သူတို့သည် မှောင်ရီပျိုးစအချိန်တွင် ထ၍ဆီးရီးယားတပ်စခန်းသို့ သွားကြ၏။ သူတို့သည် ဆီးရီးယားတပ်စခန်းအစွန်နားရောက်သောအခါ လူတစ်ယောက်မျှမရှိသည်ကို တွေ့ရလေ၏။
ဝတ်ပြု 27:8 - မြန်မာ့စံမီသမ္မာကျမ်း ကတိသစ္စာပြုထားသူသည် ဆင်းရဲ၍ သင်တန်ဖိုးဖြတ်ထားသည့်အတိုင်း မတတ်နိုင်လျှင် ယဇ်ပုရောဟိတ်ထံသို့ လာရမည်။ ယဇ်ပုရောဟိတ်သည် သူ့ကို တန်ဖိုးဖြတ်ရမည်။ သူတတ်နိုင်သည့်အတိုင်း ယဇ်ပုရောဟိတ်သည် သူ့ကို တန်ဖိုးဖြတ်ရမည်။ Common Language Bible ကတိသစ္စာပြု၍မိမိကိုယ်မိမိဆက်ကပ် ပူဇော်သောသူသည် သတ်မှတ်ထားသောငွေကို မပေးနိုင်လျှင် သူ့ကိုယဇ်ပုရောဟိတ်ထံသို့ ခေါ်ဆောင်ခဲ့ရမည်။ ယဇ်ပုရောဟိတ်သည်ထို သူပေးဆောင်နိုင်စွမ်းရှိသည့်အတိုင်း တန်ဖိုး ငွေကိုလျော့၍သတ်မှတ်ရမည်။ Garrad Bible အ ကယ်၍ သ စ္စာ ဝတ် ထား သော သူ သည် သင် ပြတ် သည့် အ တိုင်း မ ပေး နိုင် အောင် ဆင်း ရဲ လျှင်၊ ဝ တ္တု ဖြစ် သူ့ ကို ပ ရော ဟိတ် ထံ ခေါ် သွင်း စေ။ ပ ရော ဟိတ် လည်း ပေး နိုင် သည် နှင့် အ မျှ ပြတ် စေ။ Judson Bible သင်အဖိုးဖြတ်သည်အတိုင်း၊ မတတ်နိုင်လျှင်၊ ယဇ်ပုရောဟိတ်ထံသို့ ချဉ်းကပ်၍၊ ယဇ်ပုရောဟိတ်သည် သစ္စာကတိပြုသောသူ တတ်နိုင်သမျှအတိုင်း အဖိုးဖြတ်ရမည်။ |
သူတို့သည် မှောင်ရီပျိုးစအချိန်တွင် ထ၍ဆီးရီးယားတပ်စခန်းသို့ သွားကြ၏။ သူတို့သည် ဆီးရီးယားတပ်စခန်းအစွန်နားရောက်သောအခါ လူတစ်ယောက်မျှမရှိသည်ကို တွေ့ရလေ၏။
“သင့်ကို ငါမည်သို့ ခွင့်လွှတ်နိုင်မည်နည်း။ သင်၏သားသမီးတို့သည် ငါ့ကိုစွန့်ပစ်၍ ဘုရားမဟုတ်သောဘုရားတို့ကို တိုင်တည်ကျိန်ဆိုကြပြီ။ ငါသည် သူတို့ကို ပြည့်စုံကြွယ်ဝစေသော်လည်း သူတို့သည် အိမ်ထောင်ရေးဖောက်ပြန်၍ ပြည့်တန်ဆာအိမ်၌ စုဝေးကြပြီ။
အကယ်၍ သိုးသငယ်ကို ပူဇော်ရန်မတတ်နိုင်လျှင် ချိုးငှက်နှစ်ကောင်၊ သို့မဟုတ် ခိုငယ်နှစ်ကောင်ကို ယူဆောင်လာရမည်။ တစ်ကောင်သည် မီးရှို့ရာယဇ်အတွက်ဖြစ်ပြီး ကျန်တစ်ကောင်သည် အပြစ်ဖြေရာယဇ်အတွက်ဖြစ်၏။ ယဇ်ပုရောဟိတ်သည် ထိုမိန်းမအတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးသဖြင့် သူသည် စင်ကြယ်လိမ့်မည်”ဟု မိန့်တော်မူ၏။
အသက်ခြောက်ဆယ်အရွယ်နှင့်အထက်ဖြစ်လျှင် သင်ဖြတ်ရမည့်တန်ဖိုးမှာ ယောက်ျားဖြစ်လျှင် တစ်ဆယ့်ငါးရှယ်ကယ်၊ မိန်းမဖြစ်လျှင် တစ်ဆယ်ရှယ်ကယ်ဖြစ်ရမည်။
ထာဝရဘုရားအား ပူဇော်ဖို့ ကတိသစ္စာပြုထားသော ပူဇော်သက္ကာသည် တိရစ္ဆာန်ဖြစ်လျှင် ထာဝရဘုရားအားပေးလှူမည့် မည်သည့်အကောင်မဆို သန့်ရှင်း၏။
သူသည် ချိုးငှက်နှစ်ကောင်၊ သို့မဟုတ် ခိုငယ်နှစ်ကောင်ကို ပူဇော်ရန်မတတ်နိုင်လျှင် သူကျူးလွန်မိခဲ့သည့်အပြစ်အတွက် အပြစ်ဖြေရာယဇ်အဖြစ် အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၏ဆယ်ပုံတစ်ပုံကို ယူဆောင်လာ၍ ပူဇော်ရမည်။ ဤသည်ကား အပြစ်ဖြေရာယဇ်ဖြစ်၍ ၎င်းအပေါ်၌ ဆီမထည့်ရ။ လော်ဗန်ကိုလည်း မတင်ရ။
သူသည် သိုးသငယ်ကို ပူဇော်ရန်မတတ်နိုင်လျှင် သူကျူးလွန်မိခဲ့သောအပြစ်အတွက် အပြစ်ဒဏ်ဖြေရာယဇ်အဖြစ် ချိုးငှက်နှစ်ကောင်၊ သို့မဟုတ် ခိုငယ်နှစ်ကောင်ကို ထာဝရဘုရားထံသို့ ယူဆောင်လာရမည်။ တစ်ကောင်သည် အပြစ်ဖြေရာယဇ်အတွက်ဖြစ်ပြီး ကျန်တစ်ကောင်သည် မီးရှို့ရာယဇ်အတွက်ဖြစ်၏။
အကြောင်းမူကား ဆင်းရဲသားတို့သည် သင်တို့၌ အစဉ်ရှိကြသည်ဖြစ်၍ သင်တို့အလိုရှိသည့်အခါ သူတို့ကိုကျေးဇူးပြုနိုင်၏။ ငါမူကား သင်တို့၌ အစဉ်ရှိသည်မဟုတ်။
အကြောင်းမူကား စေတနာစိတ်ရှိလျှင် မရှိသည့်အရာကိုမထောက်ဘဲ ရှိသည့်အရာကိုထောက်၍ နှစ်သက်လက်ခံတော်မူ၏။