လူထုထဲမှသက်ကြီးဝါကြီးတို့သည် ထာဝရဘုရားရှေ့တော်၌ မိမိတို့လက်ကို နွားထီး၏ခေါင်းပေါ်တွင် တင်ရမည်။ နွားထီးကို ထာဝရဘုရားရှေ့တော်၌ သတ်ရမည်။
ဝတ်ပြု 4:16 - မြန်မာ့စံမီသမ္မာကျမ်း ဘိသိက်ခံယဇ်ပုရောဟိတ်သည် နွားထီး၏သွေးအချို့ကို တွေ့ဆုံစည်းဝေးရာတဲတော်ထဲသို့ ယူသွားရမည်။ Common Language Bible ယဇ်ပုရောဟိတ်မင်းသည်နွားသွေးအနည်း ငယ်ကို တဲတော်ထဲသို့ယူဆောင်သွားပြီးလျှင်၊- Garrad Bible အ သွေး အ ချို့ အ ဝက် ကို တွေ့ ဆုံ ရာ တဲ တော် သို့ ဘိ သိက် ခံ ပ ရော ဟိတ် ဆောင် ယူ ပြီး နောက်၊ Judson Bible ဘိသိက်ခံသောယဇ်ပုရောဟိတ်သည် နွားအသွေးကို ပရိသတ်စည်းဝေးရာ တဲတော်သို့ဆောင်ခဲ့ပြီးလျှင်၊ |
လူထုထဲမှသက်ကြီးဝါကြီးတို့သည် ထာဝရဘုရားရှေ့တော်၌ မိမိတို့လက်ကို နွားထီး၏ခေါင်းပေါ်တွင် တင်ရမည်။ နွားထီးကို ထာဝရဘုရားရှေ့တော်၌ သတ်ရမည်။
ယဇ်ပုရောဟိတ်သည် မိမိလက်ချောင်းကို သွေးထဲသို့နှစ်၍ ထာဝရဘုရားရှေ့တော်၊ ကန့်လန့်ကာရှေ့၌ ခုနစ်ကြိမ်ဖျန်းရမည်။