Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဝတ်​ပြု 5:16 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

16 သူ​ပြစ်မှား​မိ​ခဲ့​သည့် သန့်ရှင်းသောအရာ​တစ်စုံတစ်ခု​အတွက် အလျော်ပေး​ရ​မည့်​အပြင် အလျော်ပေး​ရ​သည့်​တန်ဖိုး​၏​ငါးပုံတစ်ပုံ​ကို​လည်း ထပ်ပေါင်း​၍ ယဇ်ပုရောဟိတ်​အား​ပေး​ရ​မည်​။ ယဇ်ပုရောဟိတ်​သည် သိုးထီး​ကို အပြစ်ဒဏ်ဖြေရာယဇ်​အဖြစ် သူ့​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ပေး​ခြင်း​ဖြင့် သူ​သည် အပြစ်လွှတ်​ခြင်း​ခံရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

16 သူ​သည်​ဘု​ရား​သ​ခင်​၏​သန့်​ရှင်း​မြင့်​မြတ် မှု​အ​တွက် မ​ဆောင်​ရွက်​ခဲ့​မိ​သည့်​လျော်​ငွေ တန်​ဖိုး​အ​ပြင် နှစ်​ဆယ်​ရာ​ခိုင်​နှုန်း​အ​ပို ဆောင်း​၍​ယဇ်​ပု​ရော​ဟိတ်​အား​ပေး​ရ​မည်။ ထို နောက်​ယဇ်​ပု​ရော​ဟိတ်​သည်​ထို​သူ​၏​အ​ပြစ် အ​တွက် သိုး​ထီး​သို့​မ​ဟုတ်​ဆိတ်​ကို​ပူ​ဇော် သ​ဖြင့်​ထို​သူ​သည်​အ​ပြစ်​လွတ်​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

16 ပိုင် ရာ တော် ကို ပြစ် မှား ယုတ် လျော့ သည့် အ စား ပ ရော ဟိတ် အား ဆပ် ပေး ရာ ငါး ဖို့ တစ် ဖို့ တိုး၍ ပေး စေ။ ပ ရော ဟိတ် လည်း ပြစ် ဒဏ် ပြေ ရာ သ က္ကာ သိုး ထီး ဖြင့် ထို သူ့ အ ပြစ် အ ဖို့ ဖြေ ခြင်း ကို ပြု သည့် အ တိုင်း ချမ်း သာ ရ လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

16 ထို​သို့ ဘု​ရား​နှင့်​ဆိုင်​သော​အ​ရာ၌ ပြစ်​မှား​မိ​ရာ​ကို​ပြု​ပြင်​ပြီး​လျှင်၊ ငါး​စု​တစ်​စု​ကို​လည်း​ထပ်၍ ယဇ်​ပု​ရော​ဟိတ်​အား​ပေး​ရ​မည်။ ယဇ်​ပု​ရော​ဟိတ်​သည်​လည်း၊ ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ်​ဖြစ်​သော သိုး​အား​ဖြင့်၊ ထို​သူ​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​လျှင်၊ သူ၏​အ​ပြစ်​လွတ်​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 5:16
22 ပူးပေါင်းရင်းမြစ်များ  

အကျွန်ုပ်​ကို အကြောင်းမဲ့​မုန်း​သော​သူ​တို့​သည် အကျွန်ုပ်​၏​ဦးခေါင်း​ပေါ်ရှိ​ဆံပင်​များ​ထက် ပို၍​များပြား​ကြ​ပါ​၏​။ အကျွန်ုပ်​ကို​ဖယ်ရှားသုတ်သင်​လို​သည့် လှည့်ဖြား​တတ်​သော အကျွန်ုပ်​၏​ရန်သူ​တို့​သည် အားကြီး​ကြ​ပါ​၏​။ အကျွန်ုပ်​မ​လုယူ​ခဲ့​သည့်​အရာ​ကို အကျွန်ုပ်​ပြန်ပေး​ရ​ပါ​မည်လော​။


တစ်စုံတစ်ဦး​သည် နွား​၊ သို့မဟုတ် သိုး​ကို ခိုးယူ​၍ သတ်​သည်​ဖြစ်စေ​၊ ရောင်း​သည်​ဖြစ်စေ နွား​တစ်​ကောင်​အတွက် နွား​ငါး​ကောင်​၊ သိုး​တစ်​ကောင်​အတွက် သိုး​လေး​ကောင်​ကို အလျော်ပေး​ရ​မည်​။


