Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တော​လည် 30:8 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 သူ​၏​ယောက်ျား ကြား​သော​နေ့​၌ သူ့​ကို​ဟန့်တား​၍ သူ​ပြု​ထား​သော​ကတိသစ္စာ​နှင့် အလျင်စလို​ပြော​သော​စကား​ဖြင့် မိမိကိုယ်မိမိ ချည်နှောင်​သော​ကတိစကား​တို့​ကို ပယ်ဖျက်​လျှင်​မူကား ထာဝရဘုရား​သည် ထို​မိန်းမ​ကို​ခွင့်လွှတ်​တော်မူ​လိမ့်မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

8 သူ​၏​ခင်​ပွန်း​ကြား​၍​တား​မြစ်​လျှင်​မူ​ကား သူ​သည်​က​တိ​သစ္စာ​အ​တိုင်း​ဆောင်​ရွက်​ရန် မ​လို။ ထာ​ဝ​ရ​ဘု​ရား​သည်​သူ့​ကို​ခွင့်​လွှတ် တော်​မူ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

8 လင် သည် ကြား သိ သော နေ့၌ မြစ် တား လျှင် မူ ကား သ စ္စာ ဝတ် ထား ချက်၊ ချုပ် တည်း ရန် ဝန် ခံ မိ ချက် များ ကို ဖျက် စေ။ ထာ ဝ ရ ဘု ရား လည်း ချမ်း သာ ပေး တော် မူ မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8 သို့​မ​ဟုတ် လင်​သည်​ကြား​သော​နေ့၌ မြစ်​တား​လျှင်၊ ထို​သ​စ္စာ​စ​ကား၊ ကိုယ်​စိတ်​ဝိ​ညာဉ်၌ ချည်​နှောင်​သော​စ​ကား​ကို လင်​သည်​ပယ်၍၊ ထာ​ဝ​ရ​ဘု​ရား​လည်း လွှတ်​တော်​မူ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည် 30:8
10 ပူးပေါင်းရင်းမြစ်များ  

မိန်းမ​အား​လည်း “​သင်​သန္ဓေတည်​သောအခါ ငါ​သည် သင့်​ကို ပင်ပန်းခက်ခဲမှု အများအပြား​ကြုံတွေ့​စေ​မည်​။ သင်​သည် နာကျင်ခက်ခဲ​စွာ​သားဖွား​ရ​မည်​။ သင်​၏​အလိုဆန္ဒ​သည် သင်​၏​ခင်ပွန်း​အတွက်​ဖြစ်​လိမ့်မည်​။ သူ​သည် သင့်​ကို​အုပ်စိုး​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။


မိန်းမ​တို့​က​လည်း “​ငါ​တို့​သည် ကောင်းကင်​မိဖုရား​အား နံ့သာပေါင်း​မီးရှို့ပူဇော်​သောအခါ​၊ သွန်းလောင်းရာပူဇော်သက္ကာ​ကို သွန်းလောင်း​သောအခါ ငါ​တို့​၏​ခင်ပွန်းသည်​မ​ပါ​ဘဲ မိဖုရားပုံတူ​မုန့်​များ​ကို လုပ်​ခဲ့​သလော​။ သွန်းလောင်းရာပူဇော်သက္ကာ​ကို သွန်းလောင်း​ခဲ့​သလော​”​ဟု ဆို​ကြ​၏​။


တစ်စုံတစ်ယောက်​သည် ဆိုးညစ်​သော​အမှု​ကို​ပြု​မည်​၊ ကောင်း​သော​အမှု​ကို​ပြု​မည်​ဟူ၍ နှုတ်​ဖြင့်​မဆင်မခြင်​ကျိန်ဆို​ပြီး ထို​မဆင်မခြင်​ကျိန်ဆို​သော​အရာ​ကို သူ​သည် သတိမမူ​မိ​ဘဲ​နေ​၍ နောက်မှ ထို​အရာ​ကို သိလာ​လျှင်​လည်း ထို​ကျိန်ဆို​သော​အရာ​တစ်စုံတစ်ခု​ကြောင့် သူ့​အပေါ် အပြစ်​သက်ရောက်​မည်​။


သူ​၏​ဖခင် ကြား​သော​နေ့​၌ သူ့​ကို​ဟန့်တား​လျှင်​မူကား သူ​၏​ကတိသစ္စာ​အားလုံး​၊ မိမိကိုယ်မိမိ ချည်နှောင်​သော​ကတိစကား​အားလုံး မ​တည်​ရ​။ သူ​၏​ဖခင် သူ့​ကို​ဟန့်တား​သောကြောင့် ထာဝရဘုရား​သည် သူ့​ကို​ခွင့်လွှတ်​တော်မူ​လိမ့်မည်​။


သူ​၏​ယောက်ျား​ကြား​သော်လည်း ကြား​သော​နေ့​၌ သူ့​အား ဘာမျှ​မ​ပြော​ဘဲ​နေ​လျှင် သူ​၏​ကတိသစ္စာ​၊ မိမိကိုယ်မိမိ ချည်နှောင်​သော​ကတိစကား​တို့​သည် တည်​လိမ့်မည်​။


မုဆိုးမ​ဖြစ်စေ​၊ ကွာရှင်း​ထား​သော​မိန်းမ​ဖြစ်စေ မိမိကိုယ်မိမိ ချည်နှောင်​သော​ကတိသစ္စာ​အားလုံး​သည် သူ​၌ တည်​လိမ့်မည်​။


မိန်းမ​တို့​သည် အသင်းတော်​တွင် တိတ်ဆိတ်​စွာ​နေ​ကြ​ရ​မည်။ အကြောင်းမူကား သူ​တို့​၌ ဟောပြော​ရ​သော​အခွင့်​မ​ရှိ။ ပညတ်​တရား​၌​လည်း​ဆို​ထား​သည့်​အတိုင်း သူ​တို့​သည် နာခံ​မှု​ရှိ​ကြ​ရ​မည်။


မယား​သည် မိမိ​ကိုယ်ခန္ဓာ​ကို​မ​ပိုင်၊ လင်​ယောက်ျား​ကသာ​ပိုင်​၏။ ထို့အတူ လင်​ယောက်ျား​သည်​လည်း မိမိ​ကိုယ်ခန္ဓာ​ကို​မ​ပိုင်၊ မယား​က​သာ​ပိုင်​၏။


သူ​၏​ခင်ပွန်း​ဧလကာန​က​လည်း “​သင်​ကောင်း​သည်​ဟု​ထင်​သည့်​အတိုင်း ပြု​ပါ​။ သူငယ်​နို့ပြတ်​သည်​အထိ နေ​ပါ​။ ထာဝရဘုရား​သည် ကတိ​ထား​သည့်​အတိုင်း ပြု​တော်မူ​ပါစေသော​”​ဟု ဆို​၏​။ ထို့ကြောင့် ဟန္န​နေ​ခဲ့​၍ မိမိ​၏​သား​ကို နို့ပြတ်​သည်​အထိ​ပြုစု​စောင့်ရှောက်​လေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