တစ်စုံတစ်ယောက်သည် သန့်ရှင်းသောပူဇော်သက္ကာကို မရည်ရွယ်ဘဲစားမိလျှင် ထိုသန့်ရှင်းသောပူဇော်သက္ကာနှင့်တကွ သန့်ရှင်းသောပူဇော်သက္ကာ၏ငါးပုံတစ်ပုံထပ်ပေါင်း၍ ယဇ်ပုရောဟိတ်အား ပြန်ပေးရမည်။
ဝတ်ပြု 27:13 - မြန်မာ့စံမီသမ္မာကျမ်း သူသည် ထိုတိရစ္ဆာန်ကို ပြန်ရွေးနုတ်လိုလျှင် ဖြတ်ထားသောတန်ဖိုးအပြင် ထိုတန်ဖိုး၏ငါးပုံတစ်ပုံကိုထပ်ပေါင်း၍ ပေးရမည်။ Common Language Bible ထိုသူသည်တိရစ္ဆာန်ကိုပြန်ဝယ်ယူလိုလျှင် တန်ဖိုးအပြင်နှစ်ဆယ်ရာခိုင်နှုန်းထပ်ဆောင်း ၍ပေးရမည်။ Garrad Bible ရွေး နုတ် မည် ပြု လျှင် သင် ပြတ် ဆို ချက် အ ရ၊ ငါး ဖို့ တစ် ဖို့ တိုး၍ ရွေး စေ။ Judson Bible ပူဇော်သောသူသည်ရွေးလိုလျှင်၊ အဖိုးရင်းနှင့် ငါးစုတစ်စုကို ထပ်၍ပေးရမည်။ |
တစ်စုံတစ်ယောက်သည် သန့်ရှင်းသောပူဇော်သက္ကာကို မရည်ရွယ်ဘဲစားမိလျှင် ထိုသန့်ရှင်းသောပူဇော်သက္ကာနှင့်တကွ သန့်ရှင်းသောပူဇော်သက္ကာ၏ငါးပုံတစ်ပုံထပ်ပေါင်း၍ ယဇ်ပုရောဟိတ်အား ပြန်ပေးရမည်။
အဆိုးကို အကောင်း၊ အကောင်းကို အဆိုးနှင့် မလဲလှယ်ရ။ အပြောင်းအလဲမလုပ်ရ။ တိရစ္ဆာန်တစ်ကောင်ကို အခြားတိရစ္ဆာန်တစ်ကောင်နှင့် မဖြစ်မနေလဲလှယ်ရမည်ဆိုလျှင် နှစ်ကောင်စလုံး သန့်ရှင်း၏။
ယဇ်ပုရောဟိတ်သည် ကောင်းလျှင်ကောင်းသည့်အလျောက်၊ မကောင်းလျှင်မကောင်းသည့်အလျောက် တန်ဖိုးဖြတ်ရမည်။ ယဇ်ပုရောဟိတ် တန်ဖိုးဖြတ်သည့်အတိုင်း တည်စေရမည်။
တစ်စုံတစ်ယောက်သည် မိမိ၏အိမ်ကို ထာဝရဘုရားထံ သန့်ရှင်းသောအရာအဖြစ် ဆက်ကပ်လိုလျှင် ယဇ်ပုရောဟိတ်သည် ထိုအိမ်ကို ကောင်းလျှင်ကောင်းသည့်အလျောက်၊ မကောင်းလျှင်မကောင်းသည့်အလျောက် တန်ဖိုးဖြတ်ရမည်။ ယဇ်ပုရောဟိတ် ဖြတ်သည့်တန်ဖိုးအတိုင်း တည်စေရမည်။
မိမိအိမ်ကို ဆက်ကပ်သောသူသည် ထိုအိမ်ကို ပြန်ရွေးနုတ်လိုလျှင် ဖြတ်ထားသောတန်ဖိုးငွေအပြင် ထိုတန်ဖိုး၏ငါးပုံတစ်ပုံကို ထပ်ပေါင်း၍ ပေးရမည်။ ထို့နောက်မှ အိမ်သည် သူ့အပိုင်ဖြစ်လိမ့်မည်။
မိမိလယ်ယာကို ဆက်ကပ်သောသူသည် ထိုလယ်ယာကို ပြန်ရွေးနုတ်လိုလျှင် သင်ဖြတ်ထားသောတန်ဖိုးငွေအပြင် ထိုတန်ဖိုး၏ငါးပုံတစ်ပုံကိုထပ်ပေါင်း၍ ပေးရမည်။ ထို့နောက်မှ လယ်ယာသည် သူ့အပိုင်ဖြစ်လိမ့်မည်။
မစင်ကြယ်သောတိရစ္ဆာန်ဖြစ်လျှင် သင်ဖြတ်ထားသောတန်ဖိုးအတိုင်း ထိုအကောင်ကို ရွေးနုတ်ခွင့်ရှိ၏။ သင်ဖြတ်ထားသောတန်ဖိုးအပြင် ထိုတန်ဖိုး၏ငါးပုံတစ်ပုံကိုထပ်ပေါင်း၍ ပေးရမည်။ မရွေးနုတ်လိုလျှင် သင်ဖြတ်ထားသောတန်ဖိုးအတိုင်း ရောင်းရမည်။
သူပြစ်မှားမိခဲ့သည့် သန့်ရှင်းသောအရာတစ်စုံတစ်ခုအတွက် အလျော်ပေးရမည့်အပြင် အလျော်ပေးရသည့်တန်ဖိုး၏ငါးပုံတစ်ပုံကိုလည်း ထပ်ပေါင်း၍ ယဇ်ပုရောဟိတ်အားပေးရမည်။ ယဇ်ပုရောဟိတ်သည် သိုးထီးကို အပြစ်ဒဏ်ဖြေရာယဇ်အဖြစ် သူ့အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးခြင်းဖြင့် သူသည် အပြစ်လွှတ်ခြင်းခံရမည်။