ရေတွက်သောစာရင်းထဲတွင် ပါဝင်သူတိုင်း သန့်ရှင်းရာဌာန၏ရှယ်ကယ်အလေးစံနှုန်းနှင့်အညီ ရှယ်ကယ်တစ်ဝက်ပေးဆောင်ရမည်။ (တစ်ရှယ်ကယ်လျှင် ဂေရနှစ်ဆယ်နှင့်ညီမျှ၏။) ထိုရှယ်ကယ်တစ်ဝက်သည် ထာဝရဘုရားအဖို့ အလှူပစ္စည်းဖြစ်၏။
ဝတ်ပြု 27:25 - မြန်မာ့စံမီသမ္မာကျမ်း သင်ဖြတ်သည့်တန်ဖိုးဟူသမျှသည် သန့်ရှင်းရာဌာန၏ရှယ်ကယ်စံနှုန်းနှင့်အညီ ဖြစ်ရမည်။ တစ်ရှယ်ကယ်လျှင် ဂေရနှစ်ဆယ်ဖြစ်ရမည်။ Common Language Bible တန်ဖိုးငွေများကို ကျပ်ချိန်တော်အရသတ် မှတ်ရမည်။ Garrad Bible အ ခါ ခပ် သိမ်း ပဲ နှစ် ဆယ် ကျ ကျပ် ချိန် တော် အ လိုက် ပြတ် လော့။ Judson Bible အဖိုးဖြတ်လေရာရာ၌ အကျပ်တော်အလိုက်ဖြတ်ရမည်။ အကျပ်ကား၊ ဂေရနှစ်ဆယ်ဖြစ်သတည်း။ |
ရေတွက်သောစာရင်းထဲတွင် ပါဝင်သူတိုင်း သန့်ရှင်းရာဌာန၏ရှယ်ကယ်အလေးစံနှုန်းနှင့်အညီ ရှယ်ကယ်တစ်ဝက်ပေးဆောင်ရမည်။ (တစ်ရှယ်ကယ်လျှင် ဂေရနှစ်ဆယ်နှင့်ညီမျှ၏။) ထိုရှယ်ကယ်တစ်ဝက်သည် ထာဝရဘုရားအဖို့ အလှူပစ္စည်းဖြစ်၏။
သန့်ရှင်းရာဌာနတော်တည်ဆောက်ခြင်းအမှုရှိသမျှတို့တွင် အသုံးပြုသောရွှေချိန်စုစုပေါင်းမှာ သန့်ရှင်းရာဌာန၏ရှယ်ကယ်စံနှုန်းနှင့်အညီ ချီလွှဲရာပူဇော်သက္ကာရွှေ နှစ်ဆယ့်ကိုးတာလန် ခုနစ်ရာ့သုံးဆယ်ရှယ်ကယ် ရှိ၏။
တစ်ရှယ်ကယ်သည် ဂေရနှစ်ဆယ် ဖြစ်ရမည်။ တစ်မိနာ့သည် နှစ်ဆယ်ရှယ်ကယ်အပေါင်း နှစ်ဆယ့်ငါးရှယ်ကယ်အပေါင်း တစ်ဆယ့်ငါးရှယ်ကယ် စုစုပေါင်း ခြောက်ဆယ်ရှယ်ကယ် ဖြစ်ရမည်။
မင်္ဂလာရတုနှစ်ရောက်သောအခါ ထိုလယ်ယာကို ရောင်းခဲ့သူ မူလမြေပိုင်ရှင်အား ပြန်ပေးရမည်။
အသက်နှစ်ဆယ်အရွယ်မှ အသက်ခြောက်ဆယ်အရွယ်အထိ သင်ဖြတ်ရမည့်တန်ဖိုးမှာ ယောက်ျားဖြစ်လျှင် သန့်ရှင်းရာဌာန၏ရှယ်ကယ်စံနှုန်းနှင့်အညီ ငွေငါးဆယ်ရှယ်ကယ်ဖြစ်ရမည်။
“တစ်စုံတစ်ယောက်သည် ထာဝရဘုရား၏သန့်ရှင်းသောအရာတစ်စုံတစ်ခုအပေါ် မရည်ရွယ်ဘဲပြစ်မှားခြင်းဖြင့် မှားယွင်းမှုကိုပြုမိလျှင် သူသည် အပြစ်ဒဏ်ဖြေရာယဇ်အတွက် သင်တန်ဖိုးဖြတ်သောငွေရှယ်ကယ်အတိုင်း သန့်ရှင်းရာဌာန၏ရှယ်ကယ်စံနှုန်းနှင့်အညီ သိုးအုပ်ထဲမှအပြစ်အနာအဆာကင်းသောသိုးထီးတစ်ကောင်ကို အပြစ်ဒဏ်ဖြေရာယဇ်အဖြစ် ထာဝရဘုရားထံယူဆောင်လာရမည်။
ရွေးနုတ်ရာတွင် တစ်လသားအရွယ်ဖြစ်လျှင် သင်တန်ဖိုးဖြတ်ထားသည့်အတိုင်း သန့်ရှင်းရာဌာန၏ရှယ်ကယ်စံနှုန်းနှင့်အညီ ငွေငါးရှယ်ကယ်ဖြင့် ရွေးနုတ်ရမည်။ (တစ်ရှယ်ကယ်လျှင် ဂေရနှစ်ဆယ်နှင့်ညီမျှ၏။)
သန့်ရှင်းရာဌာန၏ရှယ်ကယ်စံနှုန်းနှင့်အညီ တစ်ယောက်ကို ငါးရှယ်ကယ်တိတိ သင်ခံယူရမည်။ (တစ်ရှယ်ကယ်လျှင် ဂေရနှစ်ဆယ်နှင့်ညီမျှ၏။)
ဘောဇဉ်ပူဇော်သက္ကာအတွက် ဆီနှင့်ရောသောအကောင်းဆုံးဂျုံမှုန့်အပြည့်ပါသည့် သန့်ရှင်းရာဌာန၏ရှယ်ကယ်စံနှုန်းနှင့်အညီ အလေးချိန်ရှယ်ကယ်တစ်ရာ့သုံးဆယ်ရှိသော ငွေလင်ပန်းတစ်ချပ်နှင့် ရှယ်ကယ်ခုနစ်ဆယ်ရှိသော ငွေဇလုံတစ်လုံး၊