ထိုနေ့တွင် မင်းသားသည် မိမိအပါအဝင် ပြည်သူပြည်သားတို့ အပြစ်ဖြေလွှတ်ခြင်းအတွက် နွားထီးတစ်ကောင်ကို စီစဉ်ပေးရမည်။
ဝတ်ပြု 4:14 - မြန်မာ့စံမီသမ္မာကျမ်း သူတို့ကျူးလွန်သောအပြစ်ထင်ရှားလျှင် ထိုလူအစုအဝေးသည် နွားအုပ်ထဲမှ နွားထီးပျိုတစ်ကောင်ကို အပြစ်ဖြေရာယဇ်အဖြစ် ပူဇော်ရမည်။ ထိုနွားထီးကို တွေ့ဆုံစည်းဝေးရာတဲတော်ရှေ့သို့ ဆွဲခေါ်လာရမည်။ Common Language Bible ပြစ်မှားကြောင်းသိလျှင်သိချင်းနွားထီးငယ် ကိုအပြစ်ဖြေရာယဇ်အဖြစ်ပူဇော်ကြရ မည်။ သူတို့သည်ထိုနွားကိုထာဝရဘုရား စံတော်မူရာတဲတော်သို့ယူဆောင်ခဲ့ရမည်။- Garrad Bible ပြစ် မှား မိ သော အ ပြစ် ထင် ရှား သော အ ခါ အ ပြစ် ဖြေ ရာ သ က္ကာ အ ဖြစ် နွား ပေါက် ကို ဆက် ကပ်၊ တွေ့ ဆုံ ရာ တဲ တော် ရှေ့ ဆောင် သွင်း ပြီး လျှင်၊ Judson Bible ထိုသို့ ပြစ်မှားမိသောအပြစ်ကို သိသောအခါ၊ ထိုအပြစ်အတွက် ပရိသတ်တို့သည် အသက်ပျိုသောနွားထီးကို၊ ပရိသတ်စည်းဝေးရာတဲတော်ရှေ့သို့ ဆောင်ခဲ့၍ဆက်ရမည်။ |
ထိုနေ့တွင် မင်းသားသည် မိမိအပါအဝင် ပြည်သူပြည်သားတို့ အပြစ်ဖြေလွှတ်ခြင်းအတွက် နွားထီးတစ်ကောင်ကို စီစဉ်ပေးရမည်။
သူကျူးလွန်မိသောအပြစ်ကို တစ်စုံတစ်ယောက်က သူ့အား ဖော်ပြလျှင် အပြစ်အနာအဆာကင်းသော ဆိတ်သငယ်အထီးတစ်ကောင်ကို ပူဇော်သက္ကာအဖြစ် ယူဆောင်လာရမည်။
သူကျူးလွန်မိသောအပြစ်ကို တစ်စုံတစ်ယောက်က သူ့အား ဖော်ပြလျှင် သူကျူးလွန်မိသောအပြစ်အတွက် အပြစ်အနာအဆာကင်းသည့် ဆိတ်သငယ်အမတစ်ကောင်ကို ပူဇော်သက္ကာအဖြစ် ယူဆောင်လာရမည်။
ဘိသိက်ခံယဇ်ပုရောဟိတ်သည် အပြစ်ပြုသဖြင့် လူတို့အပေါ် အပြစ်သက်ရောက်စေလျှင်လည်းကောင်း သူကျူးလွန်သောအပြစ်အတွက် အပြစ်ဖြေရာယဇ်အဖြစ် အပြစ်အနာအဆာကင်းသည့် နွားထီးပျိုတစ်ကောင်ကို ထာဝရဘုရားအား ပူဇော်ရမည်။