ဧသတာ 9:16 - မြန်မာ့စံမီသမ္မာကျမ်း
16 ဘုရင့်နယ်မြေအတွင်းရှိ ကျန်ဂျူးလူမျိုးတို့သည် ကိုယ့်ကိုယ်ကိုယ်ကာကွယ်ရန် စုရုံးကြ၍ သူတို့ကို မုန်းသောသူခုနစ်သောင်းငါးထောင်ကို သုတ်သင်ပစ်ပြီး ရန်သူ့လက်မှလွတ်မြောက်ခွင့်ရကြ၏။ သို့သော် ရန်သူတို့၏ဥစ္စာပစ္စည်းကို မသိမ်းယူကြပေ။
အခန်းကိုကြည့်ပါ။ ကော်ပီ
16 ပြည်နယ်များတွင်နေထိုင်သောယုဒအမျိုး သားတို့သည်လည်း မိမိတို့ကိုယ်ကိုအသက် ဘေးမှကာကွယ်ကြ၏။ သူတို့သည်မိမိတို့ အားမုန်းထားသူလူပေါင်းခုနစ်ထောင့်ငါး ရာကိုသတ်ဖြတ်ခြင်းအားဖြင့် ရန်သူများ ကိုသုတ်သင်ပယ်ရှင်းကြလေသည်။ သို့ရာ တွင်လုယက်မှုကိုမူမပြုကြ။-
အခန်းကိုကြည့်ပါ။ ကော်ပီ
16-17 နိုင် ငံ တော် ပြည် ထောင် တိုင်း ရှိ ယု ဒ လူ မျိုး တို့ လည်း၊ အာ ဒါ လ ဆယ့် သုံး ရက် တွင် ပင်၊ ကိုယ့် အ သက် အ ဖို့ စု ရုံး ခု ခံ လျက်၊ မျက် မုန်း ကျိုး သူ ခု နစ် သောင်း ငါး ထောင် တို့ ကို လုပ် ကြံ၍၊ ရန် ငြိမ်း ခွင့် ရ ကြ၏။ ဥ စ္စာ ကို ကား၊ မ သိမ်း မ ယူ ကြ။ ရန် ငြိမ်း သော ဆယ့် လေး ရက်၌ ငြိမ် ဝပ် စွာ နေ၍၊ ရွှင် လန်း သော စား သောက် ပွဲ ကို ကျင်း ပ ကြ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
16 နိုင်ငံတော်အတိုင်းတိုင်း အပြည်ပြည်၌ရှိသော ယုဒလူအခြားတို့သည် အာဒါလ တစ်ဆယ်သုံးရက်နေ့တွင်၊ မိမိတို့အသက်ကို စောင့်လျက်၊ ရန်သူလက်သို့မရောက်ဘဲ ချမ်းသာရမည်အကြောင်း၊ စုဝေး၍ ရန်သူ ခုနစ်သောင်းငါးထောင်တို့ကို သတ်ကြ၏။ သို့ရာတွင် သူတို့ဥစ္စာကို မသိမ်းမယူဘဲ နေကြ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