တစ်စုံတစ်ယောက်​သည် သန့်ရှင်း​သော​ပူဇော်သက္ကာ​ကို မရည်ရွယ်​ဘဲ​စား​မိ​လျှင် ထို​သန့်ရှင်း​သော​ပူဇော်သက္ကာ​နှင့်တကွ သန့်ရှင်း​သော​ပူဇော်သက္ကာ​၏​ငါးပုံတစ်ပုံ​ထပ်ပေါင်း​၍ ယဇ်ပုရောဟိတ်​အား ပြန်ပေး​ရ​မည်​။


သူ​သည် ထို​တိရစ္ဆာန်​ကို ပြန်​ရွေးနုတ်​လို​လျှင် ဖြတ်​ထား​သော​တန်ဖိုး​အပြင် ထို​တန်ဖိုး​၏​ငါးပုံတစ်ပုံ​ကို​ထပ်ပေါင်း​၍ ပေး​ရ​မည်​။


မိမိ​အိမ်​ကို ဆက်ကပ်​သော​သူ​သည် ထို​အိမ်​ကို ပြန်​ရွေးနုတ်​လို​လျှင် ဖြတ်​ထား​သော​တန်ဖိုး​ငွေ​အပြင် ထို​တန်ဖိုး​၏​ငါးပုံတစ်ပုံ​ကို ထပ်ပေါင်း​၍ ပေး​ရ​မည်​။ ထို့နောက်မှ အိမ်​သည် သူ့​အပိုင်​ဖြစ်​လိမ့်မည်​။


မစင်ကြယ်​သော​တိရစ္ဆာန်​ဖြစ်လျှင် သင်​ဖြတ်​ထား​သော​တန်ဖိုး​အတိုင်း ထို​အကောင်​ကို ရွေးနုတ်​ခွင့်​ရှိ​၏​။ သင်​ဖြတ်​ထား​သော​တန်ဖိုး​အပြင် ထို​တန်ဖိုး​၏​ငါးပုံတစ်ပုံ​ကို​ထပ်ပေါင်း​၍ ပေး​ရ​မည်​။ မ​ရွေးနုတ်​လို​လျှင် သင်​ဖြတ်​ထား​သော​တန်ဖိုး​အတိုင်း ရောင်း​ရ​မည်​။


တစ်စုံတစ်ယောက်​သည် မိမိ​ဆယ်ဖို့တစ်ဖို့​ထဲမှ​အချို့​ကို အမှန်ပင်​ရွေးနုတ်​လို​လျှင် ၎င်း​၏​တန်ဖိုး​အပြင် ငါးပုံတစ်ပုံ​ထပ်ပေါင်း​၍ ပေး​ရ​မည်​။


အပြစ်ဖြေရာယဇ်​ဖြစ်​သော​နွားထီး​ကို ပူဇော်​သည့်​အတိုင်း ဤ​နွားထီး​ကို ပူဇော်​ရ​မည်​။ ထိုသို့​ပူဇော်​ခြင်း​အားဖြင့် ယဇ်ပုရောဟိတ်​သည် သူ​တို့​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ပေး​သဖြင့် သူ​တို့​သည် အပြစ်လွှတ်​ခြင်း​ခံရ​မည်​။


အဆီ​ရှိသမျှ​ကို​လည်း မိတ်သဟာယယဇ်ကောင်​၏​အဆီ​ကို​ရှို့​သကဲ့သို့ ယဇ်ပလ္လင်​ပေါ်၌ ရှို့​ရ​မည်​။ ထိုသို့ ယဇ်ပုရောဟိတ်​သည် ခေါင်းဆောင်​၏​အပြစ်​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ပေး​သဖြင့် သူ​သည် အပြစ်လွှတ်​ခြင်း​ခံရ​မည်​။


ကျန်​တစ်​ကောင်​ကို စီရင်ထုံးဖွဲ့ချက်​အတိုင်း မီးရှို့ရာယဇ်​အဖြစ် ပူဇော်​ရ​မည်​။ ထိုသို့ ထို​သူ​ကျူးလွန်​သော​အပြစ်​အတွက် ယဇ်ပုရောဟိတ်​သည် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ပေး​သဖြင့် သူ​သည် အပြစ်လွှတ်​ခြင်း​ခံရ​မည်​။


ထိုသို့သော​အပြစ်​တစ်စုံတစ်ရာ​ကို ကျူးလွန်​မိ​ခဲ့​သော​သူ​၏​အပြစ်​အတွက် ယဇ်ပုရောဟိတ်​သည် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ပေး​သဖြင့် သူ​သည် အပြစ်လွှတ်​ခြင်း​ခံရ​မည်​။ ကျန်ရှိ​သော​အရာ​သည် ဘောဇဉ်ပူဇော်သက္ကာ​ကဲ့သို့ပင် ယဇ်ပုရောဟိတ်​အတွက်​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။


