သူသည် အူနှင့်ခြေထောက်ကို ရေဖြင့်ဆေးကြောရမည်။ ထို့နောက် ယဇ်ပုရောဟိတ်သည် ထိုအရာအားလုံးကို ယူဆောင်လာ၍ မီးရှို့ရာယဇ်အဖြစ် ယဇ်ပလ္လင်ပေါ်၌ရှို့ရမည်။ ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သော မွှေးကြိုင်သည့်ရနံ့ ဖြစ်၏။
ဝတ်ပြု 5:12 - မြန်မာ့စံမီသမ္မာကျမ်း ၎င်းကို ယဇ်ပုရောဟိတ်ထံသို့ ယူဆောင်လာပြီး ယဇ်ပုရောဟိတ်သည် ပူဇော်သက္ကာအမှတ်သညာအဖြစ် ၎င်းထဲမှ လက်တစ်ဆုပ်စာယူ၍ ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သောယဇ်ကောင်ပေါ်တင်၍ ယဇ်ပလ္လင်ပေါ်၌ရှို့ရမည်။ ဤသည်ကား အပြစ်ဖြေရာယဇ်ဖြစ်၏။ Common Language Bible ယဇ်ပုရောဟိတ်သည်ထာဝရဘုရားထံ တော်သို့ မုန့်ညက်အကုန်အစင်ပူဇော်ဆက်သ သည့်အထိမ်းအမှတ်အဖြစ် မုန့်ညက်လက် တစ်ဆုပ်စာကိုယူ၍ပူဇော်သကာအဖြစ် ပလ္လင်ပေါ်တွင်မီးရှို့ပူဇော်ရမည်။ ယင်းသည် အပြစ်ဖြေရာယဇ်ဖြစ်သတည်း။- Garrad Bible ခံ ယူ သော ပ ရော ဟိတ် သည် မှတ် သား တော် မူ ဖွယ် အ ဖြစ် တစ် လက် ဆွန်း ကို သဲ့ ယူ၍၊ အ ပြစ် ဖြေ ရာ သ က္ကာ ဖြစ် သည် နှင့် အ ညီ ထာ ဝ ရ ဘု ရား ထံ မီး ပူ ဇော် ရာ များ အ ပေါ် တွင် ပ လ္လင် တော် ထက် ပူ ဇော် လျက်၊ Judson Bible ယဇ်ပုရောဟိတ်ထံသို့ဆောင်ခဲ့ပြီးလျှင်၊ ယဇ်ပုရောဟိတ်သည် မုန့်ညက်တစ်လက်ဆွန်းတည်းဟူသော ပူဇော်သကာ အတွက်အတာကိုယူ၍၊ ထာဝရဘုရားအားမီးဖြင့်ပြုသော ပူဇော်သကာနှင့်အတူ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ အပြစ်ဖြေရာယဇ်ဖြစ်သတည်း။ |
သူသည် အူနှင့်ခြေထောက်ကို ရေဖြင့်ဆေးကြောရမည်။ ထို့နောက် ယဇ်ပုရောဟိတ်သည် ထိုအရာအားလုံးကို ယူဆောင်လာ၍ မီးရှို့ရာယဇ်အဖြစ် ယဇ်ပလ္လင်ပေါ်၌ရှို့ရမည်။ ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သော မွှေးကြိုင်သည့်ရနံ့ ဖြစ်၏။
ငှက်ကို အတောင်ပံမှ ဆွဲဖြဲရမည်။ နှစ်ပိုင်းမပြတ်စေရ။ ယဇ်ပုရောဟိတ်သည် ၎င်းကို မီးရှို့ရာယဇ်အဖြစ် ယဇ်ပလ္လင်ပေါ်မှ မီးပေါ်တွင်ရှိသည့် ထင်းများပေါ်၌ရှို့ရမည်။ ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သော မွှေးကြိုင်သည့်ရနံ့ ဖြစ်၏။
သူသည် အူနှင့်ခြေထောက်ကို ရေဖြင့်ဆေးကြောရမည်။ ထို့နောက် ယဇ်ပုရောဟိတ်သည် ထိုအရာအားလုံးကို မီးရှို့ရာယဇ်အဖြစ် ယဇ်ပလ္လင်ပေါ်၌ ရှို့ရမည်။ ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သော မွှေးကြိုင်သည့်ရနံ့ ဖြစ်၏။
ယဇ်ပုရောဟိတ်သည် လော်ဗန်ရှိသမျှနှင့်တကွ ကြိတ်ထားသောအစေ့နှင့်ဆီထဲမှ ပူဇော်သက္ကာအမှတ်သညာကို ထာဝရဘုရားထံ မီးဖြင့်ပူဇော်သောယဇ်အဖြစ် ရှို့ရမည်။
အာရုန်၏သားယဇ်ပုရောဟိတ်တို့ထံသို့ ယူဆောင်လာရမည်။ ယဇ်ပုရောဟိတ်သည် ပူဇော်သက္ကာအမှတ်သညာအဖြစ် ထိုပူဇော်သက္ကာထဲမှ လော်ဗန်ရှိသမျှနှင့်တကွ အကောင်းဆုံးဂျုံမှုန့်နှင့်ဆီကို လက်တစ်ဆုပ်စာယူ၍ ယဇ်ပလ္လင်ပေါ်၌ ရှို့ရမည်။ ထာဝရဘုရားထံ မီးဖြင့်ပူဇော်သောမွှေးကြိုင်သည့်ရနံ့ဖြစ်၏။
