ဒါဝိဒ်မင်းကြီး၌ရှိသော စာရင်းဝင်သူရဲကောင်းများမှာ ဤသူတို့ဖြစ်၏။ တပ်မှူးသုံးဆယ်ကိုဦးစီးရသော ဟခမောနိအမျိုး ယာရှောဗံသည် လှံကိုဝှေ့ယမ်းလိုက်သည်နှင့် တစ်ချိန်တည်းမှာပင် လူအယောက်သုံးရာကို သတ်ဖြတ်နိုင်ခဲ့သူဖြစ်၏။
ဝတ်ပြု 26:8 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့ထဲမှ ငါးယောက်သည် အယောက်တစ်ရာကိုလိုက်လိမ့်မည်။ အယောက်တစ်ရာသည် အယောက်တစ်သောင်းကိုလိုက်လိမ့်မည်။ သင်တို့၏ရန်သူတို့သည် သင်တို့၏ရှေ့မှောက်၌ ဓားလက်နက်ဖြင့် ကျဆုံးကြရလိမ့်မည်။ Common Language Bible သင်တို့ဘက်မှလူငါးယောက်သည်ရန်သူတစ်ရာ ကိုလည်းကောင်း၊ သင်တို့ဘက်မှလူတစ်ရာသည် ရန်သူတစ်ထောင်ကိုလည်းကောင်း နှိမ်နင်းအောင် မြင်လိမ့်မည်။- Garrad Bible သင် တို့ အ နက် ငါး ယောက် သည် ရာ တပ် ကို လည်း ကောင်း၊ တစ် ရာ သည် သောင်း တပ် ကို လည်း ကောင်း၊ လိုက် လံ ကြ၍ ရှေ့ တွင် ပင် ဓား ဘေး ဖြင့် ရန် သူ တို့ ကျ ဆုံး ကြ လိမ့် မည်။ Judson Bible သင်တို့တွင် လူငါးယောက်သည် ရန်သူတစ်ရာကို လိုက်လိမ့်မည်။ လူတစ်ရာသည် ရန်သူတစ်သောင်းကိုပြေးစေ၍ ဓားလက်နက်ဖြင့် အောင်ကြလိမ့်မည်။ |
ဒါဝိဒ်မင်းကြီး၌ရှိသော စာရင်းဝင်သူရဲကောင်းများမှာ ဤသူတို့ဖြစ်၏။ တပ်မှူးသုံးဆယ်ကိုဦးစီးရသော ဟခမောနိအမျိုး ယာရှောဗံသည် လှံကိုဝှေ့ယမ်းလိုက်သည်နှင့် တစ်ချိန်တည်းမှာပင် လူအယောက်သုံးရာကို သတ်ဖြတ်နိုင်ခဲ့သူဖြစ်၏။
ဇေရုယာ၏သား၊ ယွာဘ၏ညီ အဘိရှဲသည် ထိုသူရဲကောင်းသုံးဦးကို ဦးဆောင်ရ၏။ သူသည် လှံကိုဝှေ့ယမ်းပြီး လူအယောက်သုံးရာကို တိုက်ခိုက်သတ်ဖြတ်၏။ ထို့ကြောင့် သူသည် ထိုသူရဲကောင်းသုံးဦးကဲ့သို့ နာမည်ကျော်စော၏။
ဘုရင့်နယ်မြေအတွင်းရှိ ကျန်ဂျူးလူမျိုးတို့သည် ကိုယ့်ကိုယ်ကိုယ်ကာကွယ်ရန် စုရုံးကြ၍ သူတို့ကို မုန်းသောသူခုနစ်သောင်းငါးထောင်ကို သုတ်သင်ပစ်ပြီး ရန်သူ့လက်မှလွတ်မြောက်ခွင့်ရကြ၏။ သို့သော် ရန်သူတို့၏ဥစ္စာပစ္စည်းကို မသိမ်းယူကြပေ။
သင်တို့သည် ရန်သူတို့ကိုလိုက်၍ သူတို့သည် သင်တို့ရှေ့မှောက်၌ ဓားလက်နက်ဖြင့် ကျဆုံးကြရလိမ့်မည်။
ထိုနေ့ရက်တွင် ထာဝရဘုရားသည် ဂျေရုဆလင်မြို့သားတို့ကို ကာကွယ်မည်။ ထိုနေ့ရက်၌ သူတို့တွင် အားနည်းသောသူသည် ဒါဝိဒ်မင်းကြီးကဲ့သို့ဖြစ်မည်။ ဒါဝိဒ်အမျိုးအနွယ်သည် သူတို့အဖို့ ဘုရားသခင်ကဲ့သို့လည်းကောင်း၊ ထာဝရဘုရား၏ကောင်းကင်တမန်ကဲ့သို့လည်းကောင်း ဖြစ်လိမ့်မည်။
ထာဝရဘုရားကို မပုန်ကန်ကြပါနှင့်။ ထိုပြည်၌ရှိသောလူတို့ကိုလည်း မကြောက်ကြပါနှင့်။ အကြောင်းမူကား သူတို့သည် ငါတို့အစာဖြစ်၏။ သူတို့၌ အကာအကွယ်ပေးမည့်သူမရှိ။ ငါတို့၌ ထာဝရဘုရားရှိ၏။ ထိုသူတို့ကို မကြောက်ကြနှင့်”ဟု ဆို၏။
အစ္စရေးအမျိုးအနွယ်အားလုံးထဲမှ အမျိုးအနွယ်တစ်နွယ်လျှင် အယောက်တစ်ထောင်စီကို စစ်ပွဲသို့ စေလွှတ်ရမည်”ဟု မိန့်ကြားလေ၏။
ထာဝရဘုရားသည် သင့်ကိုပုန်ကန်ထကြွသောရန်သူတို့ကို သင့်ရှေ့မှောက်၌ ရှုံးနိမ့်စေတော်မူမည်။ သူတို့သည် သင့်ထံသို့ လမ်းတစ်လမ်းတည်းဖြင့် လာကြသော်လည်း သင့်ထံမှ လမ်းခုနစ်သွယ်ဖြင့် ထွက်ပြေးကြရလိမ့်မည်။
သူတို့၏ကျောက်ဆောင်သည် သူတို့ကိုရောင်းပစ်တော်မမူလျှင်၊ ထာဝရဘုရားသည် သူတို့ကိုစွန့်ပစ်တော်မမူလျှင် လူတစ်ယောက်သည် လူတစ်ထောင်ကို မည်သို့လိုက်နိုင်မည်နည်း။ လူနှစ်ယောက်သည် လူတစ်သောင်းကို မည်သို့ထွက်ပြေးစေနိုင်မည်နည်း။
သင်တို့ကို ကတိပြုတော်မူခဲ့သည့်အတိုင်း သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့အဖို့စစ်တိုက်တော်မူသည်ဖြစ်၍ သင်တို့တွင်တစ်ယောက်သည် အယောက်တစ်ထောင်ကိုလိုက်လိမ့်မည်။
ထိုအခါ သူသည် မြည်းမေးရိုးလတ်လတ်တစ်ချောင်းကိုတွေ့သဖြင့် ကောက်ယူကာ လူအယောက်တစ်ထောင်ကို သတ်ပြီးလျှင်