ထိုသို့ ဆီးရီးယားလူမျိုးတို့ ထွက်ပြေးကြသည်ကို အမ္မုန်အမျိုးသားတို့မြင်သောအခါ သူတို့လည်း ယွာဘ၏ညီအဘိရှဲရှေ့မှ မြို့ထဲသို့ပြန်ပြေးဝင်ကြ၏။ ထို့နောက် ယွာဘသည် ဂျေရုဆလင်မြို့သို့ ပြန်လာ၏။
ဝတ်ပြု 26:7 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည် ရန်သူတို့ကိုလိုက်၍ သူတို့သည် သင်တို့ရှေ့မှောက်၌ ဓားလက်နက်ဖြင့် ကျဆုံးကြရလိမ့်မည်။ Common Language Bible သင်တို့သည်ရန်သူများကိုနှိမ်နင်းအောင်မြင် ရလိမ့်မည်။- Garrad Bible လိုက် လံ ခွင့် ရ လျက် ရှေ့ တွင် ပင် သင် တို့ ဓား ဖြင့် ရန် သူ တို့ ကျ ဆုံး ကြ လိမ့် မည်။ Judson Bible သင်တို့သည် ရန်သူများကိုလိုက်၍ ဓားလက်နက်ဖြင့် အောင်ကြလိမ့်မည်။ |
ထိုသို့ ဆီးရီးယားလူမျိုးတို့ ထွက်ပြေးကြသည်ကို အမ္မုန်အမျိုးသားတို့မြင်သောအခါ သူတို့လည်း ယွာဘ၏ညီအဘိရှဲရှေ့မှ မြို့ထဲသို့ပြန်ပြေးဝင်ကြ၏။ ထို့နောက် ယွာဘသည် ဂျေရုဆလင်မြို့သို့ ပြန်လာ၏။
ဘုရင့်နယ်မြေအတွင်းရှိ ကျန်ဂျူးလူမျိုးတို့သည် ကိုယ့်ကိုယ်ကိုယ်ကာကွယ်ရန် စုရုံးကြ၍ သူတို့ကို မုန်းသောသူခုနစ်သောင်းငါးထောင်ကို သုတ်သင်ပစ်ပြီး ရန်သူ့လက်မှလွတ်မြောက်ခွင့်ရကြ၏။ သို့သော် ရန်သူတို့၏ဥစ္စာပစ္စည်းကို မသိမ်းယူကြပေ။
ထာဝရဘုရားကို မုန်းသောသူတို့သည် ရှေ့တော်၌ ခယဝပ်တွားကြသော်လည်း သူတို့အပြစ်ဒဏ်ခံရသောကာလသည် အစဉ်ထာဝရဖြစ်လိမ့်မည်။
သင်တို့ထဲမှ အသက်ရှင်ကျန်ရစ်သောသူတို့သည် ရန်သူတို့၏ပြည်၌နေကြရစဉ် သူတို့၏စိတ်နှလုံးထဲသို့ ထိတ်လန့်ခြင်းကို ငါသွင်းမည်။ လေတိုက်၍လှုပ်သောသစ်ရွက်အသံသည် သူတို့ကိုထွက်ပြေးစေလိမ့်မည်။ သူတို့သည် လိုက်သောသူမရှိသော်လည်း ဓားဘေးမှထွက်ပြေးသောသူကဲ့သို့ ပြေးကြ၍ လဲကျကြလိမ့်မည်။
ငါသည် ထိုပြည်၌ ငြိမ်းချမ်းမှုရှိစေသဖြင့် သင်တို့အိပ်သောအခါ မည်သူမျှ သင်တို့ကို ကြောက်ရွံ့တုန်လှုပ်အောင် လုပ်လိမ့်မည်မဟုတ်။ ငါသည် ဘေးအန္တရာယ်ပေးတတ်သော တောရိုင်းတိရစ္ဆာန်တို့ကို ထိုပြည်ထဲမှ ဖယ်ရှားမည်။ သင်တို့ပြည်သည် ဓားဘေးနှင့် ကြုံတွေ့ရလိမ့်မည်မဟုတ်။
သင်တို့ထဲမှ ငါးယောက်သည် အယောက်တစ်ရာကိုလိုက်လိမ့်မည်။ အယောက်တစ်ရာသည် အယောက်တစ်သောင်းကိုလိုက်လိမ့်မည်။ သင်တို့၏ရန်သူတို့သည် သင်တို့၏ရှေ့မှောက်၌ ဓားလက်နက်ဖြင့် ကျဆုံးကြရလိမ့်မည်။
ထာဝရဘုရားသည် သင့်ကိုပုန်ကန်ထကြွသောရန်သူတို့ကို သင့်ရှေ့မှောက်၌ ရှုံးနိမ့်စေတော်မူမည်။ သူတို့သည် သင့်ထံသို့ လမ်းတစ်လမ်းတည်းဖြင့် လာကြသော်လည်း သင့်ထံမှ လမ်းခုနစ်သွယ်ဖြင့် ထွက်ပြေးကြရလိမ့်မည်။
သူတို့၏ကျောက်ဆောင်သည် သူတို့ကိုရောင်းပစ်တော်မမူလျှင်၊ ထာဝရဘုရားသည် သူတို့ကိုစွန့်ပစ်တော်မမူလျှင် လူတစ်ယောက်သည် လူတစ်ထောင်ကို မည်သို့လိုက်နိုင်မည်နည်း။ လူနှစ်ယောက်သည် လူတစ်သောင်းကို မည်သို့ထွက်ပြေးစေနိုင်မည်နည်း။
သင်တို့ကို ကတိပြုတော်မူခဲ့သည့်အတိုင်း သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့အဖို့စစ်တိုက်တော်မူသည်ဖြစ်၍ သင်တို့တွင်တစ်ယောက်သည် အယောက်တစ်ထောင်ကိုလိုက်လိမ့်မည်။
ထိုအခါ သူသည် မြည်းမေးရိုးလတ်လတ်တစ်ချောင်းကိုတွေ့သဖြင့် ကောက်ယူကာ လူအယောက်တစ်ထောင်ကို သတ်ပြီးလျှင်
ဗာရက်သည် ဟာရောရှက်ဟာဂေါအိမ်မြို့တိုင်အောင် သိသရ၏စစ်ရထား၊ စစ်သည်တို့နောက်သို့လိုက်၍ စစ်သည်တို့ကို တစ်ယောက်မကျန်ဓားဖြင့် သတ်ပစ်၏။
နဿလိနယ်၊ အာရှာနယ်နှင့် မနာရှေနယ်တစ်လျှောက်လုံးမှ အစ္စရေးအမျိုးသားတို့ စုစည်းကြပြီး မိဒျန်လူမျိုးတို့ကို လိုက်ကြ၏။
ယောနသန်သည် လေးဖက်ထောက်တက်သွား၍ သူ့လက်နက်ကိုင်လုလင်သည်လည်း သူ့နောက်မှ လိုက်တက်၏။ ယောနသန်သည် ရှေ့မှနေ၍ ဖိလိတ္တိလူမျိုးတို့ကိုလှဲချ၏။ သူ့လက်နက်ကိုင်လုလင်သည်လည်း နောက်မှနေ၍ ထိုသူတို့ကို သတ်ဖြတ်လေ၏။