အပြစ်ဖြေရာယဇ်ဖြစ်သောနွားထီးကို ပူဇော်သည့်အတိုင်း ဤနွားထီးကို ပူဇော်ရမည်။ ထိုသို့ပူဇော်ခြင်းအားဖြင့် ယဇ်ပုရောဟိတ်သည် သူတို့အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးသဖြင့် သူတို့သည် အပြစ်လွှတ်ခြင်းခံရမည်။
ဝတ်ပြု 5:10 - မြန်မာ့စံမီသမ္မာကျမ်း ကျန်တစ်ကောင်ကို စီရင်ထုံးဖွဲ့ချက်အတိုင်း မီးရှို့ရာယဇ်အဖြစ် ပူဇော်ရမည်။ ထိုသို့ ထိုသူကျူးလွန်သောအပြစ်အတွက် ယဇ်ပုရောဟိတ်သည် အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးသဖြင့် သူသည် အပြစ်လွှတ်ခြင်းခံရမည်။ Common Language Bible ဒုတိယငှက်ကိုပြဋ္ဌာန်းချက်များအရ မီးရှို့ပူဇော်ရမည်။ ထိုနည်းအားဖြင့်ယဇ် ပုရောဟိတ်သည် ထိုသူ၏အပြစ်ကိုဖြေရန် ယဇ်ပူဇော်ရမည်။ ထိုသူသည်လည်းအပြစ် လွတ်လိမ့်မည်။ Garrad Bible တစ် ကောင် ကို ကား မီး ရှို့ ရာ သ က္ကာ အ ဖြစ် ဖြင့် ဆုံး ဖြတ် တော် မူ ချက် အ ရ စီ ရင် လျက် ပြစ် မှား မိ သော အ ပြစ် အ ဖို့ ဖြေ ခြင်း ကို ပြု သည့် အ တိုင်း ချမ်း သာ ရ မည်။ Judson Bible ဒုတိယငှက်ကောင်ကို၊ ပညတ်တရားအတိုင်း မီးရှို့ရာယဇ်ပူဇော်ရမည်။ ထိုသို့ ယဇ်ပုရောဟိတ်သည်၊ ထိုသူပြစ်မှားမိသောအပြစ်အတွက် အပြစ်ဖြေခြင်းကိုပြုလျှင်၊ သူ၏အပြစ်လွတ်လိမ့်မည်။ |
အပြစ်ဖြေရာယဇ်ဖြစ်သောနွားထီးကို ပူဇော်သည့်အတိုင်း ဤနွားထီးကို ပူဇော်ရမည်။ ထိုသို့ပူဇော်ခြင်းအားဖြင့် ယဇ်ပုရောဟိတ်သည် သူတို့အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးသဖြင့် သူတို့သည် အပြစ်လွှတ်ခြင်းခံရမည်။
အဆီရှိသမျှကိုလည်း မိတ်သဟာယယဇ်ကောင်၏အဆီကိုရှို့သကဲ့သို့ ယဇ်ပလ္လင်ပေါ်၌ ရှို့ရမည်။ ထိုသို့ ယဇ်ပုရောဟိတ်သည် ခေါင်းဆောင်၏အပြစ်အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးသဖြင့် သူသည် အပြစ်လွှတ်ခြင်းခံရမည်။
အဆီရှိသမျှကိုလည်း မိတ်သဟာယယဇ်ကောင်မှအဆီကိုခွာယူသကဲ့သို့ ခွာယူရမည်။ ထိုအဆီတို့ကို ယဇ်ပုရောဟိတ်သည် ထာဝရဘုရားအဖို့ မွှေးကြိုင်သောရနံ့အဖြစ် ယဇ်ပလ္လင်ပေါ်၌ ရှို့ရမည်။ ထိုသို့ ယဇ်ပုရောဟိတ်သည် သူ့အတွက်အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးသဖြင့် သူသည် အပြစ်လွှတ်ခြင်းခံရမည်။
