​ထား​သော​ကတိ​သစ္စာ​ကို​လည်းကောင်း၊ မိမိ​နှင့်အတူ​စားသောက်ပွဲ​၌​ထိုင်​နေ​သော​သူ​တို့​၏​မျက်နှာ​ကို​လည်းကောင်း ထောက်၍ ပေး​လိုက်​ရန် အမိန့်​ပေး​ကာ


တစ်ဖန် “ငါ့​ကို​သင်​တောင်း​သမျှ ငါ့​နိုင်ငံ​တစ်ဝက်​တိုင်အောင် သင့်​အား ငါ​ပေး​မည်”​ဟု တိုင်တည်​ပြောဆို​လေ​၏။


မိုးလင်း​သောအခါ ဂျူး​လူမျိုး​တို့​သည် ပူးပေါင်း​ကြံစည်​လျက် ပေါလု​ကို​မ​သတ်​ရ​မ​ချင်း မည်သည့်​အရာ​ကို​မျှ မ​စား​မ​သောက်​ရန် ကျိန်ဆို​ကြ​၏။


ထို​သူ​တို့​က​လည်း သူ့​အား “​သင်​တို့​သည် ငါ​တို့​လာ​သော​သတင်း​ကို​မ​ပေါက်ကြား​စေ​လျှင် ငါ​တို့​အသက်​ကို​ရင်း​၍ သင်​တို့​ကို အာမခံ​ပါ​မည်​။ ဤ​ပြည်​ကို ငါ​တို့​အား ထာဝရဘုရား​ပေး​တော်မူ​သောအခါ သင့်​ကို အမှန်တကယ်​မေတ္တာ​ပြ​ပါ​မည်​”​ဟု ဆို​လေ​၏​။


ယောရှု​လည်း သူ​တို့​နှင့် ငြိမ်းချမ်းရေး​ယူ​၏​။ သူ​တို့​ကို အသက်ချမ်းသာ​ပေး​ရန် ကတိသစ္စာ​ပြု​၏​။ လူထု​ခေါင်းဆောင်​တို့​က​လည်း သဘောတူ​ကျိန်ဆို​ကြ​၏​။


အမ္မုန်​အမျိုးသား​တို့​ကို အောင်နိုင်​၍ ပြန်လာ​သောအခါ အကျွန်ုပ်​အား အိမ်​တံခါးဝ​မှ​ထွက်​ကြို​သော​သူ​ကို ထာဝရဘုရား​အဖို့ မီးရှို့ရာယဇ်​အဖြစ် ပူဇော်​ပါ​မည်​”​ဟု ထာဝရဘုရား​ထံ ကတိသစ္စာ​ပြု​လေ​၏​။


ငါ​တို့​မူကား ‘​ကိုယ့်​သမီး​ကို ဗင်္ယာမိန်​အမျိုး​တို့​နှင့် ပေးစား​သော​သူ​သည် ကျိန်​ခြင်း​ခံရ​မည်​’​ဟု အစ္စရေး​အမျိုးသား​တို့ ကျိန်ဆို​ထား​ပြီ​ဖြစ်၍ ငါ​တို့​သမီး​များ​ကို သူ​တို့​နှင့် ပေးစား​၍​မ​ရ”​ဟု ဆို​၏​။


ငါ​တို့​သည် ကိုယ့်​သမီး​ကို သူ​တို့​နှင့်​မ​ပေးစား​နိုင်​ဟု ထာဝရဘုရား​ကို​တိုင်တည်​၍ ကျိန်ဆို​ခဲ့​ပြီ​ဖြစ်၍ ကျန်ရစ်​သော​ဗင်္ယာမိန်​အမျိုးအနွယ်​တို့ အိမ်ထောင်ပြု​ရန် မည်သို့​ကူညီ​ပေး​နိုင်​မည်နည်း​”​ဟု ဆို​ကြ​၏​။


ယခု သင်​တို့​သည် ယေရုဗ္ဗာလ​နှင့် သူ့​အိမ်သူအိမ်သား​တို့​ကို ဖြောင့်မတ်​မှန်ကန်​စွာ​ပြု​သည်​မှန်​လျှင် အဘိမလက်​အားဖြင့် ဝမ်းမြောက်​ကြ​လော့​။ သူ​သည်​လည်း သင်​တို့​အားဖြင့် ဝမ်းမြောက်​ပါစေ​။


“​ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၊ ကိုယ်တော့်​ကျွန်မ ခံရ​သော​ဆင်းရဲဒုက္ခ​ကို အကယ်စင်စစ် ကြည့်​တော်မူ​ပါ​။ ကိုယ်တော့်​ကျွန်မ​ကို မ​မေ့လျော့​ဘဲ အောက်မေ့​တော်မူ​ပါ​။ ကိုယ်တော့်​ကျွန်မ​အား သား​ယောက်ျား​ကို​ပေးသနား​တော်မူ​ပါ​။ သို့ပြုလျှင် အကျွန်ုပ်​သည် သူ့​ဘဝ​တစ်ခုလုံး​ကို ထာဝရဘုရား​ထံ ဆက်ကပ်​အပ်နှံ​ပါ​မည်​။ သူ့​ဆံပင်​ကို​လည်း မ​ရိတ်​ပါ​”​ဟု ကတိသစ္စာ​ပြု​ဆုတောင်း​လေ​၏​။


ထို့ကြောင့် နံနက်​မိုးသောက်ချိန်​တွင် ငါ​သည် သူ့​လူ​ယောက်ျား​တစ်စုံတစ်ယောက်​ကို အသက်ရှင်​ကျန်​နေ​စေ​ခဲ့​လျှင် ဘုရားသခင်​သည် ငါ​ဒါဝိဒ်​၏​ရန်သူ​တို့​ကို ထိုထက်မက စီရင်​တော်မူ​ပါစေ​”​ဟု ဆို​ထား​နှင့်​၏​။