ယဇ်ပုရောဟိတ်သည် ပူဇော်သက္ကာအမှတ်သညာကို ဘောဇဉ်ပူဇော်သက္ကာထဲမှယူ၍ ယဇ်ပလ္လင်ပေါ်၌ ရှို့ရမည်။ ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သော မွှေးကြိုင်သည့်ရနံ့ ဖြစ်၏။
ယဇ်ပုရောဟိတ်သည် ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သောစားဖွယ်ရာပူဇော်သက္ကာအဖြစ် ယဇ်ပလ္လင်ပေါ်၌ ရှို့ရမည်။
ခါးအောက်ပိုင်းရှိကျောက်ကပ်နှစ်ခုနှင့် ၎င်းတို့ပေါ်ရှိ အဆီ၊ ကျောက်ကပ်နှင့်အတူခွာယူသည့် အသည်းပေါ်မှအဆီပျဉ်ကို ယူဆောင်လာ၍
အဆီရှိသမျှကိုလည်း မိတ်သဟာယယဇ်ဖြစ်သောသိုးမှ အဆီကိုခွာယူသကဲ့သို့ ခွာယူရမည်။ ယဇ်ပုရောဟိတ်သည် ထိုအဆီတို့ကို ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သောယဇ်ကောင်ပေါ်တင်၍ ယဇ်ပလ္လင်ပေါ်၌ ရှို့ရမည်။ ထိုသို့ ထိုသူကျူးလွန်သောအပြစ်အတွက် ယဇ်ပုရောဟိတ်သည် အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးသဖြင့် သူသည် အပြစ်လွှတ်ခြင်းခံရမည်။
သူသည် ချိုးငှက်နှစ်ကောင်၊ သို့မဟုတ် ခိုငယ်နှစ်ကောင်ကို ပူဇော်ရန်မတတ်နိုင်လျှင် သူကျူးလွန်မိခဲ့သည့်အပြစ်အတွက် အပြစ်ဖြေရာယဇ်အဖြစ် အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၏ဆယ်ပုံတစ်ပုံကို ယူဆောင်လာ၍ ပူဇော်ရမည်။ ဤသည်ကား အပြစ်ဖြေရာယဇ်ဖြစ်၍ ၎င်းအပေါ်၌ ဆီမထည့်ရ။ လော်ဗန်ကိုလည်း မတင်ရ။
ထိုသို့သောအပြစ်တစ်စုံတစ်ရာကို ကျူးလွန်မိခဲ့သောသူ၏အပြစ်အတွက် ယဇ်ပုရောဟိတ်သည် အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးသဖြင့် သူသည် အပြစ်လွှတ်ခြင်းခံရမည်။ ကျန်ရှိသောအရာသည် ဘောဇဉ်ပူဇော်သက္ကာကဲ့သို့ပင် ယဇ်ပုရောဟိတ်အတွက်ဖြစ်၏”ဟု မိန့်တော်မူ၏။
ပူဇော်သက္ကာအမှတ်သညာအဖြစ် ဘောဇဉ်ပူဇော်သက္ကာပေါ်ရှိ လော်ဗန်ရှိသမျှနှင့်တကွ ဘောဇဉ်ပူဇော်သက္ကာမှ အကောင်းဆုံးဂျုံမှုန့်နှင့်ဆီကို လက်တစ်ဆုပ်စာယူရမည်။ ၎င်းကို ထာဝရဘုရားအဖို့ မွှေးကြိုင်သောရနံ့အဖြစ် ယဇ်ပလ္လင်ပေါ်၌ ရှို့ရမည်။
ယဇ်ပုရောဟိတ်သည် ပူဇော်သက္ကာအမှတ်သညာအဖြစ် ထိုဘောဇဉ်ပူဇော်သက္ကာကို လက်တစ်ဆုပ်စာယူ၍ ယဇ်ပလ္လင်ပေါ်၌ ရှို့ပြီးနောက် ကျိန်ခြင်းရေကို ထိုမိန်းမအား တိုက်ရမည်။
ထိုကောင်းကင်တမန်ကို စေ့စေ့ကြည့်ရင်း သူသည် ကြောက်လန့်၍ “သခင်ဘုရား၊ မည်သည့်အကြောင်းအရာရှိပါသနည်း”ဟု မေးလေ၏။ ကောင်းကင်တမန်ကလည်း “သင်၏ဆုတောင်းခြင်းနှင့်ပေးကမ်းစွန့်ကြဲခြင်းတို့သည် အမှတ်ရစရာအဖြစ် ဘုရားသခင်၏ရှေ့တော်သို့ရောက်လေပြီ။
ခရစ်တော်သည် ငါတို့ကိုချစ်တော်မူ၍ ငါတို့အတွက် မိမိကိုယ်ကို ပူဇော်သက္ကာနှင့်ယဇ်တည်းဟူသော မွှေးကြိုင်သည့်ရနံ့အဖြစ် ဘုရားသခင်ထံ ဆက်ကပ်အပ်နှံတော်မူသည့်နည်းတူ ချစ်ခြင်းမေတ္တာ၌ အသက်ရှင်လျှောက်လှမ်းကြလော့။