အဆီရှိသမျှကိုလည်း မိတ်သဟာယယဇ်ဖြစ်သောသိုးမှ အဆီကိုခွာယူသကဲ့သို့ ခွာယူရမည်။ ယဇ်ပုရောဟိတ်သည် ထိုအဆီတို့ကို ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သောယဇ်ကောင်ပေါ်တင်၍ ယဇ်ပလ္လင်ပေါ်၌ ရှို့ရမည်။ ထိုသို့ ထိုသူကျူးလွန်သောအပြစ်အတွက် ယဇ်ပုရောဟိတ်သည် အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးသဖြင့် သူသည် အပြစ်လွှတ်ခြင်းခံရမည်။
ထိုသို့သောအပြစ်တစ်စုံတစ်ရာကို ကျူးလွန်မိခဲ့သောသူ၏အပြစ်အတွက် ယဇ်ပုရောဟိတ်သည် အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးသဖြင့် သူသည် အပြစ်လွှတ်ခြင်းခံရမည်။ ကျန်ရှိသောအရာသည် ဘောဇဉ်ပူဇော်သက္ကာကဲ့သို့ပင် ယဇ်ပုရောဟိတ်အတွက်ဖြစ်၏”ဟု မိန့်တော်မူ၏။
သူပြစ်မှားမိခဲ့သည့် သန့်ရှင်းသောအရာတစ်စုံတစ်ခုအတွက် အလျော်ပေးရမည့်အပြင် အလျော်ပေးရသည့်တန်ဖိုး၏ငါးပုံတစ်ပုံကိုလည်း ထပ်ပေါင်း၍ ယဇ်ပုရောဟိတ်အားပေးရမည်။ ယဇ်ပုရောဟိတ်သည် သိုးထီးကို အပြစ်ဒဏ်ဖြေရာယဇ်အဖြစ် သူ့အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးခြင်းဖြင့် သူသည် အပြစ်လွှတ်ခြင်းခံရမည်။
သူကျူးလွန်မိခဲ့သောအပြစ်အတွက် အပြစ်ဒဏ်ဖြေရာယဇ်ပူဇော်ရန် သိုးဆိတ်တို့ထဲမှ သိုးသငယ်အမကိုဖြစ်စေ၊ ဆိတ်သငယ်အမကိုဖြစ်စေ အပြစ်ဖြေရာယဇ်အဖြစ် ထာဝရဘုရားထံသို့ယူဆောင်လာရမည်။ ယဇ်ပုရောဟိတ်သည် သူ့အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးရမည်။
ထိုမျှမက ယခု ငါတို့အား ပြန်လည်သင့်မြတ်ခြင်းအခွင့်ကိုရရှိစေသော ငါတို့၏သခင်ယေရှုခရစ်တော်အားဖြင့် ငါတို့သည် ဘုရားသခင်၌ ဂုဏ်ယူဝမ်းမြောက်လျက်ရှိကြ၏။
ခရစ်တော်သည် ငါတို့ကိုချစ်တော်မူ၍ ငါတို့အတွက် မိမိကိုယ်ကို ပူဇော်သက္ကာနှင့်ယဇ်တည်းဟူသော မွှေးကြိုင်သည့်ရနံ့အဖြစ် ဘုရားသခင်ထံ ဆက်ကပ်အပ်နှံတော်မူသည့်နည်းတူ ချစ်ခြင်းမေတ္တာ၌ အသက်ရှင်လျှောက်လှမ်းကြလော့။
ယုံကြည်ခြင်းဖြင့်တောင်းလျှောက်သောဆုပတ္ထနာသည် လူနာကိုကျန်းမာစေ၍ သခင်ဘုရားသည် သူ့ကိုထူမတော်မူလိမ့်မည်။ သူသည် အပြစ်ကိုပြုမိခဲ့လျှင်လည်း သူ့ကိုခွင့်လွှတ်တော်မူလိမ့်မည်။
ထိုအရှင်သည် ငါတို့အပြစ်များအတွက် အသနားခံခြင်းပူဇော်သက္ကာဖြစ်တော်မူ၏။ ငါတို့အပြစ်များအတွက်သာမက လောကီသားအပေါင်းတို့၏အပြစ်များအတွက်လည်း ဖြစ်တော်မူ၏။