သူ​ကျူးလွန်​မိ​ခဲ့​သော​အပြစ်​အတွက် အပြစ်ဒဏ်ဖြေရာယဇ်​ပူဇော်​ရန် သိုးဆိတ်​တို့​ထဲမှ သိုးသငယ်အမ​ကို​ဖြစ်စေ​၊ ဆိတ်သငယ်​အမ​ကို​ဖြစ်စေ အပြစ်ဖြေရာယဇ်​အဖြစ် ထာဝရဘုရား​ထံသို့​ယူဆောင်​လာ​ရ​မည်​။ ယဇ်ပုရောဟိတ်​သည် သူ့​အတွက် အပြစ်​ဖြေလွှတ်​ခြင်း​ကို​ပြု​ပေး​ရ​မည်​။


အပြစ်ဒဏ်ဖြေရာယဇ်ကောင်​ကို မီးရှို့ရာယဇ်ကောင်​သတ်​သော​နေရာ​၌ သတ်​၍ သွေး​ကို ယဇ်ပလ္လင်​ပတ်ပတ်လည်​ပေါ်၌ ဖျန်း​ရ​မည်​။


ထို​သူ​သည် မိမိ​ပြု​မိ​သော​အပြစ်​ကို ဖော်ပြဝန်ခံ​ရ​မည်​။ ထို​အပြစ်​အတွက် မိမိ​ပြစ်မှား​သော​သူ​ကို အပြည့်အဝ​ပြန်လျော်​ရ​မည့်​အပြင် ငါးပုံတစ်ပုံ​ကို​ထပ်ပေါင်း​၍ ပေး​ရ​မည်​။


မိမိ​ပြစ်မှားသောအမှု​အတွက် လျော်ကြေး​လက်ခံ​ယူ​မည့်​သူ​မ​ရှိ​လျှင် ပြစ်မှားသောအမှု​အတွက် လျော်ကြေး​နှင့်တကွ မိမိ​အတွက် အပြစ်ဖြေ​ပေး​သော​အပြစ်ဖြေရာယဇ်​သိုးထီး​ကို ထာဝရဘုရား​ထံ​ပူဇော်​ရ​မည်​။ ထို​ယဇ်​သည် ယဇ်ပုရောဟိတ်​အတွက်​ဖြစ်​ရ​မည်​။


ဇက္ခဲ​သည်​ရပ်​လျက် “သခင်​ဘုရား၊ အကျွန်ုပ်​၏​ဥစ္စာ​ပစ္စည်း​တစ်ဝက်​ကို ဆင်းရဲသား​တို့​အား​ပေး​ပါ​မည်။ ထို့ပြင် တစ်စုံတစ်ဦး​ထံမှ တစ်စုံတစ်ရာ​ကို မတရား​တောင်းခံ​ထား​သည်​ဆိုလျှင် လေးဆ​ပြန်​ပေး​ပါ​မည်”​ဟု သခင်​ဘုရား​အား​လျှောက်​လေ​၏။


ဦးစွာ ဒမတ်စကပ်​မြို့​၌​ရှိ​သော​သူ​တို့​ကို​လည်းကောင်း၊ ထို့နောက် ဂျေရုဆလင်​မြို့​နှင့် ယုဒ​နယ်​တစ်နယ်လုံး​၌​ရှိ​သော​သူ​တို့​ကို​လည်းကောင်း၊ လူမျိုးခြား​တို့​ကို​လည်းကောင်း နောင်တရ​၍ ဘုရားသခင်​ထံ​ပြောင်းလဲ​ကာ နောင်တ​နှင့်​ထိုက်တန်​သော​အမှု​များ​ကို ပြု​ကြ​ရန် ဟောပြော​ခဲ့​ပါ​သည်။


သူ​တို့​က​လည်း “​အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင့်​သေတ္တာ​တော်​ကို ပြန်ပို့​မည်​ဆို​လျှင် သေတ္တာ​တော်​သက်သက်​ကို​သာ ပြန်​မ​ပို့​ကြ​နှင့်​။ အပြစ်ဒဏ်ဖြေရာယဇ်​နှင့်တကွ ဆက်ဆက်​ပြန်ပို့​ပေး​ရ​မည်​။ သို့မှသာ သင်​တို့ အနာရောဂါပျောက်ကင်း​လိမ့်မည်​။ ထို့ပြင် လက်​တော်​သည် အဘယ်ကြောင့် သင်​တို့​ထံမှ မ​ရုပ်သိမ်း​သေး​ကြောင်း​ကို​လည်း သင်​တို့​သိ​ရ​လိမ့်မည်”​ဟု ပြန်ပြော​ကြ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